အောင်လံမြို့နယ် အရှိုချင်းလူမျိုးများနေထိုင်သည့် ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

အောင်လံမြို့နယ် အရှိုချင်းလူမျိုးများနေထိုင်သည့် ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

မေလ ၁၀ ရက်၊ ၂၀၂၅။

မကွေးတိုင်း၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ကန်သာယာကျေးရွာကို ယခုတစ်ပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် အရပ်သား လေးဦး ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အများပြား ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် မေလ ၈ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရှိုချင်းလူမျိုးများနေထိုင်သည့် ကန်သာကျေးရွာကို ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံးသီးသုံးလုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ကာ တစ်လုံးမှာ မပေါက်ကွဲပဲ ကျန်ရှိနေကြီး နှစ်လုံးမှာပေါက်ကွဲခဲ့ရာ ရွာဦးဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ကန်သာယာကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ပြီးခဲ့သည့် မေလ ၄ ရက်နေ့နှင့် မေလ ၅ ရက်နေ့နှင့် ဧပြီလ ၅ ရက်နေ့တို့တွင်လည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ရွာသားလေးဦး ထိခိုက်ဒဏ်ရာရရှိပြီး လူနေအိမ်များ အပျက်အစီးအဆုံးရှုံးနှင့် နွား ၁၀ ကောင်ကျော် ထိခိုက်သေဆုံးခဲ့ကာ ဒေသခံများသည်လည်း ကျေးရွာတွင် မနေထိုင်ရဲတော့ဘဲ အနီးအနားရှိ ဆွေမျိုး၊ အသိမိတ်ဆွေများ ရှိသည့် ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသထံများထံမှ သိရသည်။

ကန်သာယာကျေးရွာသည် အိမ်ခြေ ၁၀၀ ခန့်ရှိပြီး အရှိုချင်းလူမျိုးများ နေထိုင်သည့်ကျေးရွာဖြစ်ပြီး အနီးနားဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *