ပလက်ဝမြို့နယ်မှ လူငယ်တစ်ဦး ရွှေပြည်သာမြို့နယ်တွင် ပျောက်ဆုံးနေ
ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ ကုလက်ချောင်းထဲရှိ လောင်းချိန်ကျေးရွာဇာတိ ခူမီးချင်းလူငယ်တစ်ဦး ရွှေပြည်သာမြို့နယ်တွင် ပျောက်ဆုံးနေကြောင်း နီးစပ်သူများထံမှ သိရသည်။
ပလက်ဝမြို့နယ်၊ ကုလက်ချောင်းထဲရှိ လောင်းချိန်ကျေးရွာ ဦးခင်မောင်နှင့် ဒေါ်ကိုးတလင်းတို့၏သား အိုက်အောင်လင်းပုံး (Aik Aung Lin Pone)၊ အသက် ၃၁ နှစ်သည် မလေးရှားမှ ပြန်လာပြီး ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင်အနီးရှိ အဆောင်တစ်ခုတွင် နေထိုင်နေစဉ် ပြီးခဲ့သည့် ၃ လကျော် ၄ လခန့် ကတည်းက အဆက်အသွယ်မရရှိတော့ဘဲ ပျောက်ဆုံးသွားခဲ့ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။
အစပိုင်းတွင် အိုက်အောင်လင်းပုံးသည် မလေးရှားတွင် အလုပ်လုပ်ခဲ့ရာမှ မြန်မာနိုင်ငံကို ပြန်လာခဲ့ကာ ဟားခါးသို့ မှတ်ပုံတင်ပြုလုပ်ရန်လည်း သွားရောက်ခဲ့ပြီး ထို့နောက် ရန်ကုန်မြို့တွင် ပြန်လာကာ ရွှေပြည်သာမြို့ ထန်းခြောက်ပင်အနီးရှိ အဆောင်တွင် နေထိုင်နေရင်း ကားမောင်းသင်တန်းကိုလည်း တက်ရောက်နေပြီး မလေးရှားသို့ ပြန်လည်သွားရောက် အလုပ်လုပ်ရန်အတွက်စောင့်ဆိုးနေခဲ့ခြင်း ဖြစ်သည်။
ထို့သို့စောင့်ဆိုင်းနေစဉ် မိသားစုနှင့် အဆက်အသွယ် မရရှိတော့သည့်အတွက် သူ၏မိသားစုဝင်မှာ သူနေထိုင်သည့် အဆောင်သို့ လိုက်လာ၍ စုံစမ်းကြည့်သောအခါ သူသည် ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း သိရှိခဲ့ရသည်ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
ပျောက်ဆုံးနေသည်မှာ လက်ရှိအချိန်တွင် ၃ လကျော် ၄ လခန့် ရှိနေပြီ ဖြစ်ပြီး မည်သည့်အကြောင်းကြောင့် ပျောက်ဆုံးသွားသည်ကိုမူ မသိရကြောင်းနှင့် လိုက်လံ ရှာဖွေ စုံစမ်းနေသော်လည်း လက်ရှိအချိန်အထိ မည်သည့် အကြောင်းအချက် တစ်စုံတစ်ရာမျှ မသိရှိရပေ။
ထို့ကြောင့် အိုက်အောင်လင်းပုံး၏မိသားစု၊ ဆွေမျိုးများသည် စိုးရိမ်ပူပန်နေလျှက်ရှိပြီး သူ့အား တွေ့ရှိခဲ့ပါက သို့မဟုတ် သူ့အကြောင်း တစ်စုံတစ်ရာ ကြားမိပါက ဖုန်း 09778200878 သို့ ဆက်သွယ် အကြောင်းကြားပေးရန် သူ့မိသားစုမှ မေတ္တာရပ်ခံထားသည်။
သတင်း – James Roe
