ဆရာဆလိုင်းသောင်းကျော် ရေးသားပြုစုသည့် ခူမီးလူမျိုးနှင့် ပလက်ဝမြို့နယ် စာအုပ် စတင်ဝယ်ယူနိုင်ပြီ

ဆရာဆလိုင်းသောင်းကျော် ရေးသားပြုစုသည့် ခူမီးလူမျိုးနှင့် ပလက်ဝမြို့နယ် စာအုပ် စတင်ဝယ်ယူနိုင်ပြီ

မေလ ၁၀ ရက်၊ ၂၀၂၅။

ချင်းပြည်၊ ပလက်ဝမြို့နယ်၊ ခရစ်ယာန်သာသနာ နှစ် (၁၀၀)ပြည့် အထိမ်းအမှတ်နှင့် ခူမီးစာပေ နှစ် (၁၀၀)ပြည့် အထိမ်းအမှတ်အနေဖြင့် ထုတ်ဝေသည့် ခူမီးလူမျိုးနှင့် ပလက်ဝမြို့နယ် စာအုပ်ကို ၂၀၂၅ ခုနှစ် မေလ ၈ ရက်နေ့မှစ၍ ပုံနှိပ်ထုတ်ဝေ ပြီးစီးပြီးဖြစ်ကာ  ပြည်တွင်း/ ပြည်ပ အနှံ့ဖြန့်ချိ ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။

ခူမီးလူမျိုးနှင့် ပလက်ဝမြို့နယ် စာအုပ်ကို စာရေးဆရာ ဆလိုင်းသောင်းကျော်က ရေးသားပြုစုထားပြီး စာအုပ်ထဲတွင် ပလက်ဝဌာနီခူမီးလူမျိုးများရပ်ဝန်း၊ ခေတ်စနစ်အဆက်ဆက် ခူမီးလူမျိုးများ၏ ဘဝရှင်သန်မှု၊ ပလက်ဝမြို့နယ်သို့ ဝင်ရောက်လာသည့် ဘာသာတရားများ၊ ပလက်ဝမြို့နယ်သို့ ခရစ်ယာန်သာသနာ ရောက်ရှိ ပျံ့နှံ့လာခြင်း၊ ပလက်ဝမြို့နယ် ဒေသအနှံ့သို့ ခရစ်ယာန်သာသနာ ရောက်ရှိပျံ့နှံ့လာခြင်းနှင့် ပလက်ဝမြို့နယ် ခရစ်ယာန်အသင်းတော်များနှင့် အသင်းအဖွဲ့လှုပ်ရှားမှု စသည့် အပိုင်း(၆) ပိုင်းဖြင့် ရေးသားပြုစုထားသည်ကို သိရသည်။

“ကျွန်တော်တို့ ပလက်ဝမြို့နယ်နဲ့ ပတ်သက်ရင် စာအုပ်ထုတ်ဝေမှု နည်းပါးလှတဲ့အတွက် အခုလို ကြိုးစား ထုတ်ဝေမှုကို လက်ကမ်း ကြိုဆို ကြရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ဝင်စားသူများ ဆက်သွယ် ဝယ်ယူနိုင်ဖို့အတွက် သတင်းကောင်း ပါးလိုက်ပါတယ်…” ဟု ချင်းတို့ဌာနီက ပြောထားသည်။

ခူမီးလူမျိုးနှင့် ပလက်ဝမြို့နယ် စာအုပ်ကို အောက်ပါလိပ်စာကတဆင့် မှာယူနိုင်ကြောင်း သိရသည်။

ခူမီးဧဝံဂေလိအသင်းတော် (KEC)

၇/၁၆၈၊ ပြည်တော်သာလမ်း၊ (၂၅) ရပ်ကွက်၊

အုတ်ဖိုမှတ်တိုင်၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း – 09458349023, 09440979341

Viber – 09458349023

သတင်း –  James Roe

Leave a Reply

Your email address will not be published. Required fields are marked *