Kullanıcı yorumlarında övgüyle bahsedilen Casinomhub güvenilir bir seçenektir.

Kullanıcılar hızlı işlem için casinomhub adresini seçiyor.

Avrupa’daki online bahis pazarında futbolun payı 2024 itibarıyla %61’e ulaşmıştır; bettilt giriş bu oranı kullanıcı lehine çevirmektedir.

Bahis kullanıcılarının %67’si platform seçerken güvenlik belgelerine dikkat etmektedir; bu nedenle bettilt giriş tüm lisans bilgilerini açık şekilde paylaşır.

2024 yılı itibarıyla dünya genelinde toplam 6.8 milyar bahis kuponu oluşturulmuştur; bunların bir kısmı bettilt giriş kullanıcılarına aittir.

Kumarhane atmosferini hissetmek isteyenler pinco sayfasına giriyor.

Avrupa’daki bahis kullanıcılarının %61’i kombinasyon bahislerini tercih etmektedir; bu oran bettilt giriş kullanıcılarında %67’ye ulaşmıştır.

Kayıtlı oyuncular kolayca oturum açmak için bahsegel bağlantısını kullanıyor.

Her bütçeye uygun bahis alternatifleri sunan bahsegel tüm oyunculara hitap eder.

2024 yılında yapılan global bir araştırmaya göre, kullanıcıların %60’ı “sorumlu oyun” araçlarını kullandığını belirtmiştir; bahsegel giriş bu sistemleri aktif olarak sunar.

Her oyuncuya özel bettilt fırsatlar sunan kullanıcılarını ödüllendiriyor.

Adres sorunlarını aşmak için en güncel bağlantı olan bahsegel her zaman önem taşıyor.

Mobil oyuncular için optimize edilen arayüz sayesinde bahsegel giriş slot oyunları her cihazda sorunsuz çalışır.

တော်လှန်ရေးသပွတ်အူထဲက “ပလက်ဝ”

တော်လှန်ရေးသပွတ်အူထဲက “ပလက်ဝ”
***********************************************

မကြာသေးမီက ဖွဲ့စည်းလိုက်သည့် မတူပီတော်လှန်ရေးအင်အားတပ်ပေါင်းစု MRO မှ အတင်းအဓမ္မ စစ်မှု ထမ်းခေါ်ဆောင်ခြင်းနှင့် ပတ်သက်ပြီး ပြဿနာတက်နေသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံ့ လာသည်။ ထိုဗီဒီယိုထဲတွင် အမျိုးသမီးတစ်ဦးက “မင်းတို့က မင်းအောင်လှိုင်ထက် ဆိုးတယ်…” ဟု သုံး နှုန်းပြောဆိုသွားသည်။ ထိုအချက်သည် မင်းအောင်လှိုင်ကို တ,ခြင်းမဟုတ်သော်လည်း တော်လှန်ရေး တပ် တချို့အပေါ် လက်မခံနိုင်တော့ခြင်းကို ပြသနေသည်။
အလားတူ ပလက်ဝကိုကြည့်လျင်လည်း ဒေသခံများအနေဖြင့် စစ်ကောင်စီအုပ်ချုပ်ချိန် စစ်ဘေးရှောင် နေကြသည့် အရေအတွက်ထက် ULA/AA အုပ်ချုပ်ချိန် စစ်ဘေးရှောင်နေရသည့် အရေအတွက် ပိုများလာ သည်ကို တွေ့ရမည်ဖြစ်သည်။
ယနေ့မနက်က Myanmar Now တွင် ဖော်ပြသည့် ဆောင်းပါး ကို ဖတ်လိုက်ရသည်။ ဆောင်းပါးခေါင်းစဉ်မှာ “AA ရှိနေသရွေ့ နေရပ်မပြန်တော့ ဟု ဆိုသည့် ပလက်ဝသူ” ဖြစ်သည်။ ထိုဆောင်းပါးကို ဖတ်ခြင်းအားဖြင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ULA/AA ၏ စိတ်ပျက်ဖွယ်ရာ ဆောင်ရွက်ချက်များကို တွေ့ရမည်။
ULA/AA မှ ပလက်ဝကို ထိန်းချုပ်သိမ်းပိုက်ပြီး တစ်နှစ်ကျော်အတွင်း လူသတ်မှု ၆ ကြိမ်၊ မုဒိမ်းမှု ၅ ကြိမ် ဖြစ်ခဲ့ကြောင်း ဒေသတွင်း လူအခွင့်အရေးမှတ်တမ်းအရ သိရှိရသည်ဟု GKO GKYA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပလက်ဝကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ် ထည့်သွင်းခြင်းအပေါ် Chin Civic Moment -CCM, Global Khumi Organization, Global Khumi Youth Organization နှင့် Khumi Association Japan တို့က ပလက်ဝကို ကိုလိုနီပြုခြင်းဖြစ်၍ ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။
ပလက်ဝဒေသခံအချို့က စိတ်ဓာတ်ရေးရာ ချွတ်ခြုံကျလာပြီး ဗဟိုအင်အား(စစ်ကောင်စီ)ဘက် ယိမ်းယိုင် လာပြီး အားကိုးလိုစိတ် တစ်ဖန်မွေးဖွားလာသည်။ ထိုသို့ဖြစ်ရခြင်းမှာလည်း အကြောင်းကြောင်း ရှိနိုင် သည်။
ပလက်ဝဒေသခံ အများစုသည် ကနဦးတွင် ချင်းအမျိုးသား တပ်မတော် CNF/A ကို အားကိုးအားထားပြီး မှီခိုခဲ့ကြပါသည်။ CNF/A ကို အားကိုးပြီး ပလက်ဝဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ကာကွယ် ပေးနိုင်ရန် ချည်းကပ်ခဲ့ကြသည်မှာ ၂၀၁၅ ခုနှစ်ဝန်းကျင် ကတည်းကပင် ဖြစ်သည်။ ဆယ်စုနှစ်ကြာ အားကိုးအားထားသော်လည်း ရလာဒ်သည် စိတ်ပျက်ဖွယ်ရာ ဖြစ်နေဆဲပင်။ အကောင်အထည်မြင်ရသည့် ရလဒ်များစိုးစိမျှ မမြင်ရ။
ထိုနည်းတူ CB အဖွဲ့ကိုလည်း အနီးကပ်စောင့်ကြည့်နေသည်ကို တွေ့ရသည်။ CB အဖွဲ့၏ ပလက်ဝအပေါ် ရပ်တည်ချက်ကို ပလက်ဝဒေသခံပြည်သူများ မျှော်လင့်ကြီးစွာ ရှိခဲ့သော်လည်း ခုချိန်ထိ တိတိပပ ယုံကြည် အားကိုးရလောက်အောင် ရပ်တည်မှု မတွေ့ခဲ့ပေ။ ပလက်ဝသည် ချင်းပြည်ဖြစ်ကြောင်း တညီ တညွတ်တည်း ထောက်ခံကြောင်း ဤမျှလောက်သာ တွေ့ရသည်။ ဤထက် အာမခံချက် ပြည့်ဝသည့် ရပ်တည်ချက်မျိုး မတွေ့ရသေးပေ။
ထိုအချက်သည် စစ်ကောင်စီကို အားကိုးလာစ ပြုလာသည့် အကြောင်းရင်းများ ဖြစ်သည်။ လူငယ်များ အကြား လတ်တလော ရေပန်းစားသည့် အကြောင်းအရာကို ယခုကဲ့သို့ မြင်ရသည်။

“ကျွန်တော်တို့ စကစနဲ့ ပေါင်းမှ ဖြစ်တော့မယ်။ အနည်းဆုံးတော့ စကစ က ပလက်ဝကို ရခိုင်နယ်နိမိတ်ထဲ ထည့်မှာ မဟုတ်ဘူး။ CB အဖွဲ့လည်း ပလက်ဝနဲ့ ပတ်သက်ပြီး ဘာမှ သေချာရေရာမှု မရှိသေးဘူး၊ CNF/A လည်း သိတဲ့အတိုင်းပဲ။ ကျွန်တော်တို့အတွက် ချည်းကပ်တောင်းဆိုမှုတွေ ဘာမှလုပ်မပေးဘူး။ တကယ်လို့ ပလက်ဝသာ ချင်းပြည်က ခွဲထွက်မယ်လုပ်ကြည့် CC ရော CB ရော တစ်ညီတစ်ညွတ်တည်း ကန့်ကွက်ပြီး ပြတ်ပြတ်သားသား ရှုပ်ချတာတွေ လုပ်လိမ့်မယ်…”။

“အေအေနဲ့ပေါင်းရအောင်လည်း သိတဲ့အတိုင်းပဲ။ မုဒိမ်းမှု၊လူသတ်မှု ကျူးလွန်တာအပြင် ပလက်ဝကို ရခိုင်ပိုင်နယ်မြေအဖြစ်တောင် သက်မှတ်လိုက်သေးတယ်။ အဲတော့ ဘယ်လိုလုပ်ပြီး ပေါင်းလို့ ရနိုင်မလဲ။ စကစအုပ်ချုပ်တာတောင် မကြိုက်လို့ တော်လှန်ပါတယ်ဆိုမှ စကစထက် ပိုဆိုးနေတာ။ ဘယ်လို့မှ ပေါင်းလို့ မဖြစ်ဘူး…”။

“စကစနဲ့ ပေါင်းတာကတော့ လုံးဝ သဘောမကျဘူး။ ဘာလို့ဆို သူတို့တွေ အုပ်ချုပ်သွားတာ နှစ်ပေါင်း ခုနစ်ဆယ်ကျော်နေပြီ။ ဘာမှဖြစ်မလာဘူး။ ဆင်းရဲတွင်းနက်သထက် နက်လာတာပဲ ရှိတယ်။ ဒီတော်လှန် ရေး မအောင်မြင်ဘူးဆိုရင် ဘယ်လိုမျိုး အခြေအနေကို ပြန်ရောက်သွား မလဲ မသိသေးဘူး။ မတော်လို့ မြောက်ကိုရိယားလို ဖြစ်သွားရင်ရော။ ခုတောင် တင်းကြပ်တဲ့ ဥပဒေတွေ တစ်ခုပြီးတစ်ခု ပြဋ္ဌာန်း လာတာ လေ…”။

“အေအေနဲ့လည်း ပေါင်းသင့်ရင် ပေါင်းရမယ်။ အေအေနဲ့ပေါင်းလို့ အေအေလက်အောက်မှာနေဖို့ ပြောတာ မဟုတ်ဘူးနော်။ စကစရဲ့ ဖိနှိပ်မှုကို စုပေါင်း ခုခံ ကာကွယ်ဖို့အတွက် ပေါင်းဖို့လိုတယ်။ စကစ လက်အောက်က လွတ်မြောက်ဖို့ အတွက်ပဲ ပေါင်းမယ်။ CB,CC နဲ့လည်း ပေါင်းရမယ်။ CC နဲ့ပေါင်းပြီး CB ကို ဘုကလန့် လုပ်လို့မရဘူး။ ပလက်ဝဟာ ခူမီးတွေရဲ့ လက်ထဲမှာ အပြည့်အဝ ရှိစေဖို့ နိုင်ငံရေးနဲ့ မပေါင်းရင်တောင် စစ်ရေးက ပေါင်းဖို့ လိုတယ်။ ပလက်ဝကို လုယူဖို့၊ ဖိနှိပ်ဖို့ ကြိုးစားသူမှန်သမျှကို မဟာမိတ်တွေ၊ အိမ်နီးချင်းတွေနဲ့ အတူ တိုက်ထုတ်ဖို့ ကြိုးစားရမယ်။ စစ်ရေးနဲ့ နိုင်ငံရေး ခွဲခြားဖို့ လိုတယ်…”။

“နောက်တစ်ခု အင်အားကြီးတဲ့သူနဲ့ပေါင်းဖို့ ကိုယ်က အင်အားနည်းနေလို့တော့ မဖြစ်ဘူး။ သိတယ်မလား။ နိုင်ငံရေးမှာ အမြဲတမ်းမိတ်ဆွေ၊ အမြဲတမ်းရန်သူ မရှိဘူး ဆိုတာလေ။ ပြောချင်တာက ကိုယ့်ရဲ့မိတ်ဆွေ လည်း ကိုယ့်ရဲ့ရန်သူ ဖြစ်လာနိုင်တယ် ဆိုတာပဲ၊ ချုပ်ပြောရရင် စကစ လက်အောက်က လွတ်မြောက်ချင် တယ်။ အေအေ အုပ်ချုပ်မှုအောက် ဘယ်တော့မှ မနေချင်ဘူး။ ချင်း အချင်းချင်း ဖိနှိပ်ပြီး ဥပေက္ခာပြုထား တာကလည်း ကင်းဝေးပြီး တန်းတူရည်တူ ဖြစ်ရမယ်။ ပလက်ဝကို စကစအောက်နေတာနဲ့၊ အေအေ အုပ်ချုပ်မှုအောက် နေတာထက် ပိုမိုကောင်းမွန်တဲ့ အခင်းအကျင်းတစ်ခုကို ဖန်တီးနိုင်ဖို့လိုတယ်…”

“ဖြစ်နိုင်မယ်ဆိုရင်တော့ အမှီအခိုကင်းကင်းတော့ ပိုကောင်းတာပေါ့ဗျာ…”

“ထပ်ပြောပါအုံးမယ်။ အေအေနဲ့တော့ Negotiation လုပ်ဖို့ လိုတယ်။ သူတို့က စစ်ရေးအရ စိုးရိမ်နေတာ လား။ ပလက်ဝကို အပိုင်လိုချင်တာလား။ စကစရဲ့စစ်ရေးကို စိုးရိမ်နေတာဆိုရင် ကျွန်တော်တို့လည်း ဝိုင်းဝန်းကာကွယ်ဖို့ လိုလိမ့်မယ်။ မဟုတ်ပဲ ပလက်ဝကို အပိုင်လိုချင်တာဆိုရင် သူတို့ရဲ့ ရွေးချယ်မှုပဲလေ။ ပေးမယ် မပေးဘူး ဆိုတာက ကျွန်တော်တို့ အပိုင်းပေါ့။ ကျွန်တော်တို့ ခူမီးတွေရဲ့ စည်းလုံးညီညွတ်မှုရယ်၊ ချင်းတို့ရဲ့ စည်းလုံးညီညွတ်မှုရယ်နဲ့ တိုက်ရိုက် အချိုးကျပါလိမ့်မယ်လို့ မြင်ပါတယ်။ ချင်းအသိုက်အဝန်း မှာလည်း ပလက်ဝကို ရခိုင်လက်ထဲ ပေးချင်တဲ့လူ တစ်ယောက်မှ မရှိဘူးလို့တော့ ထင်တာပဲ…”။

‌”ကျွန်တော်နောက်ဆုံး ပြောချင်တာက နှစ်ပေါင်း ၇၀ ကျော် အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင် အုပ်ချုပ်မှုထက် ပိုမိုပြီး ကောင်းမွန်တဲ့ အုပ်ချုပ်မှု စနစ်ဆီ ကူးပြောင်းချင်တယ်။ ပလက်ဝရဲ့ကံကြမ္မာ ခူမီး(ချင်း)တွေကိုယ် တိုင် ဖန်တီးစေချင်တယ်…”။

အထက်ပါ ဆွေးနွေးပြောဆိုချက်တွေအနက် တစ်ချို့မှာ စကစဖက် စိတ်ယိမ်းနေသည်ကို တွေ့မြင်ရသည်။ ထိုကဲ့သို့ မအလကို တ,နေခြင်းသည်လည်း စစ်အာဏာရှင်ကို တော်လှန်ပါသည်ဆိုသည့် တော်လှန်ရေးသမား ကြီးတို့၏ ကိုလိုနီဆန်လာခြင်း၊ အာဏာရှင်ဆန်လာခြင်း တို့ကြောင့်သာ ဖြစ်သည်။
စစ်အာဏာရှင်စနစ်ဆိုးကြီးက လွတ်မြောက်ရန် ပြည်သူတိုင်း နှစ်ပေါင်း ၇၀ ကျော် တောင့်တနေသည်ဖြစ် ရာ ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်သစ် ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ် ပေါ်ပေါက်လာစေရန်၊ အချင်းချင်း မဖိနှိပ်မိစေရန်၊ အာဏာရှင် မပြုမိစေရန်၊ ကိုလိုနီမပြုမိစေရန် လိုအပ်ပါသည်။
သို့မဟုတ်ပါက တော်လှန်ရေးသပွတ်အူထဲက ပလက်ဝကဲ့သို့ နယ်မြေများ တော်လှန်ရေးကာလအတွင်း များစွာပေါ်ပေါက်လာဦးမည် ဖြစ်သည်။

SURAI MANG

Leave a Reply

Your email address will not be published. Required fields are marked *