မင်္ဂလာပါ… ခူမီးမီဒီယာကနေ ပြန်လည်ကြိုဆိုပါတယ်။
အခုချိန်မှာတော့ ခူမီးမီဒီယာကနေ တစ်ပတ်အတွင်း တင် ဆက်ခဲ့တဲ့ သတင်းတွေထဲက ကောင်းနိုးရာရာ သတင်းတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ယခုအစီအစဉ်မှာ ကြည့်ရှုနားဆင်ရမယ့် သတင်းတွေကတော့-
၁. CDF-Mindat က ဖမ်းဆီးခဲ့သည့် CNF ဗဟိုစည်းရုံးရေးမှူး ပြန်လည် လွတ်မြောက်လာ
၂. CDF-Kanpetlet ကျူးကျော်ဝင်ရောက်မှုအပေါ် ပဋိပက္ခတစ်စုံတစ်ရာ ဖြစ်လာပါက ဒိုင်ရ်မျိုးနွယ်ထုံးစံအရ သားစဉ်မြေးဆက် ၉ ဆက်တိုင် တာဝန်ယူဖြေရှင်းရမည်
၃. မီဇိုရမ်ပြည်နယ်အတွင်းရှိ မတူပီနှင့် ပလက်ဝ စစ်ရှောင်စခန်း ပြည်သူ့ကျောင်းမှ ဆရာ၊ ဆရာမများကို YFM က နည်းပြဆရာဖြစ်သင်တန်း ကူညီပံ့ပိုးပေး
၄. မီဇိုရမ်ပြည်နယ်၊ Dapchhuah ဒတ်ဆွာကျေးရွာ စစ်ရှောင်စခန်းတွင် မိုးသန်းထန်စွာရွာသွန်းမှုကြောင့် စစ်ရှောင်ပြည်သူများ အရေးပေါ် အကူအညီလိုအပ်နေ
၅. MDF နှင့် AA တပ်ဖွဲ့တို့က ကျေးရွာကောင်စီဥက္ကဌနှင့် အဖွဲ့ဝင်တစ်ဦးတို့အား ဖမ်းဆီးချုပ်နှောင်ထားသည်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် IMC ထုတ်ပြန်
၆. ပလက်ဝမြို့နယ်၊ ကိုဖေရှေကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ
၇. ပလက်ဝမြို့နယ်မှ လူငယ်တစ်ဦး ရွှေပြည်သာမြို့နယ်တွင် ပျောက်ဆုံးနေ
၈. စစ်ဘေးရှောင်များ လိုက်နာရမည့် စည်းကမ်းချက်အသစ်များကို Champhai Sub-Headquarter YMA က ထုတ်ပြန်
၉. မရာနယ်စစ်ရေးတင်းမာမှုတွင် AA မပါဝင်ကြောင်း MTC/MDF ငြင်း
၁၀. ထပ်မံဖွဲ့စည်းထားသည့် မည်သည့် အဖွဲ့အစည်း၊ ကောင်စီ မဆို MRO/CDF-Matupi နှင့် မတူပီပြည်သူလူထုကို လုံးဝ (လုံးဝ) ကိုယ်စားမပြုကြောင်း MRO/CDF-Matupi ပြော
၁၁. မလေးရှားရောက် ချင်းဒုက္ခသည်များအရေးနှင့်ပတ်သက်၍ ICC Pre-Consultation Meeting ပြုလုပ် ၁၂. ဒေသ ၂ ဒိုင်ရ်ဒေသမှ အမျိုးသား တစ်ဦး ပီချောင်းဆုံအနီးတွင် ပျောက်ဆုံးနေ
စတဲ့ သတင်းတွေကြည့်ရှုနားဆင်ရမှာဖြစ်ပါတယ်
