Kullanıcı yorumlarında övgüyle bahsedilen Casinomhub güvenilir bir seçenektir.

Kullanıcılar hızlı işlem için casinomhub adresini seçiyor.

Avrupa’daki online bahis pazarında futbolun payı 2024 itibarıyla %61’e ulaşmıştır; bettilt giriş bu oranı kullanıcı lehine çevirmektedir.

Bahis kullanıcılarının %67’si platform seçerken güvenlik belgelerine dikkat etmektedir; bu nedenle bettilt giriş tüm lisans bilgilerini açık şekilde paylaşır.

2024 yılı itibarıyla dünya genelinde toplam 6.8 milyar bahis kuponu oluşturulmuştur; bunların bir kısmı bettilt giriş kullanıcılarına aittir.

Kumarhane atmosferini hissetmek isteyenler pinco sayfasına giriyor.

Avrupa’daki bahis kullanıcılarının %61’i kombinasyon bahislerini tercih etmektedir; bu oran bettilt giriş kullanıcılarında %67’ye ulaşmıştır.

Kayıtlı oyuncular kolayca oturum açmak için bahsegel bağlantısını kullanıyor.

Her bütçeye uygun bahis alternatifleri sunan bahsegel tüm oyunculara hitap eder.

2024 yılında yapılan global bir araştırmaya göre, kullanıcıların %60’ı “sorumlu oyun” araçlarını kullandığını belirtmiştir; bahsegel giriş bu sistemleri aktif olarak sunar.

Her oyuncuya özel bettilt fırsatlar sunan kullanıcılarını ödüllendiriyor.

Adres sorunlarını aşmak için en güncel bağlantı olan bahsegel her zaman önem taşıyor.

Mobil oyuncular için optimize edilen arayüz sayesinde bahsegel giriş slot oyunları her cihazda sorunsuz çalışır.

အာဇာနည် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၉ နှစ် တိုင်ခဲ့ပြီ

အာဇာနည် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၉ နှစ် တိုင်ခဲ့ပြီ

“မင်းတို့ ငါ့ခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ်။ ငါရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့ရမှာ မဟုတ်ဘူး။ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါ ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးကွ”

– ဆလိုင်းတင်မောင်ဦး

“𝙔𝙤𝙪 𝙢𝙖𝙮 𝙗𝙚 𝙖𝙗𝙡𝙚 𝙩𝙤 𝙠𝙞𝙡𝙡 𝙢𝙮 𝙗𝙤𝙙𝙮 𝙗𝙪𝙩 𝙮𝙤𝙪 𝙬𝙞𝙡𝙡 𝙣𝙚𝙫𝙚𝙧 𝙗𝙚 𝙖𝙗𝙡𝙚 𝙩𝙤 𝙠𝙞𝙡𝙡 𝙢𝙮 𝙗𝙚𝙡𝙞𝙚𝙛. 𝙄 𝙬𝙞𝙡𝙡 𝙣𝙚𝙫𝙚𝙧 𝙠𝙣𝙚𝙚𝙡 𝙪𝙣𝙙𝙚𝙧 𝙩𝙝𝙚 𝙢𝙞𝙡𝙞𝙩𝙖𝙧𝙮’𝙨 𝙗𝙤𝙤𝙩!”

– Salai Tin Maung Oo (June 26, 1976)

ဇွန်လ ၂၆ ရက်၊ ၂၀၂၅။

ဆလိုင်းတင်မောင်ဦးကို အဖ ဦးလှဒင် နှင့် အမိ ဒေါ်နှင်းမြိုင်တို့က ၁၉၅၁ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့တွင် တောင်ငူမြို့‌တွင် မွေးဖွားခဲ့သည်။ ဆလိုင်းတင်မောင်ဦးသည် ငယ်စဉ်ကတည်းကပင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်တွင် အဒေါ်နှင့်အတူ နေထိုင်ကြီးပြင်လာခဲ့သူ ဖြစ်သည်။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းချိန်တွင် အသက် (၁၁) နှစ်အရွယ်ရှိပြီဖြစ်ပြီး ၁၉၆၇ ခုနှစ် အသက် (၁၆) နှစ်တွင် အခြေခံပညာ အထက်တန်းကျောင်းကို အောင်မြင်ခဲ့သည်။ ဆလိုင်းတင်မောင်ဦးသည် အားကစားဘက်တွင် ထူးချွန်သည်သာမက အနုပညာတွင်လည်း တယောကို ကောင်းစွာတီးတတ်သူတစ်ဦး ဖြစ်သည်။

ဆလိုင်းတင်မောင်ဦးသည် ၁၉၆၉ ခုနှစ် ကျွန်းဆွယ်အရေးအခင်း၊ ၁၉၇ဝ ရန်ကုန်တက္ကသိုလ် ရွှေရတုအရေးအခင်း၊ ၁၉၇၂ ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၄ ဇွန် အလုပ်သမားသပိတ်၊ ၁၉၇၄ ဦးသန့်အရေးအခင်း၊ ၁၉၇၅ ရွှေတိဂုံကျောင်းသားအရေးအခင်းနှင့် ၁၉၇၆ မှိုင်းရာပြည့်အရေးအခင်းတို့တွင် ပါဝင်လှုပ်ရှားခဲ့သူ၊ ဦးဆောင်ခဲ့သူ ဖြစ်သည်။

၁၉၇၆ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် သခင်ကိုယ်တော်မှိုင်း၏ အသက် ၁၀၀ ပြည့် မှိုင်းရာပြည့် အရေးအခင်း အတွက် ဦးဆောင်နေစဉ် (မှိုင်းရာပြည့်အရေးအခင်းမဖြစ်ခင် တစ်ရက်ခန့်အလိုတွင်) စစ်အစိုးရမှ ဆလိုင်းတင်မောင်ဦးအား စာရွက်စာတမ်းများဖြင့် ကမာရွတ် ပတ္တမြားခြံတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ကြိုးတိုက်အတွင်းထားရှိခဲ့သည်။

မှိုင်းရာပြည့် အရေးအခင်းတွင် ဖခင်ဖြစ်သူ ဦးမြဒင်၊ ညီဖြစ်သူ ဆလိုင်းလှဆွေတို့သည် ဆလိုင်းတင်မောင်ဦးနှင့်အတူ အဖမ်းခံခဲ့ရပြီး ညီမဖြစ်သူ နဝမတန်းကျောင်းသူ မိုင်ပိုပိုတင် (ခေါ်) မလှမြိုင်မှာလည်း ထပ်ပြီး အဖမ်းခံခဲ့ရသည်။ စစ်အာဏာရှင် နေဝင်းအစိုးရက ဆလိုင်းတင်မောင်ဦးကို သေဒဏ်ကြိုးမိန့်၊ ညီမ ဖြစ်သူ အထက်တန်းကျောင်းသူ မိုင်ပိုပိုဒင် (ခေါ်) မလှမြိုင်ကို ထောင်ဒဏ် ၉ နှစ်၊ ညီဖြစ်သူ ဆလိုင်းလှဆွေကို ထောင်ဒဏ် ၇ နှစ်၊ ဖခင်ဖြစ်သူ ဦးလှဒင်နှင့် မိခင်ဖြစ်သူ ဒေါ်နှင်းမြိုင်တို့ကို အားပေးအားမြှောက်မှု၊ သားသမီးများကို အိမ်တွင် လက်ခံထားမှုနှင့် ထောင်ဒဏ် ၅ နှစ်စီ အသီးသီး ချမှတ်ခဲ့သည်။ ဖမ်းဆီးခံခဲ့ရပြီး ၃ လ အကြာမှာ အမေနဲ့ ညီမ ဖြစ်သူကို သာယာဝတီထောင်၊ အဖေနှင့် ညီဖြစ်သူကို တောင်ငူထောင်သို့ ပို့ဆောင်ခဲ့သည်။

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို ဦးနေဝင်းစစ်အစိုးရက သေဒဏ်ချမှတ်ပြီးနောက် စစ်ခုံရုံးတွင် အယူခံဝင်လျှင် ပြစ်ဒဏ်လျှော့ပေးမည်ဟု ကမ်းလှမ်းသော်လည်း “မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်နိုင်ဘူး” လို့ တုံ့ပြန်ခဲ့ပါတယ်။ သူသည် စစ်အစိုးရကို ရဲရဲရင့်ရင့် ဆန့်ကျင်ခဲ့သည့် ကျောင်းသားခေါင်းဆောင် တစ်ဦး ဖြစ်သည်။ မဆလစစ်အစိုးရက သူ့ကို သေဒဏ်ပေးချိန်တွင် အသက် ၂၅ နှစ်သာ ရှိသေးကာ အသက်ငယ်ရွယ်သော်လည်း တိုင်းပြည်နှင့်လူမျိုးအတွက် သူ၏လှုပ်ရှားမှုများသည် လေးစားစရာ ဖြစ်သည်။

၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ နံနက် ၄ နာရီတွင် မိဘဆွေမျိုးညီအစ်ကိုမောင်နှမများအား အကြောင်းကြား အသိပေးခြင်းမရှိဘဲ အင်းစိန်ထောင်တွင် စစ်အစိုးရက ရက်စက်ယုတ်မာစွာ ကြိုးပေးသတ်ဖြတ်ခြင်းခံခဲ့ရသည်။ မြန်မာ့သမိုင်းတွင် ဤကဲ့သို့ ကျောင်းသားခေါင်းဆောင်တစ်ဦးအား တိတ်တဆိတ်စွာ ကြိုးစင်ပေး ကွပ်မျက်ခြင်းမှာ မကြုံစဖူး ဖြစ်ရပ်တစ်ခုဖြစ်ပြီး ပထမဦးဆုံး သေဒဏ်စီရင်ခြင်းခံခဲ့ရသည့် ကျောင်းသားဖြစ်သည်။

၁၉၇၆ခု ဇွန် ၂၆ ရက်နေ့မှာစစ်အစိုးရရဲ့ ကြိုးပေးသတ်ဖြတ် ခြင်းခံရတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသား ဆလိုင်းတင်မောင်ဦးသည် ခေတ်အဆက်ဆက် မြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားတိုက်ပွဲဝင် တက္ကသိုလ် ကျောင်းသားများအနက် ဦးနေဝင်းအုပ်ချုပ်ခဲ့သည့် စစ်အစိုးရက သေမိန့်ချ ကြိုးပေးခံရသည့် သမိုင်းဝင် အာဇာနည်ကျောင်းသားတဦး ဖြစ်ခဲ့သလို မြန်မာ့သမိုင်းတွင် ပထမဦးဆုံးနှင့် တဦးတည်းသော တက္ကသိုလ်ကျောင်းသား ဒီမိုကရေစီလှုပ်ရှားသူ ကြိုးပေးခြင်းခံရသူလည်း ဖြစ်သည်။

ဆလိုင်းတင်မောင်ဦးကို အင်းစိန်အကျဉ်းထောင် ကြိုးတိုက်တွင် ကြိုးပေးခဲ့သည်မှာ နှစ်ပေါင်း (၄၉) နှစ် တင်းတင်းပြည့်ခဲ့ပြီ ဖြစ်သည်။ သူ နောက်ဆုံးကြိုးစင်ပေါ်တွင် ပြောသွားသည့် ရဲရဲတောက် စကားမှာ “You can kill my body but you can never kill my beliefs and what I stand for. I will never kneel down to your military boots.” “မင်းတို့ ငါ့ခန္ဓာကိုယ်ကိုသာသတ်လို့ ရမယ်။ ဒါပေမဲ့ ငါ့ရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက် ကိုဘယ်တော့မှ သတ်လို့ရမှာမဟုတ်ဘူး။ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါ ဘယ်တော့မှ ဒူးထောက်မှာမဟုတ်ဘူး။” ဆိုသည့် စကားသည် ကမ္ဘာတည်သရွေ့ ရှိနေဦးမည်။

Leave a Reply

Your email address will not be published. Required fields are marked *