ကန်ပက်လက်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဧပြီလအတွင်း ဗုံးကြဲတိုက်ခိုက်မှု

ကန်ပက်လက်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဧပြီလအတွင်း ဗုံးကြဲတိုက်ခိုက်မှု

ဧပြီလ ၁၉ ရက်၊ ၂၀၂၅။

ချင်းပြည်၊ ကန်ပက်လက်မြို့ကို အကြမ်းဖက်စစ်ကောင်စီက ၂၀၂၅ ခုနှစ် ဧပြီလအတွင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်း ၇ ကြိမ် ပြုလုပ်ခဲ့သောကြောင့် အဆောက်အဦးများစွာပျက်ဆီးကာ အသက် ၄၀ အရွယ် ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး အသက် ၁၆ နှစ် အရွယ် လူငယ် ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဧပြီလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။

အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖိုက်တာဖြင့် ပေါင် ၃၀၀ နှင့် ပေါင် ၅၀၀ ဗုံးများ အသုံးပြု၍ ကန်ပက်လက်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူနေအိမ် ၁၈ လုံး လုံးလုံးပျက်စီးသွားရကာ ၃၀ လုံးသည် တစ်စိပ်တစ်ပိုင်းပျက်စီးပြီး ဌာနပိုင်အဆောက်အဦး ၁၄ လုံးနှင့် ရိပ်သာအဆောက်အဦး ၁ လုံး ပျက်စီးခဲ့ပြီး စုစုပေါင်း ၆၃ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ကန်ပက်လက်မြို့နယ်နှင့် ကန်ပက်လက်မြို့ပေါ်နေ ပြည်သူများအနဖြင့် လေကြောင်းရန် အထူးဂရုပြု နေထိုင်ကြရန်နှင့် စည်းလုံးမှု၊ စုစည်းမှုအားကောင်းပြီး တိကျသေချာသော သတင်းများကို တစ်ဦးကိုတစ်ဦး သတင်းပေးခြင်းဖြင့် ကူညီကြရန် ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်ကို သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *