တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေး မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ ထုတ်ပြန်

တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေး မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ ထုတ်ပြန်

၂၀၂၅၊ ဧပြီလ ၁၆ ရက်။

မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက မရာနယ်မြေအတွင်း တောရိုင်းတိရိစ္ဆာန်များ မျိုးသုံးပျောက်ကွယ်ခြင်းမရှိစေရေး ရည်ရွယ်ချက်ဖြင့် အမဲလိုက်ခြင်း အပါအဝင် ငှက်ပစ်ခြင်းနှင့် ငါးမိုင်းခွဲခြင်းတို့ကို တားမြစ်ကြောင်း ယနေ့ ဧပြီလ ၁၆ ရက်နေ့ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် မရာနယ်မြေအတွင်း ဧပြီလ ၁၆ ရက်နေ့မှစ၍ ဇွန်လကုန်အထိ ငှက်ပစ်ခြင်း၊ ဖမ်းဆီးခြင်း၊ အမဲလိုက်ခြင်းအပါအဝင် မြစ်ချောင်းများတွင် ရှော့တိုက်ခြင်း၊ ဓာတုဆေးများအသုံးပြုခြင်းနှင့် ငါးမိုင်းခွဲခြင်းများကို လုံးဝ(လုံးဝ)တားမြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါတားမြစ်ချက်များကို လိုက်နာခြင်းမရှိပါက ပြည်ထဲရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဌာမှ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

သတင်း- အားသစ်

Leave a Reply

Your email address will not be published. Required fields are marked *