၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် ပလက်ဝပညာရေး ရံပုံငွေကံစမ်းမဲအစီအစဉ်တွင် ပါဝင်ရန်ဖိတ်ခေါ်
ဇူလိုင်လ ၂၀ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ပလက်၀ကောင်စီ၊ ပလက်ဝပညာရေးဘုတ်အဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် အကျိုးပြုနိုင်ရန် ကံစမ်းမဲရောင်းချခြင်း အစီအစဉ် ပြုလုပ်နေလျှက်ရှိကြောင်း သိရသည်။
ကံစမ်းမဲအစီအစဉ်ကို ဇူလိုင်လ(၂၀)ရက် နေ့မှ စက်တင်ဘာလ(၃၀) ရက်နေ့အထိ ရောင်းချသွားမည်ဖြစ်ပြီး ကံစမ်းမဲ ၁ စောင်လျှင် မြန်မာငွေ ၅၀၀၀ ကျပ် (သို့မဟုတ်) ရူပီ 100 နှုန်းထားဖြင့် Target သိန်း ၃၀၀ ရရှိအောင် ကြိုးစားရောင်းချသွားမည်ဖြစ်ကြောင်းနှင့် ဆုမဲများအဖြစ် မြန်မာငွေ (၂၀) သိန်း ၁ ဆု၊ (၁) သိန်း ၅ ဆု၊ (၅) သောင်း ၁၀ ဆု အသီးသီးပါဝင်မည် ဖြစ်သည်။
ကံစမ်းမဲဖွင့်မည့် အစီအစဉ်ကို စက်တင်ဘာလ ၃၀ ရက်နေ့တွင် Paletwa Township Education Board Facebook Page မှ Live လွင့်ပြီး ကံထူးရှင်များကို ရွေးချယ်ပေးသွားမည် ဖြစ်သည်။
သို့ဖြစ်ပါ၍ ပြည်တွင်း/ပ မိဘပြည်သူများ အနေဖြင့် နောင်လာနောက်သားများအတွက် အမွေတကာ့ အမွေထဲတွင် ပညာအမွေက အမွန်အမြတ်ဆုံးဖြစ်သောကြောင့် ပလက်ဝပညာရေးအတွက် ကံစမ်းမဲများကို ဝယ်ယူအားပေးကြပါရန် Paletwa Township Education Board မှ အသိပေးကြော်ငြာထားသည်။
ကံစမ်းမဲများ၀ယ်ယူ အားပေးဆက်သွယ်ရန် Paletwa Township Education Board Facebook Page Messager (သို့မဟုတ်) အောက်ပါအရောင်းကိုယ်စားလှယ်များထံ ၀ယ်ယူအားပေးနိုင်ပါသည်။
Audrey Koe(India)
https://www.facebook.com/share/1FjRjxjqNd/
ဆရာတိတ်ခွေ(India)
https://www.facebook.com/share/1AQBexoAxL/
Michael Lin(Malaysia)
https://www.facebook.com/share/19THqEHpyN/
Aimin Aiman(Malaysia)
https://www.facebook.com/share/16b5NtCpdE/
Sami Kimo Khumi(Malaysia)
https://www.facebook.com/share/1BzscJYmLz/
Awi Than Than Htay(Thailand)
https://www.facebook.com/share/19dgKa5DP3/
Natha Lie(USA)
https://www.facebook.com/share/1AkG1JHgNf/
သတင်း – James Roe
