ကလေးခရိုင် (ပကဖ) ဒရုန်းတပ်ဖွဲ့ (Wing of Kalay) ထံ စစ်မှုထမ်းပေါ်တာဆွဲခံခဲ့ရသည့် တပ်သား ၁၄ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်
စက်တင်ဘာလ ၁၇ ရက် ၂၀၂၅၊၊
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ဒရုန်းတပ်ဖွဲ့ (Wing of Kalay) တပ်ဖွဲ့ ထံ ဇူလိုင်လနှင့် သြဂုတ်လအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ အတင်းအဓမ္မ ပေါ်တာဆွဲ ခံခဲ့ရသည့် လူငယ် ၁၄ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခိုလှုံခဲ့ကြောင်း ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်၊၊
အလင်းဝင်ရောက်ခိုသူများကိုင်ဆောင်သည့် လက်နက်ခဲယမ်းများမှာ MA-3 အမျိုးအစား လက်နက်ငယ် ၅ လက်၊ MA-1 အမျိုးအစား လက်နက်ငယ် ၂ လက်၊ လက်ပစ်ဗုံးသီး ၉ လုံး၊ ၆၀ မမ လက်နက်ကြီးကျည် ၄ ဖူး၊ အီနာဂါ ၃ လုံး၊ ကျည်ဘောက် ၁၅ ဘောက်၊ ၅.၅၆ ကျည် ၁၂၀၀ တောင့် တို့နှင့်အတူ ဝင်ရောက်ခိုလှုံခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။
ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရုံးအနေဖြင့် မိမိတို့ ခရိုင် ပကဖ Drone တပ်ဖွဲ့ (Wing of Kalay) တပ်ဖွဲ့ထံ အားကိုး၍ ဝင်ရောက်ခိုလှုံလာသော တိုင်းရင်းသားလူငယ်လူရွယ်များအား အရေးပေါ် ဆုတော်ငွေအဖြစ် တစ်ဦးလျှင် ငွေကျပ် သိန်းသုံးဆယ်စီ ချီးမြှင့်ပေးကြောင်း သိရှိရသည်၊၊
ထို့အပြင် ၎င်းတို့သည် မိမိတို့ တော်လှန်ရေးရဲဘော်များနှင့်အတူ စစ်မိစ္ဆာများအား ပြန်လည်တိုက် ခိုက်လျှက်ရှိကြောင်းလည်း ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ပြောသည်။
ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အနေဖြင့် မင်းအောင်လှိုင် ဦးဆောင်သော အာဏာလုပ် စစ်မိစ္ဆာတစ် သိုက်အား အမြစ်ပြတ်သည်အထိ အခြားသောတော်လှန်ရေး ညီအကိုများဖြစ်သည့် တပ်ရင်း၊ တပ်ဖွဲ့ များနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) လက်အောက်မှ ဆက်လက် တိုက်ပွဲဝင်သွားဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
သတင်း – ပီတာ
