မင်းတပ်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက မကြာခဏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀ ဦးရှိ

မင်းတပ်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက မကြာခဏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀ ဦးရှိ

ဇွန်လ ၁၄ ရက်၊ ၂၀၂၅။

ချင်းပြည်၊ မင်းတပ်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက ဇန်နဝါရီလမှ ဇွန်လ ၁၁ ရက်နေ့ အထိ (၅) လအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၈ ကြိမ် ပြုလုပ်ခဲ့ပြီး သေဆုံးသူ ၁၀ ဦး အထိရှိပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။

မင်းတပ်မြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ၁၈ ကြိမ်တိုက်ခိုက်ရာတွင် ကြဲချသည့် ဗုံးအရေအတွက် ၄၁ လုံး ရှိပြီး သေဆုံးသူ ၁၀ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၂၀ ဦး၊ ပုဂ္ဂလိကအဆောက်အဦ ၇၁ ခု၊ ဌာနဆိုင်ရာအဆောက်အဦ ၂၆ ခု၊ ဘာသာရေးအဆောက်အဦ ၁၁ ခု ရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်ကို သိရသည်။

အကြမ်းဖက်စစ်ကောင်စီက မင်းတပ်မြို့ကို မကြာခဏ ဗုံးကြဲတိုက်မှုကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာ နေကြရပြီး လက်ရှိအချိန်အထိ ဒေသခံအများစုသည် မိမိတို့နေရပ်သို့ ပြန်မလာနိုင်သေးကြောင်း သိရသည်။

မင်းတပ်မြို့ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် CDF – Mindat အပါအဝင် ချင်းညီနောင်တပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက အပြီးသိမ်းပိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်ကာ လက်ရှိတွင် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးသည်လည်း အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

 

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *