Kullanıcı yorumlarında övgüyle bahsedilen Casinomhub güvenilir bir seçenektir.

Kullanıcılar hızlı işlem için casinomhub adresini seçiyor.

Avrupa’daki online bahis pazarında futbolun payı 2024 itibarıyla %61’e ulaşmıştır; bettilt giriş bu oranı kullanıcı lehine çevirmektedir.

Bahis kullanıcılarının %67’si platform seçerken güvenlik belgelerine dikkat etmektedir; bu nedenle bettilt giriş tüm lisans bilgilerini açık şekilde paylaşır.

2024 yılı itibarıyla dünya genelinde toplam 6.8 milyar bahis kuponu oluşturulmuştur; bunların bir kısmı bettilt giriş kullanıcılarına aittir.

Kumarhane atmosferini hissetmek isteyenler pinco sayfasına giriyor.

Avrupa’daki bahis kullanıcılarının %61’i kombinasyon bahislerini tercih etmektedir; bu oran bettilt giriş kullanıcılarında %67’ye ulaşmıştır.

Kayıtlı oyuncular kolayca oturum açmak için bahsegel bağlantısını kullanıyor.

Her bütçeye uygun bahis alternatifleri sunan bahsegel tüm oyunculara hitap eder.

2024 yılında yapılan global bir araştırmaya göre, kullanıcıların %60’ı “sorumlu oyun” araçlarını kullandığını belirtmiştir; bahsegel giriş bu sistemleri aktif olarak sunar.

Her oyuncuya özel bettilt fırsatlar sunan kullanıcılarını ödüllendiriyor.

Adres sorunlarını aşmak için en güncel bağlantı olan bahsegel her zaman önem taşıyor.

Mobil oyuncular için optimize edilen arayüz sayesinde bahsegel giriş slot oyunları her cihazda sorunsuz çalışır.

78 Days သူပုန်အကျဉ်းသား အပိုင်း(၈)

အကျဉ်းကျရဲဘော်တွေက နေ့တိုင်းလိုလို ရေဆင်းခပ်ကြရပါတယ်။ ခြေချင်းတန်းလန်းကြီးနဲ့ ရေငါးဂါလံပုံးကို ထမ်း၊ တစ်ရက်သုံးလေးကြိမ်လောက်ခပ်ရပါတယ်။ ဗိုလ်မှူးရုံးအဖွဲ့နဲ့ ကျွန်တော်တို့နေတဲ့ တောင်ကုန်းအတွက် ခပ်ပေးရတာပါ။

ရဲဘော်တွေချွေးတလုံးလုံးနဲ့ ရေပုံးထမ်းရတာမြင်တော့ ကျွန်တော်ဖြင့် မကြည့်ရက်ဘူး။

ရဲဘော်တွေကတော့ရေခပ်အပြန်လမ်းက “တောဂွေးသီး”တွေ ခူးလာပေးတတ်ပါတယ်။ ငယ်ငယ်ကတောထဲ ငှက်ပစ်သွားရင်း အဲဒီအသီးတွေ စားဖူးတာ သတိရမိပါသေးတယ်။ ချဉ်/ဖန်အရသာရှိတယ်။ အသီးစားပြီး ရေနည်းနည်းသောက်လိုက်ရင် ချိုတဲ့အရသာရှိတယ်။

ဒီရောက်နေတာ တစ်ပတ်ကျော်လာပြီဆိုတော့ မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးတွေ ရှည်လာတယ်။ ဆံပင်လည်းရှည် လာတယ်။ ကိုယ့်မျက်နှာ ကိုယ်မမြင်ရ၊ ကြည့်ရအောင်မှန်လည်းမရှိ။ ဆံပင်ကတော့ ထားလိုက်တော့။ ဒီနေ့တော့ ကင်းစောင့်ရဲဘော်ငယ်တွေဆီက ပလိတ်ဒါးတစ်ချောင်းတောင်းပြီး မုတ်ဆိတ်မွေးရိတ်ဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ ကိုယ့်ရဲ့ဖြစ်တည်မှုကို မေ့မေ့ပျောက်ပျောက်ရှိလိုက်၊ သတိရလာလိုက်နဲ့ လုံးချာလည်လိုက်နေပါတယ်။

မေ့မေ့ပျောက်ပျောက်ရှိနေတဲ့ အချိန်တွေဆို အကျဉ်းကျရဲဘော်တွေနဲ့ စကားစမြည်ပြောလိုက်၊ ရီမောလိုက်နဲ့ တစ်ကိုယ်ရည်ခံစားရတဲ့ ခန္ဓာကိုယ်ရဲ့နာကျင်မှုနဲ့ စိတ်ကခံစားရတဲ့ ဝေဒနာတွေ ခဏတာမေ့ပျောက်နိုင်ပါရဲ့။ ဒါပေမယ့် ကိုယ့်ရဲ့လက်ရှိဖြစ်တည်မှုကို ပြန်သတိရမိတဲ့ အချိန်တွေဆို တောင်စဉ်ရေမရအတွေးနဲ့ တော်တော်ခံရ ခက်ပါတယ်။

လူတစ်ယောက်ရဲ့ အနာဂတ်က အခြားသူတစ်ယောက်ရဲ့ လက်ထဲရောက်နေတယ်ဆိုတာမျိုးက ဘယ်လိုခံစားရလဲ မေးရင် ကျွန်တော့်ဆီမှာ စကားလုံးမရှိပါဘူး။ တစ်ခါတလေ မိုးကောင်းကင်ကိုမော့ကြည့်ဖြစ်တဲ့အခါတောင်မှ အပြာရောင် အာကာသခုံးခုံးကြီးက ကိုယ့်အတွက်လှောင်အိမ်ကြီးတစ်ခုလို ခံစားရပါတယ်။

မဖြစ်မနေစကားပြောရမယ်ဆိုရင် “ဒီနေ့ထိ သံခြေချင်းခတ်ထားတယ်၊ ထိတ်တုံးခတ်ထားတယ်…” ဆိုတဲ့ စကားပါပဲ။

***

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်။

ကျွန်တော် ဒီရောက်နေတာ ၁၂ ရက်ရှိပါပြီ။ ဒါက မနက်နိုးနိုးချင်း မဖြစ်မနေသတိရမိတဲ့ အချက်ပါ။

ဒီမနက်မှာဖြင့် အပြင်ရာသီဥတုက ကြည်လင်တောက်ပနေပါတယ်။

ဆောင်းရာသီရဲ့ ပြီးပြည့်စုံခြင်း အချက်အလက်တွေ ဥပမာ- အေးစိမ့်နေတဲ့ ခပ်ဆတ်ဆတ်လေတွေတိုက်တာ၊ မြူတွေပိန်းပိတ်နေတာ၊ မနက်ဆယ်နာရီခွဲလောက်မှ နေပွင့်တာ… စတာတွေ အကုန်လုံးပြည့်စုံနေပါပြီ။

ဒီကာလရဲ့ ခက်ခဲပင်ပန်းမှုတွေကို ဖြေဖျောက်ရင်း တစ်ရက်ပြီးတစ်ရက် ဖြတ်သန်းလာခဲ့ပါတယ်။

နေ့စဉ်ကြုံရတဲ့ အချက်အလက်နဲ့ စိတ်ခံစားချက်တွေကို ရရင်ရသလိုမှတ်တမ်းအဖြစ် ရေးမှတ်နေတာကလွဲရင် တစ်နေ့တာကို ဘာပြီးရင်ဘာလုပ်မယ်ဆိုတဲ့ စနစ်တကျ အစီအစဉ်လုပ်ထားတာမျိုးလည်း မရှိပါဘူး။ ရှင်သန်နေ ထိုင်မှုက တစ်နေ့တာရဲ့ အချိန်အပိုင်းအခြားကို ကိုယ်တိုင်ကိုယ်ကျရေးဆွဲထားတဲ့ အချိန်ဇယားမှမရှိတာပဲ။

ကိုယ်ပိုင်ဆုံးဖြတ်ချက် ချမှတ်တာမျိုးဆိုလို့ အိပ်ချိန်တစ်ခုပဲ ရှိတာလေ။

တစ်ရက်ပြီးတစ်ရက် ဖြတ်သန်းလာခဲ့ရတဲ့ ဒီရက်ပိုင်းတွေမှာ အချို့အချိန်တွေဆို အပြင်ရာသီဥတုကိုလည်း သတိမထားနိုင်ခဲ့ပါဘူး။

ဆောင်းရာသီရဲ့ ညဘက်အအေးဒဏ်ကို ဘယ်လိုဖြတ်သန်းရမလဲဆိုတဲ့ အတွေးနဲ့တင် တစ်နေ့တာအတွက် လုံ လောက်နေခဲ့ပါတယ်။ ဒီလိုနေ့ရက်တွေက ပျင်းရိငြီးငွေ့စရာ ကောင်းသလားလားဆိုတာလည်း ဝေခွဲမရ။

ထူးထူးခြားခြား ဒီနေ့မနက် ထမင်းပွဲကိုတော့ ကျွန်တော့်တစ်သက် မေ့နိုင်မယ်မထင်ပါ။ အမျိုးအမည်မသိတဲ့ အရွက်ကိုချက်ထားတဲ့ တစ်မည်တည်းသော ဟင်းကြောင့်ပါ။

ဘယ်လိုချက်ထားမှန်းမသိ၊ ဟင်းရည်ပျစ်ပျစ်နဲ့ တော်တော်ချဉ်ပါတယ်။ ချဉ်တာမှ ချဉ်စုပ်နေအောင် ချဉ်တာပါ။ ကျွန်တော် ဘယ်လိုမှ စားလို့မရ။

ထမင်းကို အားရှိရုံစားတဲ့သဘောနဲ့ ခပ်သုတ်သုတ်စားနေမိပါတယ်။ စားရင်းနဲ့လည်း မျက်ရည်ဝဲချင်ချင် ဖြစ်မိသေးတယ်။ ထမင်းမကုန်ပါ။ ကျန်တဲ့ထမင်းကို အနားက ရဲဘော်တစ်ယောက်ကို ပေးလိုက်ပါတယ်။

ဒီနေ့အထိ သံခြေချင်းနဲ့ ထိတ်တုံးခတ်ခံထားရပေမယ့်လည်း ထူးပြီးဝမ်းနည်းတာ မရှိတော့သလိုမျိုး၊ နိစ္စဓူဝဖြတ်သန်းရမယ့် သာမန်ညတွေကို ဖြတ်သန်းနေရသလိုမျိုး။ အချို့ညတွေဆို ဘာခံစားချက်မှမရှိဘဲ ဒီအတိုင်းဖြတ် သန်းခဲ့ရတာလည်း ရှိရဲ့။

ညတွေဟာ ကျွန်တော့်အတွက် သူစိမ်းဖြစ်လိုက်၊ မိတ်ဆွေသူငယ်ချင်းဖြစ်လိုက်နဲ့။

***

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်။

ကျွန်တော် ဒီရောက်နေတာ ၁၃ ရက်ရှိပါပြီ။

ရာသီဥတုက အေးသထက်အေးလာပါတယ်။ ပုံမှန်တိုက်နေကျ ဆောင်းလေက အအေးဓာတ်ပိုကဲစေပါတယ်။ ပုံမှန်လည်ပတ်နေတဲ့ ရာသီစက်ဝန်းက ကျွန်တော်တို့လူသားတွေရဲ့ တစ်ကိုယ်ရေရုန်းကန်မှုတွေ၊ အုပ်စုလိုက်စုဖွဲ့ တိုက်ခိုက်မှုတွေကို ဂရုစိုက်ဟန်မရှိပါဘူး။ သူ့ပုံမှန်လည်ပတ်နေကျအတိုင်း၊ လုပ်ရိုးလုပ်စဉ်အတိုင်း သူ့သဘောသူ ဆောင်နေတာမျိုးပါ။

ချင်းပြည်နယ်ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး အေအေသူပုန်လက်ထဲ မတရားဖမ်းဆီးခံနေရတယ် ဆိုတာမျိုး၊ အစားဆင်းရဲ အနေဆင်းရဲ ဖြစ်နေရရှာတယ် ဆိုတာမျိုး ဘယ်သိလိမ့်မတုန်း။ ဦးဝှေ့တင်းခင်ဗျာ အေးရှာရော့မယ်၊ တို့ဘက်က အအေးနည်းနည်းလျှော့ပေးရအောင်ဆိုပြီး ဘယ်ဆောင်းရာသီက အအေးလျှော့ပေးတာ ရှိလိမ့်မတုန်း။

ဒီမနက်တော့ မနေ့ကနဲ့ မတူပြန်ပါဘူး။ စည်သွပ်ပလာတူးငါးဟင်းနဲ့ မနက်စာစားရပါတယ်။ ငါးတစ်ကောင်ရယ်၊ အရည်လေးနည်းနည်းဆမ်းစားလို့ ရနေတာနဲ့ ထမင်းတော်တော် မြိန်ပါတယ်။

အေအေလက်ထဲ ရောက်နေတဲ့ ဆယ်ရက်ကျော်အတွင်းမှာ စားရသမျှထဲ အမြိန်ဆုံးလို့ မှတ်တမ်းရေးလိုက် ပါတယ်။

သာမန်အချိန်မှာ ဟင်းတစ်မည်လို့တောင်ပြောမှာမဟုတ်တဲ့ စည်သွပ်ပတာတူးဟင်းက ကျွန်တော့်အတွက် တော် တော်မြိန်တဲ့ ထမင်းတစ်နပ်ဖြစ်နေတာကို တစ်သက်မေ့နိုင်မယ်မထင်။

ပွင့်ပွင့်လင်းလင်းဝန်ခံရင် အဲဒီထမင်းတစ်နပ်အတွက်ကိုပဲ အေအေတာဝန်ရှိသူတွေကို ကျေးဇူးတင်မိပါတယ်။ ဘယ်လိုပဲ အနေဆင်းရဲနေပါစေ၊ ပစ္စက္ခကြုံရတဲ့ ခန္ဓာငါးပါးရဲ့ သာယာမှုကိုလည်း ပုထုစဉ်လူသားပီပီ တပ်မက်မှုကရှိသေးတယ် မဟုတ်လား။

ဒီလိုတွေတွေးမိပြန်တော့လည်း ထမင်းတစ်နပ်အတွက် ကျေးဇူးတရားသိတတ်တာက ဖြစ်သင့်တဲ့အရာပဲ။

ဒါပေမယ့် ခန္ဓာငါးပါးရဲ့ သာယာမှုကို တပ်မက်နေတာမျိုးဆိုရင် ကိုယ့်ကိုယ်ကိုယ် မသတီသလိုလို ဖြစ်မိပြန်တယ်။ အာဂယောင်္ကျားဆိုတဲ့ ဂုဏ်သိက္ခာဘယ်မှာတုန်း၊ ကေသရာဇာခြင်္သေ့မင်းတို့များ ကံနိမ့်နေချိန်တောင် ဘယ်တော့မှ မြက်မစားဘူးဆိုတဲ့ ဆိုရိုးစကားရှိတာပဲ။

ဘာမဟုတ်တဲ့ ထမင်းတစ်လုတ်အတွက် ငါကတုန်လှုပ်နေရမှာလား။

ကျွန်တော်နဲ့ ဦးဝှေ့တင်းကြား ပဋိပက္ခဖြစ်နေတာ။ တစ်ယောက်ကိုတစ်ယောက် ကဏ္ဋကောစ လုပ်နေတာ။

ကိုယ့်ရဲ့စိတ်ကူးအတွေးထဲတင် အဆင်မပြေတဲ့အခါ ငါနဲ့ငါလည်း ရန်ဖြစ်ရတယ်။

***

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်။

ကျွန်တော် ဒီရောက်နေတာ ၁၄ ရက်ရှိပါပြီ။

မနက်နိုးကတည်းက ခန္ဓာကိုယ်ကိုက်ခဲပြီးနာကျင်နေတယ်။

အသားငါးဟင်း မစားရတာကြာတာရယ်၊ အစားအသောက်မမှန်တာတာရယ်ကြောင့် အဟာရချို့တဲ့တယ် ထင်ပါရဲ့။ အရင်ရက်တွေလည်း အဲလိုဖြစ်ဖူးပေမယ့် ဒီနေ့တော့ တော်တော်ဆိုးဆိုးဝါးဝါး ခံစားရပါတယ်။

လက်နှစ်ဘက်လည်း တုန်တုန်ရီရီနဲ့။ ဟိုအရင်ရက်က စစ်ကြောရေးမှာ အထိုးခံထားရတဲ့ ရင်ညွှန့်ကလည်း တော်တော်အောင့်လာသလို အသက်ရှုလိုက်တိုင်း နည်းနည်းနာနေပါတယ်။

မသက်သာတဲ့အဆုံး တာဝန်ရှိသူတွေဆီ ကျန်းမာရေးမကောင်းကြောင်း သတင်းပို့တော့ ညနေ ၅ နာရီမှာ လာကြည့်ပေးမယ်လို့ အကြောင်းပြန်ပါတယ်။

ညနေ ၅ နာရီလောက်မှာ အရင်စစ်ကြောရေးမှာ ကျွန်တော့်ကို လက်သီးနဲ့ထိုးခဲ့တဲ့ တပ်ကြပ်ကြီးဆေးမှူးကပဲ လာ ကြည့်ပြီး သွေးတိုးတိုင်းပေးပါတယ်။ သူ့မျက်နှာမြင်တော့ စိတ်ထဲအလိုလိုထင့်ကနဲ ဖြစ်သွားပါတယ်။ သူ့အပေါ် ကျွန်တော်လိုလိုလားလား မရှိပါ။

သူကတော့ မဟုတ်တဲ့အတိုင်း အခုမှ စ,တွေ့ဖူးတဲ့လူနာတစ်ယောက်ကိုစမ်းသပ်ပေးနေသလို ဟိုစမ်းဒီစမ်းနဲ့။ ပြီးတော့ သွေးနည်းနည်း တိုးနေကြောင်းပြောပါတယ်။ သူ့တပည့်တစ်ယောက်က အပူချိန်တိုင်းပေးပါတယ်။ အပူတော့  မရှိဘူးလို့ ပြောပါတယ်။

သောက်ဆေး ၃ ရက်စာပေးတယ်။ အားနည်းနေတဲ့အတွက် အားဆေးတစ်လုံး ချိတ်ပေးမယ်လို့ပြောပြီး အားဆေး ပုလင်းတစ်လုံးချိတ်ပေးတာ ည ရ နာရီလောက်မှာ ပြီးသွားပါတယ်။

အဲဒီညမှာလည်း အေအေရဲ့ ကျွန်တော့်အပေါ်ထားတဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း သိခဲ့ရပြန်ပါတယ်။

ဘယ်လိုပဲ နေမကောင်းဖြစ်နေစေဦး သူတို့(အေအေ)က ကျွန်တော့်အပေါ် အကျဉ်းသားတစ်ဦးပဲဆိုတဲ့ သဘောထားကို ခိုင်ခိုင်မာမာဆုပ်ကိုင်ထားပုံ ရပါတယ်။

အဲဒါကို သက်သေပြတဲ့အနေနဲ့ သံ‌ခြေချင်းခတ်မြဲ၊ ထိပ်တုံးခတ်မြဲပါပဲ။

***

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်။

ကျွန်တော် ဒီရောက်နေတာ ၁၅ ရက်ရှိပါပြီ။

ဒီနေ့တော့ တော်တော်လေး နေသာထိုင်သာရှိသွားပါတယ်။ လူကလည်း လန်းလန်းဆန်းဆန်း ပြန်ဖြစ်လာပါတယ်။

ကျွန်တော့်ကျန်းမာရေးကိစ္စကို အထက်လူကြီးတွေဆီ တင်ပြတယ်ထင်ပါရဲ့။

ရေဒီယိုသတင်းကနေ ဦးဝှေ့တင်း ကျန်းမာရေးချို့တဲ့နေတဲ့အကြောင်းကို အေအေပြောခွင့်ရ ခိုင်သုခကပြောကြောင်း အေအေရဲဘော်တွေဆီက တစ်စွန်းတစ်စ ကြားရပါတယ်။

ကျွန်တော် ထိတ်ကနဲဖြစ်သွားပါတယ်။ ဒီသတင်းက ဘယ်နည်းနဲ့မဆို မိသားစုနဲ့ အသိမိတ်ဆွေတွေ မဖြစ်မနေကြားရမှာပဲ။ အရင်ဆုံးသတိရမိတာ အမျိုးသမီးပါ။ လူမမယ်သမီးလေးနှစ်ယောက်နဲ့ အားငယ်နေရှာပါလိမ့်မယ်။ ကျွန်တော် ကျန်းကျန်းမာမာ ရှိနေပါတယ်ဆိုတာကို တစ်နည်းနည်းနဲ့ ပြောခွင့်ရရင် သိပ်ကောင်းမှာ။ စိတ်ထဲနင့်ကနဲ ဖြစ်မိပါတယ်။

ပြီးတော့ အမေ။ အိုကြီးအိုမနဲ့၊ သူ့သားအတွက် ဘယ်လောက်များ စိတ်ပူပန်နေရှာမလဲ။ ချင်းဓလေ့မှာ သူတစ်ပါး လက်ထဲ အချုပ်အနှောင်ခံရတယ်ဆိုတာ အင်မတန် ကံဆိုးမိုးမှောင်ကျမှုတစ်ခုလို့ ယုံကြည်ထားကြတယ် မဟုတ်လား။

မိခင်တွေက ကိုယ်ဝန်စ,လွယ်ကတည်းက နွယ်ပင်ကရတဲ့ အသီးအရွက်တွေ ရှောင်ရတယ်။ အဲဒါဟာ မွေးလာတဲ့ ကလေး အချုပ်အနှောင်မခံရစေနဲ့ဆိုတဲ့ အဓိဋ္ဌာန်ပဲ။ သားသမီးတွေအပေါ်ထားတဲ့ မာတာမိခင်တို့ရဲ့ သိင်္ဂါမြစ်တစ် စင်းလို တသွင်သွင်စီးနေတတ်တဲ့ ဘယ်တော့မှလည်း ခမ်းခြောက်သွားမှာမဟုတ်တဲ့ မေတ္တာတွေ။

ကျွန်တော့်အမေဟာ ကျွန်တော့်ကိုမွေးလာတဲ့အချိန်မှာလည်း…၊ အမေသာ ဒီသတင်းကို ကြားရင်…။ အတွေးစကို ရပ်ပစ်လိုက်ပါတယ်။ ဆက်တွေးဖို့ အင်အားမရှိ။ အချို့အရာတွေက ဆက်မတွေးဘဲ အတွေးစ,ကို ရပ်ထားနိုင်မှ စိတ်သောကကို ဖြတ်နိုင်မယ် မဟုတ်လား။

ကျွန်တော့်ကိုဖြင့် ဒီနေ့အထိလည်း ကျွန်တော့်ကို သံခြေချင်းခတ်ထားဆဲ… ထိတ်တုံးခတ်ထားဆဲပါပဲ။

***

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၈၊ ၁၉၊  ရက်။

ကျွန်တော် ဒီရောက်နေတာ ၁၇ ရက်ရှိပါပြီ။

ဒီနေ့မနက် ၁၀ နာရီလောက်မှာ တိုက်လေယာဉ်တစ်စီး ကျောက်တော်ဘက်ကနေ ပလက်ဝဘက်ပျံသွားတာတွေ့ ရပါတယ်။ ကုလားတန်မြစ်ရဲ့ အရှေ့ဘက်တောင်ကြောအတိုင်း ပျံဝဲနေတာကို တဲထဲကနေ မြင်ရတာပါ။

တစ်ချို့ရဲဘော်ငယ်တွေက အပြင်ထွက်ပြီးမှန်ဘီလူးနဲ့ ကြည့်နေကြတယ်။ ပလက်ဝဘက်တိုက်ပွဲဖြစ်နေတာ နေလိမ့်မယ် ဆိုတာလောက်နဲ့ပဲ စိတ်အစဉ်ကို ရပ်ထားလိုက်ပါတယ်။

ဒီရက်ပိုင်း ကျွန်တော့်စိတ်တွေ ဟာလာဟင်းလင်းဖြစ်နေပါတယ်။ ခင်မင်ရတဲ့ သူငယ်ချင်းတွေ၊ ယုံကြည်အားကိုးရတဲ့ မိတ်ဆွေကောင်းတွေ၊ ယုံကြည်ချက်တူလို့ လက်တွဲခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း မေ့မေ့ပျောက်ပျောက် ဖြစ်နေခဲ့ပါတယ်။

သူတို့ကို သတိမရတာထက် ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်သတိရနေတတ်တာမျိုးပါ။ ငါ အေအေလက်ထဲ ဖမ်းဆီးခံနေရတယ်။ သံခြေချင်းခတ်ခံထားရတယ်။ ထိပ်တုံးခတ်ခံထားရတယ်။ လွတ်မယ့်ရက်ကို သေသေချာမသိ။ အဲဒီ အတွေးတွေနဲ့ပဲ လုံးချာလည်နေတာပါ။

ဒါကြောင့် မြတ်ဗုဒ္ဓက “သူတစ်ပါး ဆင်းရဲဒုက္ခကို ကယ်တင်ချင်ရင် ကိုယ်ကိုယ်တိုင် ဒုက္ခကင်းအောင် အရင်လုပ်…” လို့ ဟောတော်မူခဲ့တာပဲ။ ကိုယ်တိုင်က ဒုက္ခရောက်နေချိန်မို့ ကိုယ့်စိတ်အစဉ်ကလည်း ကိုယ့်ဆင်းရဲဒုက္ခထဲမှာပဲ တဝဲဝဲလည်လည် ဖြစ်နေတာလေ။

ဒုက္ခဆင်းရဲကြုံရတဲ့အချိန် ခန္ဓာကိုယ်ခံစားရတဲ့ဆင်းရဲခြင်းနဲ့ စိတ်ကခံစားရတဲ့ဆင်းရဲခြင်း ပြိုင်တူရောက်လာတာမျိုးဖြစ်ပါတယ်။ ဘယ်အရာက ပိုခံရခက်လည်းမေးရင် အဲဒီနှစ်ခုက အပြန်အလှန်ချိတ်ဆက်နေတာဖြစ်လို့ မဖြေတတ်ပါဘူး။

ဥပမာပြောရရင် သံခြေချင်းခတ်တဲ့ ခြေထောက်ကနာကျင်ကိုက်ခဲနေတယ် ဆိုပါစို့၊ အဲဒါနဲ့ဆက်စပ်ပြီး ဒီဝေဒနာက ဘာကြောင့်ခံစားနေရတာလဲ ဆိုတာကစ,ပြီး ဘာကြောင့်ခံစားရတာ…၊ ဘယ်သူ့ကြောင့်ခံစားရတာ…၊ ငါက မတရားခံရတာအဆုံး စိတ်ဝေဒနာတွေ ရောက်လာတော့တာပါပဲ။

ဒါပေမယ့် သူတစ်ပါးအပေါ် ဒေါသမသင့်အောင် ကိုယ့်ကိုယ်ကိုယ် အတတ်နိုင်ဆုံးသတိကပ်ပြီး နေနေပါတယ်။

ဒီနေ့အထိ သံခြေချင်းနဲ့ ထိပ်တုံးနဲ့ ဖြတ်သန်းနေရတယ် ဆိုပေမယ့်ပေါ့။

***

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်။

ဒီနေ့က ကျွန်တော်အေအေလက်ထဲ အကျဉ်းသားတစ်ယောက်အနေနဲ့ ရောက်နေတာ ၁၈ ရက်ရှိသွားပါပြီ။

ဒီနေ့တော့ စခန်းတစ်ခုလုံးအတွက် ဝက်တစ်ကောင်ပေါ်မယ်ဆိုတဲ့သတင်း ဦးဦးဖျားဖျားကြားရပါတယ်။ အဲဒီ သတင်းကြားတော့ ကျွန်တော်တောင် ကိုယ့်အဖြစ်ကိုယ်မေ့ပြီး ရောယောင်ပျော်နေမိပါသေးတယ်။

ဒီရောက်နေတာ ၁၈ ရက်ပဲ ရှိသေးတယ်ဆိုပေမယ့် ကျွန်တော့်စိတ်ထင် ၁၈ နှစ်များလား ထင်မိနေတဲ့ အဖြစ်ကိုး။ ဒီတော့ ဝက်သားရဲ့အရာသာက ဘယ်လိုပါလိမ့်ဆိုပြီး မေ့တေ့တေ့ဖြစ်နေတာမျိုးပေါ့။

ဒီလိုခံစားမှုမျိုးက ဘယ်လိုကြောင့် ဘယ်လိုခံစားရတာမျိုးဆိုပြီး ပညတ်တင်ရှင်းပြဖို့ တော်တော်မလွယ်တဲ့ ကိစ္စပါ။ တော်တော်မလွယ်ဆို ကျွန်တော်ဆိုရင် ကိုယ်တိုင်ဒုတ်ဒုတ်ထိ ခံစားရတာတောင်မှ ခင်ဗျားတို့ နားလည်အောင် မရှင်းပြတတ်ပါဘူး။ ဒီလိုခံစားမှုမျိုး ခံစားဖို့လည်း မကြိုးစားမိဖို့ ဒီနေရာကနေ တိုက်တွန်းချင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်ရောက်နေတဲ့နေရာနဲ့ ၃ မိုင်လောက်ဝေးတဲ့ အောင်သာယာဆိုတဲ့ ရွာကနေ ရောက်လာတဲ့ ဝက်တစ်ကောင်ဟာ (မရိုသေ့စကား) ကျွန်တော်ဆီ ညနေစာအဖြစ် အဆီများတဲ့ ဝက်သားတစ်တုံးအနေနဲ့ ရောက်လာခဲ့ပါတယ်။

အနန္တော အနန္တ ငါးပါးရဲ့ ကျေးဇူးတရားကို ဒီနေရာက ဦးတင်ပါရဲ့။

အဲဒီညစာ ထမင်းမြိန်ပါတယ်။

***

အပိုင်း(၉) ဆက်လက်ဖက်ရှုပါရန်

Leave a Reply

Your email address will not be published. Required fields are marked *