မင်္ဂလာပါ… ခူမီးမီဒီယာကနေ ပြန်လည်ကြိုဆိုပါတယ်။
အခုချိန်မှာတော့ ခူမီးမီဒီယာကနေ တစ်ပတ်အတွင်း တင်ဆက်ခဲ့တဲ့ သတင်းတွေထဲက ကောင်းနိုးရာရာ သတင်းတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ယခုအစီအစဉ်မှာ ကြည့်ရှုနားဆင်ရမယ့် သတင်းတွေကတော့-
-Diploma in Nursing and Midwifery ဒုတိယအသုတ် ဝင်ခွင့်စာမေးပွဲနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရန် ချင်းပြည်(Chinland) အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အသိပေး
-မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၁ နှစ်ပြည့် ညီလာခံ ကျင်းပနိုင်ခြင်းမရှိ
-နိုင်ငံတကာခူမီးလူငယ်များအသင်း(GKYA) (၁) နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်ကျင်းပမည်
-MRO/ CDF-Matupi ထိန်းချုပ်နယ်မြေတွင် ကျောင်းသား/သူ၊ ဆရာ/မ များကို ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးကာ စစ်မှုထမ်းစေခြင်း ပြုလုပ်နေသောကြောင့် အပြင်းအထန် ကန့်ကွက်ရှုတ်ချ
-မလေးရှားတွင် ယူအန် မှတ်ပုံတင်ဌာနမှ ရက်ချိန်းရပြီး ယူအန်ရုံးကို သွားသောအခါ သတိပြုရမည်
-CDF-Tonzang (Zo) နှင့် Zo Chin Defense Force (Zo Army) တို့ စစ်ရေးပူးပေါင်းမည်
-ကန်ပက်လက်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်
-ဆိုက်ဟားခရိုင်၊ ဖူရကျေးရွာတွင် စစ်ရှောင်ပြည်သူတစ်ဦး၏ နေအိမ်နှင့် စပါးခင်း ရေနစ်မြုပ်၍ ပျက်စီးဆုံးရှုံး
-အရှိုချင်းကာကွယ်ရေးတပ် ACDF မှ အပတ်စဉ် (၇) အခြေခံစစ်ပညာသင်တန်းသားများ ခေါ်ယူ
-တွီဒန်းကျေးရွာရှိ စစ်ရှောင်ပြည်သူများနှင့် ဒေသခံပြည်သူများ၏ တောင်ယာစပါးခင်းမှ စပါးများကို ကြွက်များက စားသောက်ဖျက်ဆီးနေလျက်ရှိ
-မလေးရှားတွင် ၁၂ ရက်အတွင်း မြန်မာနိုင်ငံသား ၃၇၀ ဦးကျော် ဖမ်းဆီးခံရ
အစရှိတဲ့သတင်းတွေကို ကြည့်ရှုနားဆင်ရမှာဖြစ်ပါတယ်။
