Kullanıcı yorumlarında övgüyle bahsedilen Casinomhub güvenilir bir seçenektir.

Kullanıcılar hızlı işlem için casinomhub adresini seçiyor.

Avrupa’daki online bahis pazarında futbolun payı 2024 itibarıyla %61’e ulaşmıştır; bettilt giriş bu oranı kullanıcı lehine çevirmektedir.

Bahis kullanıcılarının %67’si platform seçerken güvenlik belgelerine dikkat etmektedir; bu nedenle bettilt giriş tüm lisans bilgilerini açık şekilde paylaşır.

2024 yılı itibarıyla dünya genelinde toplam 6.8 milyar bahis kuponu oluşturulmuştur; bunların bir kısmı bettilt giriş kullanıcılarına aittir.

Kumarhane atmosferini hissetmek isteyenler pinco sayfasına giriyor.

Avrupa’daki bahis kullanıcılarının %61’i kombinasyon bahislerini tercih etmektedir; bu oran bettilt giriş kullanıcılarında %67’ye ulaşmıştır.

Kayıtlı oyuncular kolayca oturum açmak için bahsegel bağlantısını kullanıyor.

Her bütçeye uygun bahis alternatifleri sunan bahsegel tüm oyunculara hitap eder.

2024 yılında yapılan global bir araştırmaya göre, kullanıcıların %60’ı “sorumlu oyun” araçlarını kullandığını belirtmiştir; bahsegel giriş bu sistemleri aktif olarak sunar.

Her oyuncuya özel bettilt fırsatlar sunan kullanıcılarını ödüllendiriyor.

Adres sorunlarını aşmak için en güncel bağlantı olan bahsegel her zaman önem taşıyor.

Mobil oyuncular için optimize edilen arayüz sayesinde bahsegel giriş slot oyunları her cihazda sorunsuz çalışır.

78Days သူပုန်အကျဉ်းသား အပိုင်း (၂၂)

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၇၊ ၁၈ ရက်။

ဒီနှစ်ရက်တာလုံးက  ဘာဖြစ်လဲ၊ ဘာဖြစ်လာမလဲ၊ အဆင်မှပြေပါ့မလား ဆိုတဲ့စိတ်နဲ့ စိတ်လှုပ်ရှားနေခဲ့ပါတယ်။

ဘဝတစ်လျှောက်မှာ ထင်မှတ်မထားတဲ့ ကံဆိုးမိုးမျောင်ကျမှုကြီးထဲက ပြန်လည်လွတ်မြောက်ဖို့ လက်တစ်ကမ်း အလိုမှာ ရောက်နေတယ်ဆိုတဲ့ ခံစားချက်က စကားလုံးတွေနဲ့ ဖော်ပြရခက်တဲ့ ခံစားမှုမျိုးပါ။ ပျော်နေတာလား၊ ဒေါသထွက်နေတာလား၊ ခံပြင်းနေတာလား၊ ဝမ်းနည်းနေတာလား ဝေခွဲမရ။ သို့ပေမဲ့ အဲဒီခံစားချက်အားလုံးကို တစ်ပြိုင်တည်းခံစားရသလိုလည်း ဖြစ်ရဲ့။

၁၈ ရက်နေ့ နေ့လည်ပိုင်းရောက်တော့ ပူးအောင်ကြီးနဲ့ ဖုန်းစကားပြောရင်း တိကျတဲ့အဖြေ ရခဲ့ပါတယ်။

“ဝှေ့တင်းရေ… မင်းကိုလာခေါ်မယ့်အဖွဲ့မှာ ငါပါနိုင်မှာ မဟုတ်ဘူး၊ စိတ်မကောင်း မဖြစ်နဲ့ဦး၊ ငါ အခုတလော သွေးတိုးနေလို့ နေထိုင်မကောင်းဘူး…”

“ဟုတ်ကဲ့ပါ…”

“အခုကျွန်တော်နေတဲ့ နေရာကလည်း တောထဲတောင်ထဲဖြစ်နေတော့ တောင်တက်တောင်ဆင်းလမ်းမို့ ပူးအတွက်လည်း အဆင်ပြေမှာ မဟုတ်ဘူး…”

“ဟုတ်တယ်၊ အခြားလူကြီးတွေက သူ့အကြောင်းနဲ့သူ လာဖို့အဆင်မပြေကြဘူး၊ မင်းအဘိုးကံပ‌ ဦးဆောင်ပြီး လေးယောက်လောက်လာလိမ့်မယ်၊ ပြောထားပြီးပြီ…”

ဟုတ်မှာပါ။ သူတို့အနေနဲ့ အစိုးရကို ဆန့်ကျင်ပုန်ကန်တဲ့ သူပုန်နယ်မြေထဲလာဖို့ ဆိုတဲ့အရာက ပြောသလောက် မလွယ်ပါဘူး။ အစိုးတပ်တွေရဲ့ သဘောထားအမြင်ကလည်း ရှိသေးတယ်မဟုတ်လား။ မတော်လို့ သူပုန်နဲ့ဆက်သွယ်တယ်ဆိုပြီး တရားစွဲ ဖမ်းဆီးတာတွေလုပ်ရင် ကိုယ့်ဘက်က ဘာမှတတ်နိုင်မည် မဟုတ်။

ပူးအောင်ကြီးက သူတို့ ၁၉ ရက်နေ့ လာမဲ့အကြောင်း၊ အစစ အဆင်ပြေအောင် ပြောဆိုခဲ့ဖို့ မှာလိုက်တဲ့အကြောင်း တဖွဖွ မှာနေရှာပါတယ်။ ကျွန်တော်လည်း မီးဝရွာဆိပ်ကမ်းမှာ အေအေတပ်ဖွဲ့က စောင့်ကြိုနေပေးမဲ့အကြောင်း ပြောလိုက်ပါတယ်။

နောက်ဆုံးအနေနဲ့ လာမယ့်ရက် ၁၉ ရက်နေ့ဆိုတာကိုတော့ သေသေချာချာ အထပ်ထပ်အခါခါ အတည်ပြုခဲ့ပါတယ်။ ဆင်ပြောင်ကြီး အမြီးကျမှတစ်ဆိုတဲ့ အဖြစ်မျိုး မလိုချင်ပါဘူး။

ဒီနေ့က အေအေလက်ထဲရောက်နေတာ ၇၇ ရက်ရှိပါပြီ။ ဒီကာလတွေကို ကျွန်တော်ဘယ်လိုများ ဖြတ်သန်းခဲ့ပါလိမ့်။ ခက်ခဲပင်ပန်းမှုတွေနဲ့ ပြည့်နက်နေတဲ့ နောက်ကြောင်းတွေကို ကျွန်တော်ပြန်မစဉ်းစားချင်၊ ပြန်မတွေးချင်။ ပြန်တွေးလိုက်တိုင်းလဲ နှစ်ခါပင်ပန်းသလို ခံစားရတာမျိုးဆိုတော့ တစ်ခါပင်ပန်းရုံနဲ့ လုံလောက်တဲ့ အတွေ့အကြုံမျိုးကို နှစ်ခါမခံစားချင်တဲ့ သဘောပါ။

ဒီနေ့အဖို့တော့ ၁၉ ရက်ဆိုတဲ့ မနက်ဖြန်ကို မျှော်တလင့်လင့်နဲ့ စိတ်စောစွာပဲ စောင့်စားနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက နှစ်သစ်ကူးညကို ရင်တထိတ်ထိတ်နဲ့ တစ်ယောက်တည်း စောင့်ခဲ့ရတဲ့အဖြစ်ကို သတိမရချင်ပါဘဲ သတိရမိပါသေးတယ်။

***

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၉ ရက်။

ဒီနေ့တော့ ကျွန်တော်အစောကြီး နိုးနေပါတယ်။ ပလက်ဝကလူကြီးတွေ လာမယ့်ကိစ္စကို တွေးနေမိပါတယ်။ လာမှလာနိုင်ကြပါ့မလား၊ လမ်းမှာအခက်အခဲတွေများ ရှိလေအုံးမလား… စသည်ဖြင့်ပေါ့။

ဒီလိုနဲ့ ညနေစောင်း လေးနာရီလောက်မှာ ပလက်ဝက လူကြီးတွေရောက်လာကြပြီ ဆိုတဲ့သတင်း ကြားရပါတယ်။ အဲဒီတော့မှ သက်ပြင်းချနိုင်ပါတော့တယ်။

ဘယ်သူတွေ ပါလာသလဲဆိုတာကိုတော့ အတိအကျမသိရသေးပါ။ အဲ့ဒီနေ့ညက ပလက်ဝကလူကြီးတွေနဲ့ အတူနေရမယ်လို့လည်း ကြိုတင်မသိ။ တာဝန်ရှိသူတွေက ဒီည ပလက်ဝကလူကြီးတွေနေတဲ့ အဆောင်ကိုပြောင်းရမယ်ပြောတော့ အံ့ဩရပါသေးတယ်။ သံခြေချင်းဖြုတ်ပေးပြီး တပ်ကြပ်ကြီးသိပ္ပံနဲ့ ရဲဘော်တွေက အဝတ်အစားအိတ်ကို ထမ်းကူလိုက်ပို့ကြသည်။

ကျွန်တော် တကယ်လွတ်မြောက်ခဲ့ပါပြီ။ ဒါမှမဟုတ် တကယ်လွတ်မြောက်ဖို့ သေချာနေပါပြီ။ အေအေဘက်က ကျွန်တော့်ကို ပြန်လွှတ်ပေးဖို့ သေချာနေလို့လဲ လာကြိုမဲ့ လူကြီးတွေနဲ့အတူနေဖို့ ခွင့်ပြုပေးလိုက်တာပဲ မဟုတ်လား။

အတူနေတဲ့ ဦးတောင်ပန်းနဲ့ အကျဉ်းကျရဲဘော်တွေကို အချိန်ရရင် လာလည်အုံးမယ်လို့ နှုတ်ဆက်ခဲ့ပါတယ်။ ဒီထက်လည်း ပိုမပြောချင်။ ပြီးတော့ ကိုတောင်ပန်းရဲ့ ညိုးလျလျမျက်နှာကိုလည်း ကြာကြာမကြည့်ချင်။ တစ်ယောက်တည်းကျန်နေခဲ့ရတဲ့ ခံစားချက်ကို ကျွန်တော်ကိုယ်တိုင် ခံစားခဲ့ရပြီးဖြစ်လို့ အခုနေအခါ သူဘယ်လိုခံစား နေရမလဲဆိုတာကို မပြောလဲသိနေခဲ့ပါတယ်။

ဗိုလ်မှူးခိုင်ယက္ခ အဆောင်အောက်နား နည်းနည်းဆင်းတော့ အသစ်ဆောက်ထားတဲ့ ဝါးတဲဆီရောက်ပါတယ်။ ကျွန်တော့်ကို လာခေါ်တဲ့ ပလက်ဝကလူကြီးတွေ တည်းခိုတဲ့အဆောင်ပါ။ အဲဒီမှာ အဘိုးကံပ၊ ဦးလေးဘဖေ၊ ဘကြီးပန်ထိုက်နဲ့ ဦးလေးကိုးဆိုက်တို့ကို ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ရပါတယ်။

ဘကြီးပန်ထိုက်က သူတို့မီးဝရွာအထိ ကိုယ်ပိုင်စက်လှေနဲ့ လာခဲ့ရကြောင်း၊ မီးဝရွာအရောက် ကျွန်တော့်ဆီလာတဲ့အကြောင်းကို ပေါ်ပေါ်တင်တင်မပြောရဲတာနဲ့ ဘယ်စက်လှေနဲ့ သွားရမှာကိုမသိလို့ ကြန့်ကြာခဲ့ရကြောင်း၊ အောင်သာယာရွာ ဆိပ်ကမ်းအရောက်မှာ အေအေရဲဘော်ဆယ်ယောက်လောက်က စောင့်ကြိုနေပေးပြီး အထုတ်အပိုးတွေ ဝိုင်းကူထမ်းပေးခဲ့ကြောင်း စုံနေအောင် ပြောနေပါတယ်။

ပြီးတော့ တောင်ပေါ်လေတိုက်တဲ့အတွက် ညနေပိုင်းတအားအေးတယ်လို့လည်း ပြောပါသေးတယ်။ ကျွန်တော် ဒီမှာရှိနေတဲ့ကာလတွေမှာ ဘယ်လိုနေလဲ၊ ကျန်းမာရေးအခြေအနေရော၊ အစားအသောက် အဆင်ပြေရဲ့လား၊ အေအေတွေဘက်က ရိုက်နှက်စစ်ဆေးတာတွေရှိသေးလား တစ်ချက်မှမမေး။ မိသားစုကျန်းမာရေး အခြေအနေကိုလည်း တစ်ခွန်းမျှမဟ။

ကျွန်တော်သိပါတယ်။ ဘကြီးက ကျွန်တော့်ကို လွတ်လပ်ပေါ့ပါးနေစေချင်လို့၊ ထိခိုက်နာကျင်ခဲ့ရတဲ့ အတိတ်အကြောင်းအရာတွေကို ပြန်ပြောရင်း ဝေဒနာတွေအသစ် ပြန်ခံစားနေရမှာစိုးလို့ အရေးမကြီးတဲ့ အကြောင်းအရာ တွေကို ကရားရေလွှတ်ပြောနေတယ် ဆိုတာ။

ကျွန်တော်လည်း ဘာမှမဖြစ်ခဲ့သလိုမျိုး၊ ရက်ကြာခရီးတစ်ခုက ပြန်လာသူလိုမျိုး ထွေရာလေးပါးပဲ ပြောနေခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်အသိချင်ဆုံးက မိသားစုကျန်းမာရေးပါ။ ကလေးတွေ ကျန်းကျန်းမာမာရှိရဲ့လား။ ပြီးတော့ အိမ်သူ။ နောက် အမေနဲ့ညီမလေး။ သူတို့တွေက ကျွန်တော့်ဘဝရဲ့ အရေးပါတဲ့ သူတွေမဟုတ်လား။ ဒါပေမဲ့ ကျွန်တော် မမေးဖြစ်ပါ။ သိပ်မကြာခင် သူတို့နဲ့ပြန်တွေ့ဖို့ ကျိန်းသေနေပြီပဲ မဟုတ်လား။

အဖိုးကံပက သူတို့ ကျွန်တော်ရှိတဲ့ တောတွင်းတစ်နေရာကို ကောင်းမွန်စွာရောက်နေပြီ ဖြစ်တဲ့အကြောင်း၊ စိတ်ပူစရာမရှိတဲ့အကြောင်း၊ ဆွေမျိုးတွေဆီရောက်သလိုပဲ ခံစားရကြောင်း ပလက်ဝအိမ်ဆီ ဟာသနှောပြီး ဖုန်းဆက်ပြောနေပါတယ်။

ဘကြီးပန်ထိုက်ကလည်း မီးဝရွာဆိပ်ကမ်းစက်လှေမှာ စောင့်နေတဲ့သားအကြီးဆီ အကျိုးအကြောင်းပြော ဖုန်းဆက်ပါတယ်။ အဲဒီမှာ အစ်ကိုကြီးထွန်းလှိုင်နဲ့ ကိုကိုးယိုက်တို့ စောင့်ကျန်နေခဲ့တာပါ။ ကိုကိုးယိုက်ဆိုတာ ကျီးလေရွာက ကျွန်တော့်ငယ်သူငယ်ချင်း တစ်ယောက်ပါ။

ညနေ ငါးနာရီလောက်မှာ အေအေကသိမ်းထားတဲ့ ကျွန်တော့်လက်ပ်တော့ရယ် စာရွက်စာတမ်းတွေ ထည့်ထားတဲ့ အိတ်နဲ့ဖုန်းကို ရဲဘော်တစ်ယောက်က ပြန်လာပေးပါတယ်။

လက်ထဲ ဖုန်းရောက်ရောက်ချင်း ပါဝါဖွင့်ပြီး အိမ်ကအမျိုးသမီးဆီ ဖုန်းဆက်ပါတယ်။

ပလက်ဝက လူကြီးတွေဖြစ်တဲ့ ဘကြီးတို့အဖွဲ့ရောက်နေပြီလို့ ပြောရင်း…

“ငါလည်းအခု အဆောင်ပြောင်းပြီး လူကြီးတွေနဲ့အတူ လွတ်လွတ်လပ်လပ် အိပ်လို့ရပြီ…”

“မနက်ဖြန်ပြန်လို့ ရနိုင်ပြီလား…” ဇနီးသည်က တစ်ခွန်းတည်း မေးပါတယ်။

“ပြောလို့ မရသေးဘူး၊ မနက်ဖြန် အစည်းအဝေးလုပ်ပြီးမှ ပြန်လို့ရ/မရ သိရမယ်…”

ကလေးတွေ ဘယ်လိုနေလဲ၊ အမေတို့ရော ဘယ်လိုနေလဲမေးရင်း စကားတွေ အတိုးချပြီး တဝကြီးပြောဖြစ်ပါ တယ်။ ကျွန်တော်ပြောတဲ့ စကားထဲမှာ သူ့ကိုသတိရတဲ့အကြောင်း တစ်ခွန်းမှမပါ။ ဒါပေမဲ့ ပြောတဲ့စကားလုံးတိုင်းဟာ သူ့အပေါ်သတိရ လွမ်းဆွတ်တဲ့အကြောင်း ပါနေတယ်ဆိုတာ သူသိပါတယ်။ ဒါက လင်မယားနှစ်ဦးကြားက ဆဌမအာရုံနဲ့ အလိုလိုသိနေတဲ့ ခိုင်ကြည်ပြီး ချစ်စရာကောင်းတဲ့ ဆက်နွယ်မှုတစ်မျိုးပါ။

ပလက်ဝလူကြီးတွေ တည်းတဲ့အဆောင်က ဗိုလ်မှူးကြီးခိုင်ယက္ခ မိသားစုအတွက်ရည်ရွယ်ပြီး မကြာခင်ကမှ သီးသန့်ဆောက်လုပ်ထားတဲ့ ဝါးအိမ်သစ်လေးဖြစ်ပါတယ်။ အခန်းနှစ်ခန်းပါတယ်။ တစ်ခန်းမှာနှစ်ယောက် အိပ်လို့ရပါတယ်။ အိမ်သာကိုလည်း သပ်သပ်ရပ်ရပ် ဆောက်ထားတယ်။ ကျွန်တော့်အဖြစ်က အခုမှပဲ အရှက်လုံလုံနဲ့ အိမ်သာတက်ခွင့်ရတော့မဲ့ အဖြစ်ပါ။

ဒီနေ့ညတော့ ပလက်ဝဧည့်သည်တွေအတွက် ULA/AA လူကြီးတွေတည်ခင်းတဲ့ ညစာစားပွဲ ရှိပါတယ်။ ညနေစာ မသုံးဆောင်ခင် ဗိုလ်မှူးကြီးခိုင်ယက္ခက အရက်(Black Level)တစ်လုံး တည်ခင်းဧည့်ခံပါတယ်။ မြည်းစရာ အမြည်းတွေလည်း အတော်လေးစုံပါတယ်။

ကျွန်တော် တစ်ခွက်ငှဲ့လိုက် ပါတယ်။ ဒီညအဖို့ စိတ်လက်ပေါ့ပါးစွာနဲ့ အတော်အတင့် သောက်လိုက်မယ်လို့လည်း ဆုံးဖြတ်ထားပါတယ်။ ဘကြီးပန်ထိုက်လည်း တစ်ခွက်ငှဲ့တာတွေ့ရတယ်။ အဖိုးကံပကတော့ အေးတယ်ဆိုတဲ့ အကြောင်းပြချက်ရယ်၊ လမ်းခရီးကြောင့် ပင်ပန်းလို့အိပ်ကောင်းအောင်ဆိုတဲ့ အကြောင်းပြချက်ရယ်ပေါင်းပြီး သုံးခွက်လောက်ငှဲ့တာ တွေ့ရပါတယ်။

အန်ကယ်ဘဖေနဲ့ ဦးလေးကိုးဆိုက်တို့က မသောက်။ စကားပြောရင်း အရှိန်ရလာတော့ ကျွန်တော်တို့ ဝိုင်းလေးက စည်လာပါတယ်။ ဗိုလ်မှူးခိုင်ယက္ခကလည်း စကားကိုတော်တော်လေး ပွင့်ပွင့်လင်းလင်း ပြောပါတယ်။

ကိုယ်စားလှယ်ဦးဝှေ့တင်းကို ဖမ်းရတာက ဒေသခံအမာခံတွေရဲ့ သဘောထားနဲ့ အများကြီးသက်ဆိုင်တယ်ဆိုတာတွေ၊ သူတို့အနေနဲ့ ပလက်ဝနယ်ကို ရခိုင်နယ်မြေအဖြစ်သွပ်သွင်းဖို့ ဘယ်တော့မှ လုပ်မှာမဟုတ်ဘူးဆိုတာတွေ၊ ဒေသတွင်း အချို့လိုအပ်ချက်တွေရှိခဲ့ရင် သူတို့အနေနဲ့ ကူညီပေးဖို့ အဆင်သင့်ရှိတယ်ဆိုတာတွေ အများကြီးပါပဲ။

ကျွန်တော်ကတော့ နားထောင်သူသက်သက်ပါ။ ဘကြီးပန်ထိုက်ထက် အဖိုးကံပက ဟာသနှောပြီး ဝင်ဝင်ပြောတော့ အားလုံးက လွတ်လပ်ပေါ့ပါးစွာပဲ ရယ်မောကြပါတယ်။ တကယ်တမ်းလည်း ပလက်ဝဒေသ လိုအပ်ချက်အတွက် အေအေဘက်က အချို့ကိစ္စတွေ၊ ဥပမာ သွားလာခွင့်တို့၊ ကုန်စည်တွေသယ်ယူပို့ဆောင်ခွင့်တို့ ဆိုတာတွေကို အများကြီး ကူညီပေးနိုင်တယ်ဆိုတာ ကျွန်တော်လက်ခံပါတယ်။

ဒီမှာလည်း ဒေသအခြေအနေကို ပြောရရင် အစိုးရတပ်ရဲ့သဘောထားနဲ့ အေအေအောက်ခြေ ရဲဘော်တွေရဲ့ သဘောထားက တော်တော်လေး အရေးပါနေပါတယ်။ တစ်ဖွဲ့က လမ်းဖွင့်ပေးတယ်ပြောပြီး လမ်းခုလတ်မှာ နောက်တစ်ဖွဲ့က လမ်းပိတ်ထားတာ မသိဘူးလား ဆိုတာတွေ အလုပ်ခံရတာများတော့ ဒေသခံတွေကဖြင့် ဘယ်သူ့ကိုမှ မယုံကြည်တော့တာပါ။

ဒါပေမဲ့ ကျွန်တော်ဘာမှ ဝင်မပြောပါဘူး။ တစ်ဘက်သားကို အားနာလို့ ဝင်မပြောဘူးဆိုတာထက် မပြောချင်လို့ကို မပြောတာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီလိုနေရာမျိုးမှာ ဒီလူတွေနဲ့ပြောလည်း ထွေထွေထူးထူး ပြောင်းလဲသွားတာမျိုး ရှိမှာမဟုတ်ဘူးဆိုတဲ့ အတွေးနဲ့ကို မပြောချင်တာပါ။

အရက်ကုန်တော့မှ ထမင်းလက်ဆုံ စားကြပါတယ်။

အဲဒီညစာဖြင့် အမဲသား၊ ဝတ်သား၊ ကြက်သား၊ ငါးနဲ့ အခြားဟင်းသီးဟင်းရွက်တွေအစုံပါ ပါတယ်။ ထမင်းစားရတာလည်း အတော်လေးမြိန်ပါတယ်။ ဘကြီးပန်ထိုက်က မြို့ကဟိုတယ်တွေထက်တောင် ဟင်းစုံတယ်လို့ ပြောနေပါသေးတယ်။

ထမင်းစားပြီးချိန် အပြင်ဘက်မှာ အတော်လေးမှောင်နေပါပြီ။ ကြည့်ရတာ စကားဝိုင်းအရှိန် တော်တော်လေး ကြာသွားလို့ ဖြစ်ပါလိမ့်မယ်။  သို့ပေမဲ့ ကိစ္စမရှိပါ။ အဲဒီနေ့ညက ဟွန်ဒါမီးစက်နဲ့ လျှပ်စစ်မီးပေးထားပါတယ်။

ဇန်နဝါရီလဆိုတော့ သိတဲ့အတိုင်းပါပဲ။ အအေးဓာတ်က အရင်ညတွေထက်ပို လွန်ကဲနေပါတယ်။  နေရာကလည်း လေသာတဲ့နေရာ ဖြစ်နေတာကြောင့် တစ်ညလုံးလေတိုးသံ ကြားရပါတယ်။ ဒါပေမဲ့ အအေးဒဏ်က အနွေးစောင် ထူထူကြီးတွေကို တိုးမပေါက်နိုင်ပါဘူး။ အရင်ညတွေတုန်းက အကျဉ်းကျရဲဘော်တွေနဲ့အတူ နံစော်နေတဲ့ (အဲဒီတုန်းက နံစော်နေမှန်းသတိမရ) စောင်တွေနဲ့ လုံးထွေးအိပ်ခဲ့ရတာကို ပြန်သတိရမိပါသေးတယ်။

ညပိုင်း ကောင်းကင်ယံက လေယာဉ်သံတွေ ကြားနေရပါတယ်။ ဒါပေမဲ့ အဲဒီအသံတွေကို မမှုအားတော့ပါဘူး။ ဖြစ်ရိုးဖြစ်စဉ်တစ်ခုကို ကြုံနေရသူတစ်ယောက်လို၊ ပုံမှန်ကြားနေကျ အသံတစ်ခုကို ကြားနေရသလို တုန်လှုပ်မှု ကင်းကင်းနဲ့ လျစ်လျူရှုလိုက်ပါတယ်။

ကျွန်တော်နဲ့ ဘကြီးပန်ထိုက်၊ ဦးလေးဘဖေတို့က တစ်ခန်း၊ အဖိုးကံပနဲ့ ဦးလေးကိုးဆိုက်တို့က တစ်ခန်း အိပ်ကြပါတယ်။ ဧည့်သည် လူကြီးတွေအတွက်ဆိုပြီး ခေါင်းအုံးနဲ့စောင်တွေ အဆင်သင့် စီစဉ်ပေးထားတဲ့အပြင် အဲဒီညက ဆယ်နာရီအထိ လျပ်စစ်မီးပေးပါတယ်။

တည်းခိုရာရောက်ပြီး သိပ်မကြာ ဧည့်သည်လူကြီးတွေ အိပ်ပျော်သွားကြပါတယ်။ သူတို့ခမျာ ခရီးပန်းလို့နေပါလိမ့်မယ်။ ပြီးတော့ သူတို့အတွက်က ကျွန်တော်ခံစားရသလိုမျိုး ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးထားရသူလို ခံစားချက်မျိုး ရှိမနေဘူး မဟုတ်လား။ သူတို့က လာကယ်တဲ့သူ၊ ကျွန်တော်က ကယ်တင်ခံရသူ၊ အဲဒီမှာတင် စိတ်ခံစားမှု ရှုထောင့်တွေက ဘယ်လိုမှ တူနိုင်မှာမဟုတ်ပါဘူး။

ဒီလိုပဲ ဗိုလ်မှူးကြီးခိုင်ယက္ခလည်း ကောင်းကောင်းလေး အိပ်ပျော်နေပါလိမ့်မယ်။ သူက အကျဉ်းကနေ လွှတ်ပေးသူ၊ မဟာဂရုဏာပိုင်ရှင် နေရာကနေဆိုတော့ သက်တောင့်သက်သာအရှိဆုံး နေရာပေါ့။ သူတာဝန်ခံရတဲ့ ကိစ္စတစ်ခုက မကြာခင် ရှောရှောရှူရှူ ပြီးသွားတော့မယ် မဟုတ်လား။

သူတို့ အိပ်ပျော်သွားကြပေမဲ့ ကျွန်တော်ကဖြင့် အိပ်မပျော်နိုင်ခဲ့။ လူးလူးလွန့်လွန့်နဲ့ မနက်တစ်နာရီ ထိုးသွားခဲ့ပါတယ်။ အချုပ်အနှောင်ခံရစဉ်မှာ အဲဒီအချုပ်အနှောင်ထဲက လွတ်မြောက်ဖို့ အရေးတကြီး စဉ်းစားနေသလိုမျိုး အဲဒီအချုပ်အနှောင်ထဲက လွတ်ပြီဆိုတော့လဲ ရှေ့ဆက်ဘာဖြစ်အုံးမလဲ ဆိုတဲ့အတွေးက ဝင်လာပြီး နှောင့်ယှက်ပြန်ပါတယ်။

ကျွန်တော် အေအေလက်ထဲ ခွန်နှစ်ဆယ့်ရှစ်ရက် တင်းတင်းပြည့်ခဲ့ပါပြီ။ ဒီရက်တွေကို ဘယ်လိုများကျော်ဖြတ်ခဲ့ပါသလဲမေးရင် အရင်စာမျက်တွေမှာ ပြောခဲ့သလိုပဲ တစ်ရက်ချင်း တစ်ရက်ချင်း ကျော်ဖြတ်ခဲ့တယ်လို့ပဲ ပြောရမှာပါ။

အခုကျွန်တော် ရေးထားတာတွေက ကျွန်တော့် သူပုန်အကျဉ်းသားဘဝ ရ၈ ရက်တာ ကာလအတွင်း ကြုံခဲ့ရ၊ ခံစားခဲ့ရတာတွေကို မှတ်မိသမျှ ပြန်လည်တင်ပြခြင်းသာ ဖြစ်ပါတယ်။ အချို့အချက်အလက်တွေ ကျန်ခဲ့တာ၊ လွဲနေတာ တွေရယ်၊ ပြီးတော့ ရက်စွဲအလွဲအမှား တွေပါသွားခဲ့တယ် ဆိုရင်လည်း တမင်ချန်ထားတာမျိုး၊ တမင်လွဲမှား ရေးသားတာမျိုး မဟုတ်ဘဲ ကျွန်တော့်ရဲ့ အားနည်းချက်ကြောင့်သာ ဖြစ်တယ်ဆိုတာကို ဒီနေရာကနေပဲ ဝန်ခံချင်ပါတယ်။

ပရိယာယ်ဝေဝုစ်များလှတဲ့ နိုင်ငံရေးလောကထဲ ဖြူစင်သန့်ရှင်းတဲ့စိတ်ထားနဲ့၊ တက်ကြွတဲ့လူငယ်တစ်ဦးအနေနဲ့ ဝင်လာခဲ့ပါတယ်။ ဒါပေမဲ့ တိုတောင်းတဲ့ ကာလအတွင်းမှာပဲ လူငယ်တစ်ယောက်နဲ့ မမျှတတဲ့ ကံဆိုးမိုးမှောင်ကျမှု တစ်ခုကို ကြုံခဲ့ရပါတယ်။

ဒီအတွက် နိုင်ငံရေးဆိုတာကြီးကို စိတ်ကုန်သွားပြီလားမေးရင် စိတ်မကုန်ပါဘူး။ လူတစ်ယောက်ဟာ သူနဲ့ထိုက်သင့်တဲ့ နိုင်ငံရေးတာဝန်တွေကို ထမ်းဆောင်နေရမှာပဲလို့ ကျွန်တော်ယုံကြည်လက်ခံနေဆဲပါ။ နိုင်ငံရေးခရီးတစ်လျှောက် ကြုံလာရမယ့် အောင်မြင်မှု၊ ကျဆုံးမှု၊ ဝင့်ကြွားနိုင်မှုနဲ့ ကံဆိုမိုးမှောင်ကျမှုဆိုတာက ခေါက်ရှာငှက်ပျံသလိုမျိုး နိမ့်တုံမြင့်တုံနဲ့ ကြုံရမဲ့ လောကဓံတရားပဲလို့ ရိုးသားစွာ ခံယူထားပါတယ်။

ပြီးတော့ နိုင်ငံရေးခရီးဆိုတာ ခရီးရှည်ကြီးတစ်ခုပဲလို့ တွေးထားပါတယ်။ ကိုယ့်ရှေးက လူကြီးတွေလျှောက်ခဲ့ပြီးပြီ။ အခုတော့ ကျွန်တော်တို့လျှောက်ရမဲ့ အလှည့်ပေါ့။ နောက်ထပ် နှောင်းလူငယ်တွေလည်း ဒီလိုပဲ လျှောက်ရဦးမှာ ပါပဲ။ လူသားတွေ ရှိနေသရွေ့ နိုင်ငံရေးဆိုတာလည်း ရှိနေဦးမယ်ဆိုတာ အမြဲမှန်ကန်တဲ့ နိယာမတစ်ခု။

ဒီညအဖို့ စာဖတ်သူတွေကို အခုလိုပဲ နှုတ်ဆက်ချင်ပါတယ်။

အိပ်မက် လှလှမက်ပါစေ ( Amang hawi sy) …။

***

အပိုင်း (၂၃) ဆက်လက်ဖတ်ရှုနိုင်ပါရန်။

 

Leave a Reply

Your email address will not be published. Required fields are marked *