မီဇိုရမ်ပြည်နယ် သတင်းထောက်နှစ်ဦး Myanmar’s Civil War ခေါင်းစဉ်ဖြင့် Emmy Awards ရရှိ
ဇွန်လ ၂၉ ရက်၊ ၂၀၂၅။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ Palladium Times Square တွင် National Academy of Television Arts & Sciences (NATAS) မှ စီစဉ်ကျင်းပသည့် ၄၆ ကြိမ်မြောက် Emmy Awards ဆုပေးပွဲတွင် မြန်မာ့ပြည်တွင်းစစ် Myanmar’s Civil War ခေါင်းစဉ်ဖြင့် မီဇိုရမ်ပြည်နယ်မှ သတင်းထောက် နှစ်ဦးက ဆုရရှိခဲ့ကြကြောင်း သိရသည်။
မီဇိုရမ်ပြည်နယ် အခြေစိုက် All India Radio News Aizawl သတင်းဌာနမှ အယ်ဒီတာများဖြစ်ကြသည့် HC Vanlalruata နဲ့ Isaac Zoramsanga တို့သည် BBC ၏ မှတ်တမ်းရုပ်ရှင်တို ပရောဂျက်တစ်ခုအဖြစ်ပြုလုပ်သည့် “Myanmar’s Civil War” ဖြင့် ထူးထူးခြားခြား သတင်းအဆက်မပြတ်လွှမ်းခြုံမှု (Outstanding Continuing News Coverage – Short Form Category) ဖြင့် News & Documentary Emmy Awards ကို ရရှိခဲ့ခြင်း ဖြစ်သည်။
မီဇိုးဂျာနယ်လစ် နှစ်ဦးတို့သည် အစီရင်ခံရေးမက်ရှင်အတွက် ကွင်းဆင်း ထုတ်လုပ်သူများနေဖြင့် ချင်းပြည်နယ်အတွင်း ၁၀ ရက်ကြာ လုပ်ဆောင်ခဲ့ကြပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားသည့်နေရာများ(ပဋိပက္ခဇုန်များအပါအဝင်) အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ၏ ဝေးလံခေါင်သီကာ အန္တရာယ်ရှိသော ဒေသများသို့ သွားရောက်ခဲ့ကြောင်း သိရသည်။
Myanmar’s Civil War မှတ်တမ်းရုပ်ရှင်သည် ၆.၅ မိနစ် ကြာမြင့်ပြီး နယ်မြေအများအပြားတွင် တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်ဖွဲ့များကို အောင်မြင်စွာ တိုက်ထုတ်ခဲ့ပုံ၊ စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့များကို ပြန်လည်တိုက်ခိုက်ပုံ၊ လက်နက်ကိုင် ညှင်းပန်းနှိပ်စက်မှု၊ ပြန်ပေးဆွဲမှုနှင့် လူငယ်များကို သတ်ဖြတ်ခြင်းဆိုင်ရာ စိတ်အနှောက်အယှက်ဖြစ်စေသည့် မှတ်တမ်းများကို ထုတ်ဖော်ပြသနိုင်ခဲ့ကြောင်း သိရသည်။
သတင်း – James Roe
