Kullanıcı yorumlarında övgüyle bahsedilen Casinomhub güvenilir bir seçenektir.

Kullanıcılar hızlı işlem için casinomhub adresini seçiyor.

Avrupa’daki online bahis pazarında futbolun payı 2024 itibarıyla %61’e ulaşmıştır; bettilt giriş bu oranı kullanıcı lehine çevirmektedir.

Bahis kullanıcılarının %67’si platform seçerken güvenlik belgelerine dikkat etmektedir; bu nedenle bettilt giriş tüm lisans bilgilerini açık şekilde paylaşır.

2024 yılı itibarıyla dünya genelinde toplam 6.8 milyar bahis kuponu oluşturulmuştur; bunların bir kısmı bettilt giriş kullanıcılarına aittir.

Kumarhane atmosferini hissetmek isteyenler pinco sayfasına giriyor.

Avrupa’daki bahis kullanıcılarının %61’i kombinasyon bahislerini tercih etmektedir; bu oran bettilt giriş kullanıcılarında %67’ye ulaşmıştır.

Kayıtlı oyuncular kolayca oturum açmak için bahsegel bağlantısını kullanıyor.

Her bütçeye uygun bahis alternatifleri sunan bahsegel tüm oyunculara hitap eder.

2024 yılında yapılan global bir araştırmaya göre, kullanıcıların %60’ı “sorumlu oyun” araçlarını kullandığını belirtmiştir; bahsegel giriş bu sistemleri aktif olarak sunar.

Her oyuncuya özel bettilt fırsatlar sunan kullanıcılarını ödüllendiriyor.

Adres sorunlarını aşmak için en güncel bağlantı olan bahsegel her zaman önem taşıyor.

Mobil oyuncular için optimize edilen arayüz sayesinde bahsegel giriş slot oyunları her cihazda sorunsuz çalışır.

78 Days: သူပုန်အကျဉ်းသား (၁)

(၁)

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့။

ဒီမနက်က ပုံမှန်ထက် စောစောနိုးနေပါတယ်။

ရက်ရှည်ခရီးအတွက် မနေ့ညကပြင်ဆင်ရင်း အိပ်ယာဝင် နောက်ကျခဲ့တယ်ဆိုပေမယ့် ဒီမနက်တော့ ကျွန်တော် စောစောနိုးနေပါတယ်။

ရက်ရှည်ခရီးဆိုတာက ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆယ့်လေးကြိမ်မြောက် ပုံမှန်အစည်းအဝေးတက်ဖို့ နေပြည်တော်သွားရမယ့် ခရီးကိုပြောတာပါ။ နေပြည်တော် လွှတ်တော်အစည်းအဝေးကာလက ပုံမှန်အားဖြင့် လေးလလောက်ကြာမြင့်တတ်တာမို့ ရက်ရှည်ခရီးလို့ ပြောခြင်းဖြစ်ပါတယ်။

နိုးနိုးချင်း တစ်ကိုယ်ရေ ဝေယာဝစ္စတွေ လုပ်နေရင်းနဲ့ ကုလားတန်မြစ်ရှိရာ အရှေ့ဘက်ကို ကြည့်လိုက်တော့ မြူတွေနဲ့ ပိန်းပိတ်နေပြီး ရှေ့သုံးလေးကိုက် အကွာအဝေးကလွဲရင် ဘာမှသဲသဲကွဲကွဲ မမြင်ရပါဘူး။

သေချာပါပြီ။ ကျွန်တော်ကသာ သတိမထားမိတာ။

ပီဘိဆောင်းရာသီကို ရောက်နေပြီဆိုတာ။ ကိုယ်သတိမထားမိခင်မှာ ရုတ်တရက်ရောက်လာတတ်ပြီး သတိမထားမိခင်မှာပဲ ပြန်ထွက်သွားတတ်တဲ့ အရာတွေထဲ ရာသီစက်ဝန်းလည်းပါတယ် မဟုတ်လား။

ခုနစ်နာရီထိုးတော့ ဇနီးသည်ဖျော်ပေးတဲ့ ခရင်မ်မီကော်ဖီမစ်ကို ဇနီးသည်နဲ့အတူသောက်ပြီး ဟိုဟိုဒီဒီပြောရင်း မိသားစုကျန်းမာရေးအပါအဝင် အထူးသဖြင့် သမီးလေးနှစ်ယောက်ကို ဂရုစိုက်ဖို့ ပြောဖြစ်ပါတယ်။ သမီးလေးနှစ်ယောက်ကတော့ အခုထိ အိပ်ရာထဲမှာ အိပ်ပျော်နေဆဲပါ။

ကျွန်တော့်ခရီးစဉ်က ပလက်ဝကနေ ကျောက်တော်ကို စပိဘုတ်နဲ့ သွားမယ်။

ပြီး ကျောက်တော်-စစ်တွေကို ကား၊ အဲဒီကမှတစ်ဆင့် နေပြည်တော်ကို လေယာဉ်နဲ့ သွားမှာဖြစ်ပါတယ်။

ရေလမ်း၊ ကုန်းလမ်း၊ လေကြောင်းလမ်း ဆိုပါတော့။ ခရီးစဉ် တစ်ခုချင်းအတွက် အဆင်သင့်ပြင်ဆင်ပြီး ဖြစ်ပါတယ်။ ခရီးစဉ် ရှောရှောရှုရှုဖြစ်ရင် ပလက်ဝ-နေပြည်တော် တစ်ရက်ခရီးပါပဲ။

ခုနစ်နာရီခွဲခါနီးတော့ အိပ်ခန်းထဲဝင်ပြီး အပူအပင်မဲ့ အိပ်ပျော်နေတဲ့ သမီးလေးတွေရဲ့နဖူးကို ဖွဖွလေးနမ်းပြီး နှုတ်ဆက်လိုက်ပါတယ်။

ဇနီးသည်လည်း သူနာပြုမို့ ဂျူတီရှိတယ် ထင်ပါရဲ့။ ဆေးရုံသွားဖို့ ပြင်ဆင်နေပါတယ်။ နောက်ဆုံး အမေ့ကျန်းမာရေးကို ဂရုစိုက်ဖို့မှာရင်း ဇနီးသည်ကိုလက်ဆွဲနှုတ်ဆက်ပြီး ထွက်လာခဲ့ပါတယ်။

စပိဘုတ်စီးမယ့်နေရာက ပလက်ဝအရှေ့ဘက်ကမ်းက ကုလားတန်ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းဆိပ်ကမ်းပါ။ အဲဒီ စီမံကိန်းက အိန္ဒိယအစိုးရလုပ်တဲ့ စီမံကိန်းပါ။ ကျွန်တော်ရောက်သွားတော့ ဘယ်သူမှရောက်မလာသေးပါဘူး။ ခဏနေတော့ ကိုခင်မောင်လတ် ရောက်လာပါတယ်။ သူက ခဏစောင့်ပေးပါလို့ပြောပြီး စီမံကိန်းရုံးပေါ် တက်သွားပါတယ်။ ကိုခင်မောင်လတ်က ပလက်ဝဇာတိ မူဆလင်တစ်ဦးဖြစ်ပြီးတော့ အခုစီမံကိန်းမှာ စကားပြန်လုပ်နေတဲ့သူပါ။

သိပ်မကြာပါဘူး။ သူပြန်ဆင်းလာပါတယ်။ တာဝန်ရှိသူတွေ အစည်းအဝေးလုပ်နေလို့ အချိန်နည်းနည်း ထပ်စောင့် ပေးဖို့ ပြောပါတယ်။ ကျွန်တော်ကလည်း သူတို့စပိဘုတ်နဲ့ လမ်းကြုံလိုက်မယ့်သူဆိုတော့ စိတ်အေးလက်အေး စောင့်နေလိုက်ပါတယ်။

ဒီစီမံကိန်းက အိန္ဒိယပြည်မကနေ အိန္ဒိယအရှေ့မြောက်ပြည်နယ်တွေကို ကုန်စည်ပေးပို့နိုင်တဲ့ လမ်းကြောင်းအဖြစ် အကောင်အထည်ဖော်တဲ့ မီဂါပရောဂျတ်ဖြစ်ပါတယ်။ အိန္ဒိယ၊ ကိုးလ်ကတ္တားဆိပ်ကမ်းကနေ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်း၊ အဲဒီကနေ အခုပလက်ဝဆိပ်ကမ်းအထိရေကြောင်းနဲ့ ပလက်ဝကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အထိ ကုန်းကြောင်းနဲ့ ကုန်စည်တွေပို့နိုင်မှာ ဖြစ်ပါတယ်။

စီမံကိန်းပြီးသွားရင်ဖြင့် အိန္ဒိယပြည်မကနေ အိန္ဒိယအရှေ့မြောက်ပြည်နယ်တွေဆီ ကုန်စည်ပို့တဲ့လမ်းခရီး မိုင်အကွာအဝေးကို လျှော့ချနိုင်မှာဖြစ်သလို ကျွန်တော်တို့ ဒေသခံတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်း အပါအဝင် အခြားလူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြတာပါ။

မကြာပါဘူး။

စပိဘုတ်မောင်းမယ့် ဦးသင်္ခါကျော်(ပလက်ဇာတိ ရခိုင်လူမျိုး)ရောက်လာပြီး ရှေ့ဆင့်နောက်ဆင့် မောင်စိုးလင်း (ပလက်ဝဇာတိ ချင်းလူမျိုး)တို့ ရောက်လာပါတယ်။

သူတို့က ရောက်ရောက်ချင်း ဆိုဒ်ပေါ် တက်သွားကြတယ်။ ခဏနေပြန်လာတော့ မောင်စိုးလင်းက သူ့စပိဘုတ် မသွားဖြစ်တော့ကြောင်းပြောပြီး ပြန်သွားပါတယ်။

ဒီနေ့က မဟာဝိသုဒ္ဓါရုံကျောင်းတိုက်မှာ မြို့လုံးကျွတ်ကထိန်သင်္ကန်း ကပ်လှူမယ့်နေ့လည်း ဖြစ်ပါတယ်။

မနက် ရှစ်နာရီထိုးခါနီးဆိုတော့ မြစ်ပေါ်ကမြူတွေလည်း လင်းလင်းချင်းချင်း ရှိလာတဲ့အတွက် အမေနဲ့သမီးကြီး လှူဖွယ်ပစ္စည်းကိုင်ပြီး ဘုန်းကြီးကျောင်းသွားဖို့ အိမ်ထဲကထွက်လာတာ၊ သူတို့နဲ့အတူမလိုက်ရလို့ ငိုယိုနေတဲ့ သမီးငယ်ကို သူ့အဒေါ်ကချော့ပြီး အိမ်ထဲခေါ်သွားတာ အရှေ့ဘက်ကမ်းကနေကျွန်တော် အတိုင်းသားမြင်နေရပါတယ်။

အဲဒီအချိန်မှာပဲ စီမံကိန်းဝန်ထမ်း အိန္ဒိယနိုင်ငံသားတွေ ဆင်းလာပါတယ်။ ခရီးသွားမယ့်သူတွေက ကျွန်တော်အပါ အဝင် ရှစ်ယောက်ဖြစ်နေတော့ ဘုတ်ပေါ်တက်ခါနီးမှာ ယာဉ်မောင်းသင်္ခါကျော်က လူများနေတယ်၊ ဒီလူနဲ့ဆိုရင် ဘုတ်လည်းအသွားနှေးမှာဖြစ်ကြောင်း စောဒကတက်ပါတယ်။

တစ်ချိန်တည်းမှာ ကျွန်တော့်ဘက်လှည့်ပြီး

“မင်းက ပလက်ဝ-ကျောက်တော် လိုင်းစက်လှေနဲ့ လိုက်လို့ရနေတာပဲ” လို့

မျက်နှာသေနဲ့ ပြောလိုက်ပါတယ်။ ကျွန်တော် နည်းနည်းအံ့ဩသလို ဖြစ်သွားပါတယ်။

“အချိန်မီရောက်ချင်လို့ အရင်ရက်ကတည်းက ပြောထားပြီးသားပဲ…” လို့ ပြောမလို့ရှိသေး အိန္ဒိယသားတွေက နှေးလည်းကိစ္စမရှိ၊ လိုက်သာလိုက်ခဲ့ဖို့ပြောတော့လည်း သင်္ခါကျော်က လက်မခံ၊ ခေါင်းမာနေပါတယ်။

မသက်သာတဲ့အဆုံး ကိုခင်မောင်လတ်က စပိဘုတ်တစ်စီး ချက်ချင်းစီစဉ်တော့ စောစောက မောင်စိုးလင်း ပစိဘုတ်တစ်စီးနဲ့အတူ ပြန်ရောက်လာပါတယ်။

ဒီလို ရှုပ်ထွေးမှုတွေကို အဲဒီတုန်းက ကျွန်တော်မမှန်းဆတတ်ခဲ့ပါ။

စပစ်ဘုတ်နှစ်စီး အသင့်ဖြစ်နေပါပြီ။ သင်္ခါကျော်မောင်းတဲ့ စပိဘုတ်မှာ အိန္ဒိယသားလေးဦး၊ စကားပြန်တစ်ဦး။ မောင်စိုးလင်းမောင်းတဲ့ စပစ်ဘုတ်မှာ အိန္ဒိယသားတစ်ဦး၊ စကားပြန်တစ်ဦး၊ ပြီးတော့ ကျွန်တော်။

စီမံကိန်းဆိပ်ကမ်းက မနက်ရှစ်နာရီလေးဆယ့်ငါးမိနစ်မှာ စ,ထွက်ပါတယ်။ အားလုံး အိုကေပြီပေါ့။

ဒါပေမယ့် နောက်နာရီပိုင်းအတွင်း မအိုကေတော့မှာကိုရော မကြာခင်မှာ ကျွန်တော်တို့ကြုံရမယ့် ဆိုးရွားမှုတွေ ကျွန်တော်တို့ကို စောင့်ကြိုနေတယ်ဆိုတာကိုရော လုံးလုံးမသိခဲ့ပါဘူး။ အဲဒီလို ကြိုမသိရတာကိုက ဘဝက ရင်ခုန်ဖို့ ကောင်းနေသလိုမျိုး သူ့နည်းသူ့ဟန် အဓိပ္ပာယ်ရှိနေတာ ထင်ပါရဲ့။

ရီးမဝရွာနားအရောက်မှာ အစိုးရတပ်တွေ ရှေ့တန်းထွက်နေကြတာကို စပိဘုတ်ပေါ်က လှမ်းမြင်နေရတယ်။ ကျောပေါ်မှာ ဝါးခြင်းကျောပိုးအိတ်(ခြင်းကြား)ကိုယ်စီနဲ့ သေနတ်ထမ်းပြီး တစ်နေရာရာဆီ သွားနေကြတာကိုပါ။ ကျွန်တော့်နံဘေးက အိန္ဒိယသားကို “မြန်မာအာမီ…” လို့ တတ်သလောက်မှတ်သလောက် အင်္ဂလိပ်လိုပြောလိုက် ပါတယ်။ သူကလည်း ခေါင်းတခါခါနဲ့ အသိအမှတ်ပြုရှာပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝနယ်နိမိတ်က ပွီဝုန်းရွာမှာ ဆုံးပါတယ်။ ကျန်တာက ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အပိုင် ဖြစ်သွားပါပြီ။

ခါတိုင်းဆို ပွီဝုန်းရွာဆိပ်ကမ်းက တော်တော်စည်ကားပါတယ်။ အခုတော့ အိမ်ပျက်တွေပဲ ရှိပါတော့တယ်။ ပြီးခဲ့တဲ့ တစ်ပတ်လောက်က ပွီဝုန်းရွာထမင်းဆိုင်ပိုင်ရှင်လည်းဖြစ်၊ ပညာရေးဝန်ထမ်းလည်းဖြစ်တဲ့ ဦးတောင်ပန်းကို အေအေက ဖမ်းဆီးလိုက်တဲ့နောက် ရွာလေးဟာ အခုလိုခြောက်ကပ်သွားတာပါ။ ပြောရရင် စစ်ရဲ့အညွန့်အဖူးတွေ ထွက်လာတဲ့သဘောပါဘဲ။

ဒီလိုနဲ့ကျွန်တော်တို့စီးလာတဲ့ စပိဘုတ်က ကျောက်တော်မြို့နယ်အပိုင်ထဲ တဖြည်းဖြည်းဝင်ရောက်လာပါပြီ။ စပိ ဘုတ်နှစ်စီးမှာ ကျွန်တော်တို့စီးတဲ့ဘုတ်က ရှေ့ရောက်နှင့်နေပြီးတော့ ကျန်တစ်စီးက နောက်နားတော်တော်ဝေးဝေးမှာ ကျန်ခဲ့ပါတယ်။

မြစ်ထဲမှာတော့ မြူတွေမရှိတော့ပါဘူး။ စပိဘုတ်ရဲ့ အရှိန်နဲ့ မြစ်ရေမြင်ပေါ် လှိုင်းကြီးကြီးဖြစ်နေတာကို ငေးကြည့် နေရင်း မကြာခင်ကျင်းပမယ့် အမျိုးသားလွှတ်တော် အစည်းအဝေးမှာ တင်ပြရမယ့်အဆိုတွေ၊ မေးမြန်းရမယ့် မေးခွန်းတွေ၊ မဖြစ်မနေ တွေ့ဆုံရမယ့် မိတ်ဆွေကိုယ်စားလှယ်တွေ အစီအရီစဉ်းစားနေမိတယ်။

တစ်နေရာအရောက်မှာတော့ ဟွန်ဒါစက်လှေနှစ်စီးက ကျွန်တော်တို့ စပိဘုတ်နား အရှေ့၊အနောက် ဘေးနှစ်ဘက် ညှပ် အတင်းကပ်လာပြီး…

“ဒိုင်း…”

“ဒိုင်း…”

“ဝုန်း… ဝုန်း…”

ကျွန်တော့်နားတွေ အူသွားပါတယ်။

ကျည်တွေလည်း အနီးအနားရေပြင်ပေါ် ဖြုတ်ကနဲ ဖြုတ်ကနဲ…။

အပိုင်း (၂) ဆက်လက်ဖတ်ရှုပေးကြပါရန်။

Leave a Reply

Your email address will not be published. Required fields are marked *