Diploma in Nursing and Midwifery ဒုတိယအသုတ် ဝင်ခွင့်စာမေးပွဲနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရန် ချင်းပြည်(Chinland) အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အသိပေး
စက်တင်ဘာလ ၇ ရက်၊ ၂၀၂၅။
ချင်းပြည်(Chinland) အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဖွင့်လှစ်နေသည့် သူနာပြုကျောင်းတွင် Diploma in Nursing and Midwifery ဒုတိယအသုတ် ဝင်ခွင့်စာမေးပွဲနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရန် အသိပေးထားကြောင်း ထုတ်ပြန်လာပြီ ဖြစ်သည်။
စာမေးပွဲကို Chinland အတွင်း ကျင်းပမည်ဖြစ်ပြီး စာဖြေဌာန/များတွင် လူကိုယ်တိုင် လာရောက် ဖြေဆိုရမည် ဖြစ်ကြောင်းနှင့် ဖြေဆိုမည့်နေရာကို လျှောက်ထားသူများ၏ အီးမေးလ် သို့မဟုတ် telegram တွင် ပေးပို့သွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ပထမအပတ်တွင် စာမေးပွဲကျင်းပမည် ဖြစ်သည်။
မှတ်ချက်အနေဖြင့် စာမေးပွဲဖြေဆိုရမည့်နေမတိုင်မီ တစ်ရက်အလိုတွင် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားကို စာဖြေသူကိုယ်တိုင် စာဖြေဌာနတွင် လာရောက်ထုတ်ယူရမည်ဖြစ်ပြီး စာမေးပွဲကြေး နှစ်သောင်းကျပ်ကို တပါတည်း ပေးသွင်းရမည် ဖြစ်သည်။
ရေးဖြေ ဖြေဆိုရန် English ဘာသာရပ်အတွက် မေးခွန်းပုံစံမှာ Grammer, Vocabulary, Reading, Comprehension, Writing, Error Correction တို့ဖြစ်ပြီး ပေးမှတ် ၁၀ မှတ် ကို ၁ နာရီ၊
Mathematics ဘာသာရပ်အတွက် မေးခွန်းပုံစံမှာ Multiple Choice Questions, Short Answer Questions, Application Questions တို့ဖြစ်ပြီး ပေးမှတ် ၃၀ မှတ် ကို မိနစ် ၃၀၊
Chemistry ဘာသာရပ်အတွက် မေးခွန်းပုံစံမှာ Multiple Choice Questions, Short Answer Questions, Application Questions တို့ဖြစ်ပြီး ပေးမှတ် ၃၀ မှတ် ကို မိနစ် ၃၀၊
Physics ဘာသာရပ်အတွက် မေးခွန်းပုံစံမှာ Multiple Choice Questions, Short Answer Questions, Application Questions တို့ဖြစ်ပြီး ပေးမှတ် ၃၀ မှတ် ကို မိနစ် ၃၀၊
Biology ဘာသာရပ်အတွက် မေးခွန်းပုံစံမှာ Multiple Choice Questions, Short Answer Questions, Structured Questions တို့ဖြစ်ပြီး ပေးမှတ် ၃၀ မှတ် ကို မိနစ် ၃၀ စသည်တို့ ဖြစ်သည်။
Grade 10 Level ကို ရေးဖြေ ဖြေဆိုရမည်ဖြစ်ပြီး ဘာသာရပ်တစ်ခုချင်းစီအတွက် သီးသန့်ဖြေဆိုချိန် ပေးထားခြင်းမရှိဘဲ ၅ ဘာသာပေါင်း၍ စုစုပေါင်း ၃ နာရီ ဖြေဆိုရမည်ဖြစ်သည်။
နှုတ်ဖြေ ဖြေဆိုရမည့် မေးခွန်းပုံစံ၊ ပေးမှတ်၊ အချိန်တို့မှာ Communication Skills အတွက် ၁၅ မိနစ်, Motivation for Nursing အတွက် ၁၅ မိနစ်၊ Ethics and Professional Attitude အတွက် ၁၀ မိနစ်၊ General Knowledge & Problem-Solving အတွက် ၁၀ မိနစ် တို့ဖြစ်ကြသည်။
သတင်း – James Roe
