မင်္ဂလာပါ… ခူမီးမီဒီယာကနေ ပြန်လည်ကြိုဆိုပါတယ်။
အခုချိန်မှာတော့ ခူမီးမီဒီယာကနေ တစ်ပတ်အတွင်း တင် ဆက်ခဲ့တဲ့ သတင်းတွေထဲက ကောင်းနိုးရာရာ သတင်းတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။
ယခုအစီအစဉ်မှာ ကြည့်ရှုနားဆင်ရမယ့် သတင်းတွေကတော့-
1. မရာဒေသမှ AA တပ်ဖွဲ့ အမြန်ဆုံး ဆုတ်ခွာပေးရန် CDF-Mara ထုတ်ပြန်
2. စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်မည့် ဦးစိုးထက်(ခ) ဆလိုင်းမဲလုကို NLD ပါတီမှ ထုတ်ပယ်
3. ချင်းပြည်(Chinland) ကောင်စီ ပထမသက်တမ်း၊ ပဉ္စမအကြိမ်ကောင်စီအစည်းအဝေးကို ကျင်းပပြီး ချင်းပြည်အရေး ဆွေးနွေးမှုများကို ထုတ်ပြန်
4. ပလက်ဝမြို့နယ်၊ ရှင်းလက်ဝရွာရှိ အေအေ၏ စစ်ဆေးရေးဂိတ်တွင် ပြည်သူများသည် ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပြီးမှသာ နေ့ရက်အကန့်အသက်ဖြင့် ခရီးသွားလာခွင့်ပြု
5. အိုက်ဇောလ်မြို့နှင့် အနီးအနားကျေးရွာရှိ မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက် စာရင်းပေးသွင်းရေးအစီစဉ်ကို အိုင်ဇောလ်မြို့ Deputy Commissioner က အသိပေးထုတ်ပြန်
6. ရုံလက်ချောင်းနှင့် ရှင်းလက်ချောင်းဒေသတွင် ULA/AA က မည်သည့် လက်နက်ကိုင်အဖွဲ့မဆို လုံးဝ(လုံးဝ) ဝင်ရောက်ခြင်း၊ လက်ခံထားခြင်း မပြုလုပ်ရန် အမိန့်ထုတ်ပြန်
7. အကြိုကောလိပ် ဒီပလိုမာသင်တန်း ဒုတိယအသုတ် အတွက် ချင်းအမျိုးသားတက္ကသိုလ်က စတင်ခေါ်ယူ
8. မင်းတပ်မြို့နယ်လုံးကျွတ် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်
9. ပလက်ဝမြို့နယ်တွင် မင်းမဲ့စရိုက်ဆန်သော လုယက်မှုနှင့် ဓါးပြမှုများ မကြာခဏ ဖြစ်ပေါ်နေ
စတဲ့သတင်းတွေကိုနားဆင်ရမှာပဲဖြစ်ပါတယ်
