Kullanıcı yorumlarında övgüyle bahsedilen Casinomhub güvenilir bir seçenektir.

Kullanıcılar hızlı işlem için casinomhub adresini seçiyor.

Avrupa’daki online bahis pazarında futbolun payı 2024 itibarıyla %61’e ulaşmıştır; bettilt giriş bu oranı kullanıcı lehine çevirmektedir.

Bahis kullanıcılarının %67’si platform seçerken güvenlik belgelerine dikkat etmektedir; bu nedenle bettilt giriş tüm lisans bilgilerini açık şekilde paylaşır.

2024 yılı itibarıyla dünya genelinde toplam 6.8 milyar bahis kuponu oluşturulmuştur; bunların bir kısmı bettilt giriş kullanıcılarına aittir.

Kumarhane atmosferini hissetmek isteyenler pinco sayfasına giriyor.

Avrupa’daki bahis kullanıcılarının %61’i kombinasyon bahislerini tercih etmektedir; bu oran bettilt giriş kullanıcılarında %67’ye ulaşmıştır.

Kayıtlı oyuncular kolayca oturum açmak için bahsegel bağlantısını kullanıyor.

Her bütçeye uygun bahis alternatifleri sunan bahsegel tüm oyunculara hitap eder.

2024 yılında yapılan global bir araştırmaya göre, kullanıcıların %60’ı “sorumlu oyun” araçlarını kullandığını belirtmiştir; bahsegel giriş bu sistemleri aktif olarak sunar.

Her oyuncuya özel bettilt fırsatlar sunan kullanıcılarını ödüllendiriyor.

Adres sorunlarını aşmak için en güncel bağlantı olan bahsegel her zaman önem taşıyor.

Mobil oyuncular için optimize edilen arayüz sayesinde bahsegel giriş slot oyunları her cihazda sorunsuz çalışır.

ကျနော်သိသော IKACC

ကျနော်သိသော IKACC

=========================

IKACC သည် Khumi Affair Coordination Council (KACC) ကို   ခူမီးလူမျိုး မျိုးနွယ်စုတို့၏ နွေဦးတော်လှန်ရေးအတွက် ကြားကာလအစိုးရ ဦးဆောင်အဖွဲ့ တစ်ရပ်အနေဖြင့် KACC ၏ ရှေ့တွင် ကြားကာလဆိုသည့်(Interim) တစ်လုံး ပေါင်းထည့်ကာ IKACC ဖြစ်လာခြင်းသာ ဖြစ်သည်။လိုရင်းတိုရှင်း ပြောမည်ဆိုလျင် IKACC ဆိုသည်မှာ စစ်အာဏာရှင်စနစ်ဆိုးကြီးမှ လွှတ်မြောက်ရန် တော်လှန်နေသည့် နွေဦးတော်လှန်ရေးကာလအတွင်း ခူမီးလူမျိုး မျိုးနွယ်စုတို့၏ အမျိုးသားနိုင်ငံရေးနှင့် အမျိုးသားလုံခြုံရေးအတွက် တော်‌လှန်ရေးဦးဆောင်မှု ယာယီကောင်စီ တစ်ခုသာဖြစ်ပြီး တော်လှန်‌ရေးအလွန်တွင် KACC ဖြင့် ပြန်ရပ်တည်မည်ဟု ယူဆပါသည်။

KACC သည် ၂၀၁၄ မတ်လ (၂၆/၂၇) အထိ ပလက်ဝမြို့တွင် ကျင့်ပခဲ့သည့် ခူမီးမျိုးနွယ်စုများဖိုရမ်မှ အားလုံးသဘောတူညီမှုဖြင့် ဖွဲ့စည်းမှု ဖြစ်ပြီး ခူမီးလူမျိုး မျိုးနွယ်စုတို့၏ Mandate အကြီးဆုံး ကောင်စီလည်း ဖြစ်သည်။ ဒုတိယအကြိမ် ဖိုရမ်ကို ၂၀၁၈ နိုဝင်ဘာလ (၈/၉/၁၀) ရက်တို့တွင် ရန်ကုန်၌ ပြုလုပ်ခဲ့ပါသည်။

KACC ၏ မူဝါဒဖြစ်သည့် အပိုင်း(၂) အပိုဒ်(က) တွင် နိုင်ငံရေး၊ လုံခြုံရေးနှင့် မျိုးနွယ်စုအရေးကို ဒုတိယအကြိမ် အောက်ပါအတိုင်း ရပ်တည်ပြီး ဘုံသဘောတူညီခဲ့ကြသည်။

#အပိုဒ်(က)

နိုင်ငံရေး၊ လုံခြုံရေးနှင့် မျိုးနွယ်စုအရေး

၁။ ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်၏ အစိတ်အပိုင်းဖြစ်ကြောင်းနှင့် မည်သည့်အခါမှ ချင်းပြည်နယ်အတွင်း တည်ရှိမှုမှ ခွဲထွက်မည် မဟုတ်ကြောင်း ထပ်လောင်းအတည်ပြုသည်။

၂။ ပလက်ဝမြို့နယ်အတွင်း တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ချင်းအမျိုးသားတပ်မတော်တို့မှလွဲ၍ အခြားမည်သည့် လက်နတ်ကိုင်အဖွဲ့မဆို သွားလာလှုပ်ရှားမှုကို ကန့်ကွက်သည်။

၃။ ခူမီးမျိုးနွယ်စုနယ်မြေ(Khumi Land) လုံခြုံရေးအတွက် အခြား ချင်းမျိုးနွယ်စုများနှင့် ပူးပေါင်း ဆောင်ရွက်မည်။

၄။ ချင်း ဟူသောအမည်သည် ချင်းအမျိုးသားလုံး၏ အမည်ဖြစ်သကဲသို့ ခူမီး ဟူသောနာမည်သည် ခူမီးမျိုးနွယ်စု အားလုံး၏ ဘုံနာမည် ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုသည်။

၅။ ခူမီးမျိုးနွယ်စုအသီးသီးတို့၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုကို အပြန်အလှန် လေးစား အသိအမှတ်ပြုပြီး စည်းစည်းလုံးလုံးဖြင့် ဖွံ့ဖြိုးစေရန် မြှင့်တင်စောင့်ရှောက်မည်။

ဟူ၍ အပိုင်း(၂) အပိုဒ်ငယ်(က) တွင် ဘုံသဘောတူညီချက် ချမှတ်ခဲ့သည်ကို တွေ့ရသည်။ (မှတ်ချက်။ ဤ ဘုံသဘောတူညီချက်သည် နွေဦးတော်လှန်ရေးမတိုင်ခင် သဘောတူညီချက်သာဖြစ်ကြောင်း သိရှိစေလိုပါသည်။)

ထို့ကြောင့် IKACC သည် ခူမီးနိုင်ငံရေးဦးသျှောင်ဖြစ်ပြီး Paletwa Council သည် Khumi Government ဖြစ်ကာ CDF-Paletwa သည် Khumi Defense Force(Khumi Army) ဖြစ်သည်။ သို့သော်လည်း ခူမီးမျိုးနွယ်စု လူမျိုးတစ်ခုတည်းကိုသာ ကိုယ်စားပြုပြီး အကျိုးပြု ကာကွယ်မည့် အဖွဲ့မဟုတ်ဘဲ ပလက်ဝပြည်သူလူထု တစ်ရပ်လုံးကို ကိုယ်စားပြု အကျိုးပြု ကာကွယ်ရန် ရည်ရွယ်သည်။အဘယ်ကြောင့်ဆိုသော် လက်စွဲကိုင်ဆောင်သည့် နိုင်ငံရေးလမ်းပြမြေပုံသည် Bottom up ကိုစုစည်းပြီး Coming together federalism ဖြစ်သည်။

IKACC သည် ပလက်ဝမြို့နယ် ခူမီးမျိုးနွယ်စုအားလုံး၏ စစ်အာဏာရှင်စနစ်ဆိုးကြီးမှ လွှတ်မြောက်ရန်နှင့် အနှစ်သာရပြည့်ဝသည့် Self-determination ရရှိရေးအတွက် နွေဦးတော်လှန်ရေးနှင့်အတူ တိုက်ပွဲဝင် ပေးနေသည့် ခူမီးမျိုးနွယ်စုအားလုံး၏ နိုင်ငံရေးဦသျှောင် ဖြစ်သည်။ နှစ်ပေါင်း(၇၀)ကျော် တိုင်းပြည်ကို အာဏာရှင် စနစ်ဆိုးကြီးဖြင့် အုပ်ချုပ်မင်းမူခဲ့ခြင်းမှ လွှတ်မြောက်ပြီး လူမျိုးနည်းစုတို့အတွက် အခွင့်အရေး အနှစ်သာရအပြည့်ဝရရှိသည့် ဖက်ဒရာယ်ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သစ်တစ်ခု ‌ပေါ်ပေါက်လာရန် တော်လှန်ဆင်နွှဲသည့်အတွက် ခူမီးမျိုးနွယ်စုတို့၏ သမိုင်းသစ်တစ်ခုပင် ဖြစ်သည်။

IKACC သည် ပလက်ဝမြို့နယ်နှင့် ပြည်သူလူထု၏ အနာဂတ်အတွက် နိုင်ငံရေး မဟာဗျူဟာ ရည်မှန်းချက် (၆) ခု ဖြင့် ဆောင်ရွက်နေပြီး Chatter Of The Paletwa မူအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

Chatter Of The Paletwa ကို ညီလာခံ ကိုယ်စားလှယ် (၃၀၆) ဦးဖြင့် အတည်ပြုခဲ့ကြောင်း IKACC ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် “ပလက်ဝမြို့နယ်အား ချင်းပြည်နယ်အတွင်း တစ်ဆက်တစပ်တည်း တည်ရှိနေမှုကို ထိခိုက်စေနိုင်သည့် မည်သည့်ကြိုးပမ်းဆောင်ရွက်မှုမျိုးကိုမဆို ပြတ်ပြတ်သားသား ဆန့်ကျင်သည်”။

“ခူမီးချင်းမျိုးနွယ်စုဝင်များအား ချင်းလူမျိုးမဟုတ်ကြောင်း ရေးသားပြောဆိုခြင်း၊ ချင်းလူမျိုးစာရင်းမှ ဖယ်ရှားရန် စည်းရုံးကြိုးပမ်းခြင်းများကို အမျိုးသားရန်သူအဖြစ် သတ်မှတ်ပြီး ပြတ်သားစွာ အရေးယူ ဆောင်ရွက်သွားမည်”။

“ပလက်ဝမြို့နယ်၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးစနစ်များသည် ချင်းဓလေ့ထုံးတမ်းများအပေါ် အခြေခံ၍ ဒီမိုကရေစီပြည်သူ့အုပ်ချုပ်ရေး ယန္တရားများဖြင့် တည်ဆောက်သွားမည်”။

“ပလက်ဝမြို့နယ်အတွင်း လွတ်လပ်ရေး မရခင်ကတည်းကပင် အစဥ်အဆက်နေထိုင်လာခဲ့သည့် ဒေသခံ များအားလည်း အတူနေမိသားစုဝင်များအဖြစ်သတ်မှတ်၍ ၎င်းတို့၏ရပိုင်ခွင့်နှင့် လုံခြုံမှုများကို ကာကွယ်စောင့်ရှောက်သွားမည်” ဆိုသည့် အချက်များကိုလည်း IKACC ၏ (၃/၂၀၂၂) ထုတ်ပြန်ကြေညာချက် အရ သိရှိရသည်။

IKACC သည် ULA/AA နှင့် တိုက်ရိုက် ဆက်ဆံမှု မရှိသော်လည်း IKACC မှ ဖွဲ့သည့် Paletwa Council ဒေသန္တာရအုပ်ချုပ်ရေးအစိုးရကို G to G ပုံစံဖြင့် ခူမီးလူမျိုးတို့၏ မျက်နှာကို ထောက်ရှုငဲ့ညှာကာ ULA/AA နှင့် မဟာမိတ်အဆင့် မဟုတ်ဘဲ အပြုသဘောဆောင်သည့် နှစ်ဦးနှစ်ဖက် အကျိုးပြု‌မည့် ဆက်ဆံရေး ရှိသည်ဟု သိရသည်။

Paletwa Council သည် ၂၀၂၄ ခုနှစ်တွင် ပထမအကြိမ် ULA/AA နှင့် တွေ့ဆုံပြီး အောက်ပါအချက်များ ULA/AA နှင့် သဘောတူညီမှု ရရှိခဲ့သည်ဟု သိရသည်။

၁။ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန်။

၂။ ပြည်သူ့ကျောင်းများ တည်ထောင်ရာတွင် ပူးပေါင်းကူညီရန်။

၃။ သယ်ယူပို့ဆောင်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကာကွယ်ရေးတို့တွင် အပြန်အလှန်ပံ့ပိုးရန်။

၄။ မူးယစ်ဆေးဝါးကင်းစင်သော ဇုန်ဖြစ်စေရန် အားပေးရန်။

၅။ ဒုက္ခသည်များကို ခွဲခြားမှုမရှိဘဲ ကာကွယ်စောင့်ရှောက်ရန်။

၆။ တစ်ဖွဲ့နှင့်တစ်ဖွဲ့၏ ထိန်းချုပ်နယ်မြေများကို လေးစားရန်။

၇။ ဖမ်းဆီးထားသူများ(စစ်သည်များ၊ အရပ်သားများ) ကို လွှတ်ပေးရန်။

အလားတူ Chin Brotherhoods(CB)နှင့်လည်း We are one in Chin ဆိုသည့် ဆောင်ပုဒ်ကို မြဲမြဲစွဲကိုင်ပြီး ချင်းပြည်သူလူထုနှင့် ချင်းပြည်ထောင်၏ အနာဂတ်အကျိုးစီးပွားကို ကြည့်ရှု ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။

ထို့အပြင် IKACC သည် Chinland Council ၌ စုဖွဲ့ပြီး ပလက်ဝမြို့နယ်နှင့် ပလက်ဝပြည်သူလူထုတို့အတွက်  Coming – together – federalism ကို Bottom up ကနေ ဖော်ဆောင်နိုင်‌ရေး ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိသည်။တနည်းအားဖြင့် ဆိုရသော် ပလက်ဝပြည်သူလူထုအားလုံး တန်းတူညီမျှရေး၊ သာတူညီမျှရေးကို ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်သည်။

IKACC ဆိုသည်မှာ နှစ်ပေါင်း (၇၀) ကျော် လက်နတ်အားကိုးဖြင့် ဗိုလ်ကျအနိုင်ကျင့်နေသည့် စစ်တပ်၏ ပြည်သူလူထုကို အမှောင်တွင်းထဲ ပိတ်လှောင်ခံခြင်းမှ ဆွဲထုတ်နိုင်ရေးအတွက် ပြည်သူလူထု တော်လှန်ရေးဖြစ်သည့် နွေဦးတော်လှန်ရေးကို ကျရောက်ရာအခန်းကဏ္ဍတွင် စစ်ရေး၊ နိုင်ငံရေး တိုက်ပွဲဝင်ပေးနေသည့် အဖွဲ့ဖြစ်ကြောင်း ကျနော်သိသော IKACC ကို အကျဉ်းချုပ် တင်ပြရင်း နိဂုံးချုပ်လိုက်ပါသည်။

Surai Mang

Leave a Reply

Your email address will not be published. Required fields are marked *