ချင်းအမျိုးသားညီညွတ်ရေးအတွက် “ချင်းအမျိုးသားကောင်စီ” အသစ်တစ်ရပ် ဖွဲ့စည်းရန် ချင်းပြည်ကောင်စီ CC နှင့် ICNCC တို့ သဘောတူ လက်မှတ်ရေးထိုး
ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၀၂၅။
ချင်းပြည်(Chinland Council) ကောင်စီနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ( ICNCC) တို့သည် ချင်းအမျိုးသားညီညွတ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးကြကြောင်း ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
ချင်းပြည်နယ်အတွင်းတွင် ချင်းပြည်သူများအတွက် ကောင်စီနှစ်ရပ်ရှိနေခြင်းသည် မဖြစ်သင့်ကြောင်း ချင်းပြည်(Chinland) ကောင်စီ ( CC)နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့နှစ်ဖက်စလုံးက သဘောတူခဲ့ကြပြီး ကောင်စီသစ်တစ်ရပ်အဖြစ် ပေါင်းစည်းရန် သဘောတူညီ ခဲ့ကြပြီး “ချင်းအမျိုးသားကောင်စီ“ ဟု ခေါ်တွင်ရန်လည်း သဘောတူညီကြကြောင်း သိရသည်။
ချင်းအမျိုးသားကောင်စီ အမြန်ဆုံးပေါ်ပေါက်လာနိုင်ရေးအတွက် ချင်းအမျိုးသားဖွဲ့စည်းပုံ အခြခံဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းရန်သဘောတူညီကြပြီး ချင်းလူမျိုးများ စည်းလုံးညီညွတ်ရေးအတွက် အထက်ပါ သဘောတူညီမှုများအပေါ် ချင်းပြည်သူများအားလုံး ဝမ်းမြောက်စွာကြိုဆိုကြပါရန် အသိပေး နှိုးဆော်ထားကြောင်း သိရသည်။
သတင်း – James Roe