မရာနယ်စစ်ရေးတင်းမာမှုတွင် AA မပါဝင်ကြောင်း MTC/MDF ငြင်း
ဇူလိုင်လ ၂၄ ရက်၊ ၂၀၂၅။
မရာနယ်တွင် ဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုတွင် AA တပ်ဖွဲ့ဝင်များ ပါဝင်မှုမရှိကြောင်း MTC/MDF အတွင်း ရေးမှူးအဖွဲ့ဝင်တစ်ဦးဖြစ်သူ R. Lakher က ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ ပြုလုပ်သည့် Chin Liberation Fund ၏ ချင်းပြည်မြောက်ပိုင်း နောက်ဆုံးလှိုင်း ရန်ပုံငွေရှာဖွေခြင်းအစီအစဉ် တွေ့ဆုံမေးမြန်းချက်ကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
MTC/MDF အတွင်း ရေးမှူးအဖွဲ့ဝင် R. Lakher က လတ်တလော ဒေသတွင်းမီဒီယာများတွင် MDFနှင့်မဟာမိတ် AA ပူးပေါင်းပြီး CDF-Mara ဌာနချုပ်သို့ ထိုးစစ်ဆင်နေကြောင်း CDF-Mara ကထုတ်ပြန်ချက်ကို ကိုးကားပြီး ဖော်ပြထားသည့် သတင်းများမှာ တစဖက်သတ်ဆန်သည့် သတင်းများသာဖြစ်ကြောင်း၊ သတင်းရင်းမြစ်အစုံကို မေးမြန်းသတင်းရယူပြီး ဖော်ပြသင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ယခုဖြစ်စဉ်မှာ မရာနယ်မြေတွင် လိုင်လင်းပီမြို့အပါအဝင် ၅၄ ရွာကို တိုက်နယ် ၆ ခုဖြင့် ဖွဲ့စည်းထားပြီး က တိုက်နယ် ၅ ခုကို ထိန်းချုပ်ထားကာ ကျန်တိုက်နယ်တစ်ခုကို လောလောဆယ် CDF-Mara က ထိန်းချုပ်ထား ခြင်းဖြစ်ကြောင်း၊ ထန်တလန်မြို့နယ်တွင် MTC/MDF ထောက်ခံသော မရာရွာများသို့ ကွင်းဆင်းရန်သွားရောက်ခဲ့ ခြင်းဖြစ်ကြောင်း၊ ထိုသို့သွားရောက်ရာတွင်လည်း အေအေတပ်ဖွဲ့ဝင်များ ပါဝင်ခြင်းမရှိကြောင်း သူကဆက်လက် ပြောကြားခဲ့သည်။
နောက်ဆုံးရရှိထားသည့် သတင်းများအရ CNF/CNAနှင့် CC တပ်ဖွဲ့ဝင်အချို့ အင်အားအလုံးအရင်းဖြင့် မရာနယ် ဘက်သို့ ထိုးစစ်ဆင်နေကြောင်း၊ မရာအချင်းချင်းဖြစ်နေသည့် ပြဿနာတွင် CNA အနေဖြင့် မပါဝင်ရန် သတိပေး ချင်ကြောင်း၊ အကယ်၍ CNA ပါဝင်လာမည်ဆိုပါက သူတို့အနေဖြင့် မဟာမိတ် AA အပါအဝင် ကျန်သည့်မဟာ မိတ်များကိုလည်း ခေါ်ယူသင့်ပါက ခေါ်ယူသွားမည်ဖြစ်ကြောင်း တွေ့ဆုံးမေးမြန်းခြင်းအစီအစဉ်တွင် သတိပေး ပြောကြားခဲ့သည်။
သတင်း – James Roe
