ဟားခါးမြို့ရှိ ပြည်သူ့စစ် ၃ ဦး CDF- Hakha အဖွဲ့ထံ အလင်းဝင်ရောက်
ဧပြီလ ၁၅ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ၂၆၆ ဗျူဟာကုန်းမှ ပြည်သူ့စစ် ၃ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ဧပြီလ ၁၃ ရက်နေ့တွင် CDF-Hakha အဖွဲ့သို့ အလင်းဝင်ရောက်ကြောင်း Chinland Defense Force-Hakha အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါပြည်သူ့စစ် ၃ ဦးသည် MA1 တစ်လက်၊ MA3 တစ်လက်နှင့် MA11တို့နှင့်အတူ အလင်းဝင် ရောက်ခြင်းဖြစ်ကြောင်းသိရပြီး အလင်းဝင်သူများကို Chinland Defense Force-Hakha အဖွဲ့မှ အမြဲတမ်းကြိုဆိုကြောင်းနှင့် ငွေသားဆုကြေးများချီးမြှင့်သည့်အပြင် လုံခြုံသည့်နေရာသို့ ရောက်သည်အထိ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်ရန် ဆန္ဒမရှိတော့၍ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းချင်သူများကို အမြဲတမ်းကြိုဆိုကြောင်းနှင့် လုံခြုံသည့်နေရာရောက်သည်အထိ တာဝန်ယူပေးမည်ဟု CDF-Hakha ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်း- အားသစ်