ပထမအကြိမ် အခြေခံကွန်ပျုတာသင်တန်း သင်တန်းသူ/ သားများကို VEI-Zotung က ခေါ်ယူနေ
ဇူလိုင်လ ၁၇ ရက်၊ ၂၀၂၅။
ဇိုတုန်သက်မွေးပညာဌာန VEI-Zotung မှ ပထမအကြိမ် အခြေခံကွန်ပျုတာသင်တန်း တက်ရောက်မည့် သင်တန်းသူ/ သားများကို VEI-Zotung က ခေါ်ယူနေပြီဖြစ်ကြောင်း ဇူလိုင်လ ၁၅ ရက်နေ့တွင် Vocational Education Institute – Zotung က ထုတ်ပြန်ကြေညာထားသည်ကို သိရသည်။
VEI-Zotung သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ ပညာရေးသည် လူတိုင်းနှင့် မကင်းကွာစေရေးအတွက် စဥ်ဆက်မပြတ် ကာလတို/ ရှည် သင်တန်းများကို ဖွင့်လှစ်ပေးလျှက်ရှိပြီး ယခုသည်လည်း ကျောင်းနေအရွယ် ကလေး၊ လူငယ်၊ လူကြီးများအား မိမိတို့ နယ်ပယ်အလိုက် လေ့လာနိုင်ရန် Basic Computer ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့မှ စတင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း VEI-Zotung က ဆိုသည်။
Basic Computer သင်တန်းကို လျှောက်ထားနိုင်သောသူများမှာ လက်ရှိကျောင်းတက်နေဆဲ ကျောင်းသူ/ သားများ၊ G-12 ,G-11 ,G-10 အထက်တန်း တက်လက်စ၊ စာမေးပွဲမဖြေသေးသူများနှင့် ဖြေထားပြီသူများ (စနစ်သစ်)၊ စနစ်ဟောင်း ဆယ်တန်းမဖြေ/ဖြေပြီး၊ မအောင်သေး/ အောင်မြင်ပြီးသူများ၊ လုပ်ငန်းခွင်အတွက် လိုအပ်သူများနှင့် Computer ကို ကျွမ်းကျင်အောင် ဆက်လက်လေ့လာလိုများ လျှောက်ထားနိုင်သည်။
သင်ကြားပေးမည့်ပုံစံများမှာ On Ground စာတွေ့နှင့် လက်တွေ့ သင်ကြားခြင်း၊ Online ဖြင့် သင်ကြားခြင်း၊ မိမိဘာသာ စိတ်တိုင်းကျ လေ့လာခြင်း တို့ဖြစ်သည်။
သင်တန်းတက်ရောက်ရမည့် ကာလမှာ ၁ လခွဲ တက်ရောက်သင်ကြားရမည် ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် စတင်တက်ရောက်ရမည် ဖြစ်သည်။
သင်တန်းတက်ရောက်လိုသူများ အနေဖြင့် VEI-Zotung page messenger သို့လည်းကောင်း၊ [email protected] သို့လည်းကောင်း၊ Ph-09-894053477 သို့လည်းကောင်း တိုက်ရိုက် ဆက်သွယ်နိုင်ပြီး ဆက်သွယ်ရေး အဆင်မပြေပါက ရုံးသို့ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့ နောက်ဆုံးထား၍ ကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ကြောင်း VEI-Zotung က ထုတ်ပြန်ကြေငြာထားသည်။
သတင်း – James Roe
