မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ဖေဖော်ဝါရီလ ၂၀ ရက်၊ ၂၀၂၅။

ချင်းပြည်နယ် မင်းတပ်မြို့ကို အကြမ်းဖက် စစ်ကောင်စီတပ်မှ ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက် တစ်နာရီဝန်းကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သွားကြောင်း သိရသည်။

မင်းတပ်မြို့ စံပြရပ်ကွက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက် တစ်နာရီဝန်းကျင်တွင် ပေါင် ၂၅၀ နှင့် ပေါင် ၅၀၀ ဗုံးတို့ဖြင့် နှစ်ကြိမ် ကြဲချတိုက်ခိုက်သွားခြင်းဖြစ်ပြီး ထိခိုက်သေဆုံးသူမရှိသော်လည်း အပျက်အစီးများရှိကြောင်း မင်းတပ်မြို့ခံတစ်ဦးထံမှ သိရသည်။

မင်းတပ်မြို့ကို ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည်  ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင်  သိမ်းပိုက်ခဲ့ပြီးနောက်တွင် ဒေသအုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူများကို ဖေဖော်ဝါရီ ၁၁ ရက်ကစ၍ မြို့တွင်းသို့ပြန်လည်ဝင်ရောက်ခွင့် ပြုထားသော်လည်း ဝင်ရောက်သူနည်းပါးနေကြောင်း ဒေသခံများထံမှ သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *