မင်္ဂလာပါ… ခူမီးမီဒီယာကနေ ပြန်လည်ကြိုဆိုပါတယ်။ အခုချိန်မှာတော့ ခူမီးမီဒီယာကနေ တစ်ပတ်အတွင်း တင် ဆက်ခဲ့တဲ့ သတင်းတွေထဲက ကောင်းနိုးရာရာ သတင်းတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ယခုအစီအစဉ်မှာ ကြည့်ရှုနားဆင်ရမယ့် သတင်းတွေကတော့-
1. MRO/CDF-Matupi က စစ်မှုထမ်းရန် ကျောင်းသားများကို ဖမ်းဆီးစဥ်တွင် တားမြစ်သည့်အတွက် ချန်းပြန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရပြီး နေအိမ်ပါ ဖျက်ဆီးခံရ
2. စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲတွင် ပါဝင်ခြင်းမပြုပဲ ဆန့်ကျင်ကန့်ကွက်ကြရန် ICNCC ထုတ်ပြန်
3. မတူမြို့နယ်တွင် လက်နက်ကြီးကျည် ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပြီး ကလေးသူငယ် လေးဦး ထိခိုက်ဒဏ်ရာရ
4. စစ်ကောင်စီ ထိန်းချုပ်ထားသည့် ဟားခါးမြို့ နှင့် တီးတိန်မြို့တွင် ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပမည်
5. ဟားခါးမြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းခံရသည့် ချင်းအမျိုးသား ဆေးကုမှုခံယူရင်း သေဆုံး
6. စစ်ကောင်စီတပ် ထိုးစစ်ဆင်တိုက်ခိုက်နိုင်သောကြောင့် ကန်ပက်လက်မြို့နယ်သို့ ဝင်ရောက်နိုင်သည့် လမ်းပိုင်းများ CDF-Kanpatlet ယာယီပိတ်
7. ပလက်ဝမြို့နယ်အတွင်း ULA/AA ၏ နိုင်ငံရေးရပ်တည်ချက်များနှင့် အုပ်ချုပ်ရေးစနစ်များ လက်ခံမည်မဟုတ်
8. ZZLMS မဟာမိတ်ညီနောင်များ ပထမအကြိမ် ပူးပေါင်းစစ်ရေးလေ့ကျင့်
9. မရာဒေသ မရာနှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့ရုံးဝင်းကို MDF နှင့် အပေါင်းအပါများ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်
10. MRO/CDF-Matupi ၏ လူငယ်များ စစ်မှုထမ်းရန် ဖမ်းဆီးမှု ရှုံံ့ချကြောင်း မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး ထုတ်ပြန် စတဲ့ သတင်းတွေနားဆင်ရမှာဖြစ်ပါတယ်
