ကုလားတန်ဘက်စုံစီမံကိန်းတွင် ပါဝင်သည့် ဆိုင်းရန်ဘူတာရထားလမ်း စမ်းသပ်မောင်းနှင်

ကုလားတန်ဘက်စုံစီမံကိန်းတွင် ပါဝင်သည့် ဆိုင်းရန်ဘူတာရထားလမ်း စမ်းသပ်မောင်းနှင်

မေလ ၂ ရက်၊ ၂၀၂၅။

ကုလားတန်ဘက်စုံစီမံကိန်းတွင် ပါဝင်သည့် မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့အနီးရှိ ဆိုင်းရန်ဘူတာသို့ မေလ ၁ ရက်နေ့တွင် ရထားစတင်စမ်းသပ်မောင်းနှင်ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်သို့ ပထမဆုံးအကြိမ် ရထားဝင်ရောက်လာခြင်းဖြစ်ပြီး ၎င်းရထားလမ်းသည် အာသံပြည်နယ် ဘိုင်ရာဘီဘူတာမှ မိုင် ၃၂ မိုင် ရှည်လျားပြီး ၂၀၁၅ ခုနှစ်တွင် survey စတင်၍ အိန္ဒိယ ရူပီး ၈၆၀၅ ကု‌ဋေ ကုန်ကျခဲ့ကြောင်း သိရသည်။

ထိုစီမံကိန်းသည် အိုက်ဇောလ်မှတဆင့် နယ်စပ် ဇိုရီပွီး – ချင်းပြည်၊ ပလက်ဝအထိ ကုန်လမ်းဖောက်လုပ်ရန် စီစဉ်ထားသည့် အပြင် အိုက်ဇောလ်မှတဆင့် နယ်စပ် ဇိုခေါ်ထာရ် – ကလေးမြို့အထိလည်း ကုန်လမ်းဖောက်လုပ်ရန် အိန္ဒိယက စီမံထားကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *