ငဖဲမြို့နယ်တွင် အရှိုချင်းကာကွယ်ရေးတပ် (ACDF) နှင့် အကြမ်းဖက်စစ်ကောင်စီတပ် ထိတွေ့တိုက်ပွဲဖြစ်ပွား
ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၅။
မကွေးတိုင်း မင်းဘူးခရိုင် ငဖဲမြို့နယ် စပ်စီရွာနှင့် ပျဥ်းဝရွာ ကြား ကားလမ်းမပေါ် (သိန်းလေးဆယ်) ကွေ့နားတွင် အရှိုချင်းကာကွယ်ရေးတပ် ACDF နှင့် အကြမ်းဖက်စစ်ကောင်စီတပ် တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။
မကွေးတိုင်း အမ်း – ပဒန်း ကားလမ်း တောင်ပေါ်ဒေသများရှိ စစ်ကောင်ကောင်စီ တပ်စခန်းအတွက် စစ်ကူရန်လာသည့် စစ်ကောင်စီယာဥ် ရှေ့ပွိုင့် စစ်ကောင်စီတပ်ဖွဲ့နှင့် ACDF ရဲဘော်များ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ရုတ်တရက်တွေ့ဆုံ၍ တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
နှစ်ဘက် ထိတွေ့တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရရှိ၍ ထွက်ပြေးသွားသူများကို ACDF မှ ရှင်းလင်းရေးဝင်နေစဥ် စစ်ကောင်စီတပ် နောက်ပါယာဥ်တန်းမှ ပစ်ကူပေးသည့်အတွက်ကြောင့် လက်နက်အင်အားမမျှ၍ ဆုတ်ခွာခဲ့ရပြီး ခဲယမ်းတစ်ချို့ သိမ်းဆည်းရမိကြောင်း စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။
အရှိုချင်းကာကွယ်ရေးတပ် ACDF မှ ဒေသခံပြည်သူများအား စစ်ရေးအခြေအနေများကို စဉ်ဆက်မပြတ်စောင့်ကြည်၍ အကြမ်းဖက်စစ်ကောင်စီနှင့် နီးစပ်သည့်နေရာများကို အသွားအလာ ရှောင်ကြဉ်ကြရန် သတိပေးနှိုးဆော်ထားပြီးဖြစ်ကြောင်း သိရသည်။
သတင်း – James Roe