ဟားခါးမြို့ရှိ စစ်ကောင်စီ တပ်သားနှစ်ဦးနှင့် ရဲတစ်ဦး အလင်းဝင်ကာ စစ်ကောင်စီတပ်သားတစ်ဦးကို ဖမ်းဆီးရရှိ

ဟားခါးမြို့ရှိ စစ်ကောင်စီ တပ်သားနှစ်ဦးနှင့် ရဲတစ်ဦး အလင်းဝင်ကာ စစ်ကောင်စီတပ်သားတစ်ဦးကို ဖမ်းဆီးရရှိ

မေလ ၁၉ ရက်၊ ၂၀၂၅။

ဟားခါးမြို့ရှိ စစ်ကောင်စီ တပ်သားနှစ်ဦးနှင့် ရဲတစ်ဦး တို့သည် လက်နက်ခဲယမ်းများနှင့်အတူ ပြီးခဲ့သည် ‌မေလ ၁၅ ရက်နေ့နှင့် ၁၇ ရက်နေ့တွင် အလင်းဝင်ရောက်လာပြီး စစ်ကောင်စီတပ်သားတစ်ဦးကို မေလ ၁၅ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း CDF – HaKha က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။

CDF – HaKha အနေဖြင့် အလင်းဝင်ရောက်လာသူများကို နွေးထွေးစွာကြိုဆိုလက်ခံပြီး ငွေသားဆုကြေးများ ချီးမြှင့်ခဲ့ပြီး လုံခြုံသည့်နေရာ ရောက်ရှိသည်အထိ တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ လက်အောက်တွင် တာဝန်မထမ်းဆောင်ချင်ဘဲ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းချင်သူများကို အမြဲတမ်း ကြိုဆိုကြောင်းနှင့် လုံခြုံသည့်နေရာ ရောက်သည်အထိ တာဝန်ယူမည်ဖြစ်ကြောင်း CDF – HaKha အသိပေးကြေညာထားသည်ကို သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *