ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ဧပြီလ ၂၉ ရက်၊ ၂၀၂၅။

ချင်းပြည်၊ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ ကို ဧပြီလ ၂၇ ရက် ည ၈ နာရီ ၃၀ မိနစ် ခန့်တွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဝေဘူလမြို့ရှိ နှစ်ခြင်းဘုရားကျောင်းအပါအဝင် လူနေအိမ် ၁၅ လုံး ပျက်စီးသွားခဲ့ပြီး ဒေသခံပြည်သူ ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကလေးမြို့နယ်တောင်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေကာ အကြမ်းဖက်စစ်ကောင်စီသည် လေကြောင်းဖြင့် ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်မှုများ အဆက်မပြတ် ပိုမိုလုပ်ဆောင်နေသည်ကို တွေ့ရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *