ဂန့်ဂေါမြို့နယ်၊ လယ်မရွာတွင် အကြမ်းဖက်စစ်ကောင်စီက ကလေးသူငယ် ၄ ဦး အပါအဝင် ၁၁ ဦးကိုသတ်ဖြတ်

ဂန့်ဂေါမြို့နယ်၊ လယ်မရွာတွင် အကြမ်းဖက်စစ်ကောင်စီက ကလေးသူငယ် ၄ ဦး အပါအဝင် ၁၁ ဦးကိုသတ်ဖြတ်

မေလ ၁၄ ရက်၊ ၂၀၂၅။

မကွေးတိုင်း၊ ဂန့်ဂေါမြို့တောင်ပိုင်း၊ လယ်မကျေးရွာကို ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့ နံနက် ၂ နာရီ ဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်ရင်း ခလရ ၅၀ က ဝင်ရောက်စီးနင်းခဲ့ပြီး ကလေးသူငယ် ၄ ဦးအပါအဝင် အရပ်သားပြည်သူ ၁၁ ဦးကို လူမဆန်စွာ သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။

လယ်မကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာတွင် မှိုင်းဝေ(၁၃ နှစ်)၊ လျှံထွန်း(၁၂ နှစ်)၊ သီဟလင်း(၁၅ နှစ်)၊ မျိုးသီဟ(၁၅ နှစ်)၊ ကျော်စန်းခိုင်(၂၄နှစ်)၊ သက်ပိုင်ဦး(၂၃ နှစ်)၊ အောင်ကြည်မင်း(၃၉ နှစ်)၊ နေလင်းဦး(၂၅ နှစ်)၊ ညီလေး (၂၇ နှစ်)၊ ဂျွန်ဂိုဝင်း(၁၉ နှစ်) နှင့် ကျော်မြတ်သူ(၁၉ နှစ်) တို့ကို လူမဆန်စွာ သတ်ဖြတ်သွားပြီး အရပ်သားပြည်သူ ၂၃ ဦးကို ခလရ ၅၀ တပ်ရင်းရှိရာသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးသွားသည့် ၂၃ ဦးထဲမှ ၁၃ ဦးကို မနက်ပိုင်းတွင် ပြန်လွတ်ပေးခဲ့သော်လည်း အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း ၁၀ ဦးကို ဆက်လက်ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ဂန့်ဂေါမြို့နယ်သတင်းအရင်းအမြစ်မှ သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *