AAတို့၏ လှုပ်ရှားမှူနဲ့ပတ်သက်ပြီး ပလက်ဝကောင်စီအတွင်းရေးမှူးနဲ့အထူးတွေ့ဆုံခြင်း

ပလက်ဝမြို့နယ်အတွင်း လက်ရှိ အာရက္ခတပ်တော် ULA/AA ရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ပလက်ဝကောင်စီ အတွင်းရေးမှူး ဆလိုင်းအောင်လင်း နဲ့ VAZU News သတင်းဌာနမှ အထူးတွေ့ဆုံမေးမြန်း

မေလ ၂၁ ရက်၊ ၂၀၂၅။

ချင်းပြည်၊ ပလက်ဝမြို့နယ်အတွင်း လက်ရှိ အာရက္ခတပ်တော် ULA/AA ရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ပလက်ဝကောင်စီ အတွင်းရေးမှူး ဆလိုင်းအောင်လင်း နဲ့ VAZU News သတင်းဌာနမှ အထူးတွေ့ဆုံမေးမြန်းထာကို သိရပါတယ်။ အရင်ဦးဆုံးပြောရမယ် ULA/AA ရဲ့ စစ်ကောင်စီလက်ထဲကနေ ပလက်ဝမြို့နယ်ကို သိမ်းပိုက်ပြီးတဲ့အချိန်မှာပေါ့ သိမ်းပိုက်ပြီးတဲ့နောက်ပိုင်းမှာ ပလက်ဝကို နယ်မြေ ၇ ခုနဲ့ဖွဲ့ပြီးမှ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်နေတာ ရှိပါတယ်။ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့အချိန်မှာ သူတို့ဟာသူတို့ အတက်နိုင်ဆုံး ပညာရေးတို့၊ ကျန်းမာရေးတို့ စတဲ့အားဖြင့် စစ်ရှောင်တွေရဲ့ ဝန်ဆောင်မှုတွေရော ဒေသအရေး ဖွံ့ဖြိုးအောင်ဖွံ့ဖြိုးကြောင်း စတာတွေကို နယ်မြေ ၇ ခုကနေ သက်ဆိုင်ရာနယ်မြေမှူးတွေ၊ အုပ်ချုပ်ရေးမှူးတွေ ခန့်အပ်ပြီးမှ သူ့ဌာနအလိုက် အစိုးလိုမျိုးဝန်ဆောင်မှုတွေ သူ့ဌာနအလိုက် ဆောင်ရွက်ပြီးတော့ ပလက်ဝနယ်မှာ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတာရှိပါတယ်။ ဒါက ULA/AA ရဲ့ လက်ရှိအနေအထားမှာ ဆောင်ရွက်နေတဲ့ လှုပ်ရှားမှုအနေအထား ဖြစ်ပါတယ်။ တစ်ဖက်မှာဆိုရင်လည်း စစ်ရေး၊ စစ်ရေးဆိုလို့ရှိရင်တော့ လက်ရှိအနေအထားမှာတော့ သူတို့အတွက်က ပလက်ဝနယ်မှာ စစ်ကောင်စီတွေ ကင်းစင်တဲ့ဟာမျိုးဖြစ်တဲ့အတွက်ကြောင့် လက်ရှိမှာစစ်ရေးလှုပ်ရှားမှုတော့ မရှိဘူး။ သို့သော် စစ်ကောင်စီဘက်ကကျတော့ မျှော်မှန်းမထားတဲ့ အချိန်အခါလိုမျိုးမှာ အပေါ်ကနေ (လေကြောင်း) ဗုံးကြဲတာမျိုးတွေ ရှိနေတဲ့အနေအထားပေါ့။ စစ်ရေးနဲ့ အုပ်ချုပ်ရေးယန္တရားဝန်ဆောင်မှုတွေ လှုပ်ရှားနေတဲ့အရာ ဖြစ်ပါတယ်။ လူထုတွေရဲ့လှုပ်ရှားမှု၊ နေထိုင်မှုတွေက ဘယ်လိုရှိနေလဲဆိုကတော့ အခုလက်တလော ဖြစ်ပျက်နေတဲ့ မုဒိန်းမှု ကိစ္စ၊ လူသတ်မှုကိစ္စ၊ ပါစတာတစ်ဦးကို အပြစ်မဲ့ ထိုးကြိတ်တယ် ရိုက်နှက်တယ် ဆိုတဲ့ကိစ္စမျိုးတွေ လူထုကြားမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ အများကြီး ရှိနေတယ်။ ပလက်ဝမြို့နယ်ဟာ စစ်ကောင်စီက အာဏာမသိမ်းခင်အတည်းက စစ်မြေပြင်နေရာလိုမျိုး ဖြစ်တာပေါ့လေ။ လက်လှမ်းမီသလောက် လေ့လာထားတာကို ကြည့်မယ်ဆိုရင် ပလက်ဝနယ်မှာ ULA/AA အနေနဲ့ စစ်ရေးဖော်ဆောင်လာတာဆိုလို့ရှိရင်တော့ ၂၀၁၅ မတ်လ ၂၈ ရက် ကတည်းက ဖြစ်ပါတယ်။ ၂၀၁၅ မတ်လ ၂၈ ရက် ကတည်းကနေ စစ်ရေးအားဖြင့် ဖော်ဆောင်တယ်။ အဲဒီအထဲမှာ အကြီးကျယ်ဆုံးက ၂၀၁၈ – ၂၀၁၉ မှာ ဖြစ်ခဲ့တဲ့ စစ်ရေးပေါ့။ အုပ်စုနှစ်စုလုံးနီးပါးလောက် ကျွန်တော်တို့ လူထုတွေudk ဗုံးကြဲတော့ ULA/AA နဲ့ ဒီဗမာ့စစ်တပ် နဲ့ ဖြစ်တဲ့အချိန်မှာ အများကြီး နစ်နာဆုံးရှုံးမှုတွေရှိတာပေါ့။ အဲဒါ အကြီးကျယ်ဆုံး ဖြစ်ပါတယ်။ အဲဒီကနေ တဖြတ် ရပ်ပြီးမှ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ပြန်လည်ပြီး ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်ကနေ သူတို့ ပြန်ပြီး စစ်ရေးပြန်ဖော်ဆောင်လာတယ်။ စစ်ရေး ပြန်ဖော်ဆောင်လာတဲ့အချိန်မှာ ပလက်ဝမြို့နယ်ကို ပြန်သိမ်းပိုက်နိုင်တာကတော့ ကျွန်တော်တို့သိတဲ့အတိုင်းပဲ ၂၀၂၄ ဇန်နဝါရီ ၁၄ မှာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး အခင်းအကျင်းတွေကြားထဲမှာ ပလက်ဝနယ်မှာရှိတဲ့ ပြည်သူလူထုတွေအပေါ်ကို ကြည့်မယ်ဆိုရင် လူထုရဲ့အခြေအနေဆိုတာထက် ပလက်ဝရဲ့ Conflict ကို အရင်ဆုံး စဉ်းစားရတာပေါ့လေ။ အများကြီးသော လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြုံတွေ့နေရတယ်။ (နှစ်ဖက်သော အဖွဲ့အစည်းက ကျူးလွန်တာပေါ့။) ပလက်ဝက စစ်မြေပြင်ဖြစ်တဲ့အတွက်ကြောင့်မလို့ မြေမြှုပ်မိုင်းတွေ နင်းမိပြီးမှ သေဆုံးတာမျိုး၊ ခန္ဓာကိုယ် အစိတ်အပိုင်းပျက်စီးတာမျိုးတွေ၊ အလိုလိုနဲ့ လူတွေပျောက်သွားတာတွေ၊ ဘယ်ရောက်သွားလဲ၊ သေဆုံးသွားတာလား၊ ဘယ်အဖွဲ့အစည်းက ဖမ်းဆီးခေါ်ဆောင်သွားတာလာဲ ဆိုတဲ့ဟာမျိုး၊ ရုပ်လုံးတွေ ပျောက်တဲ့ဟာမျိုးတွေ ရှိတယ်။ နောက်တစ်ခုကျတော့ နှစ်ဖက်စလုံးကနေ ပေါ်တာဆွဲခံရတာတွေရှိတယ်။ ဒါက စစ်ရေး၊ စစ်ရာကြောင့်မလို့ အဲလို ပြုလုပ်တာတွေ ရှိတယ်။ ပေါ်တာဆွဲတယ်ဆိုတဲ့နေရာမှာ လမ်းပြခေါ်တာမျိုးတွေ၊ သူတို့ရဲ့စားနပ်ရိက္ခာကို ထမ်းခိုင်းတာမျိုးတွေ၊ ဖမ်းဆီးခံရတာမျိုးတွေ ဒါတွေ အများကြီးကြုံတွေ့နေရတာတွေ ရှိတယ်။ ဒီနောက်ပိုင်းမှာဆိုရင်(ULA/AA က ပလက်ဝကိုသိမ်းပြီးနောက်ပိုင်း) ကျွန်တော်တို့ အများကြီးသိရတဲ့အတိုင်းပဲ လက်ရှိအနေအထားမှာ မုဒိန်းမှုတွေ ပေါ်လာတယ်။ လူသတ်မှုတွေလည်း ပေါ်လာတယ်။ အများကြီးပဲ ဒီဟာမျိုးတွေကတော့ အခုကြုံနေရတဲ့ အဖြစ်အပျက်ဖြစ်တယ်။ ပြီးတော့ ရိုက်နှက်ခြင်း ခံရနေရတာမျိုးတွေ အခု အဲလိုမျိုးကြုံနေရတယ်။ လူထုရဲ့အနေအထားမှာ အများကြီး ဒီလို Conflict တွေ အများကြီး ကြုံတွေ့ရတဲ့အတွက်ကြောင့် သူတို့သိမ်းပြီးနောက်ပိုင်း (ဇန်နဝါရီ ၁၄ ကတည်းကနေ) အတော်များများ ချင်းလူမျိုးတွေဟာ အဲဒီ Conflict ထဲကနေ ရှောင်လာတာ၊ ထွက်ပြေးလာတာမျိုးတွေ များတယ်။ အခု အဲလိုမျိုးအခြေနေရှိတဲ့အခါမှာ တချို့တွေကတော့ ကျန်ခဲ့တာတွေလည်း ရှိပါတယ်။ အများစုကတော့ မီဇိုရမ်ထဲမှာသော်လည်းကောင်း၊ ရန်ကုန်ဖက်သော်လည်းကောင်း၊ အိန္ဒိယနယ်ထဲမှာ ဒေလီတို့မျိုးမှာ ရောက်ရှိနေထိုင်ကြတယ်။ ပြီးတော့ ပြည်ပမှာ အလုပ်လုပ်ဖို့သွားတဲ့ (မလေးရှားတို့ စင်္ကာပူတို့ကို) ထွက်ရင်းနဲ့ အများကြီး တိမ်းရှောင်တာမျိုးတွေ ရှိတာပေါ့။ ဒါက ပလက်ဝလူထုတွေရဲ့ စစ်ရေးမြေပြင်ရဲ့ Conflict ကြားမှာ ပြည်သူလူထုတွေရဲ့ လက်ရှိရဲ့ အခြေအနေ ဆိုတဲ့ဟာမျိုးကို ပြောချင် ဆွေးနွေးချင်တာ ဖြစ်ပါတယ်… လို့ ပလက်ဝကောင်စီ အတွင်းရေးမှူး ဆလိုင်းအောင်လင်းက ဖြေကြားသွားပါတယ်။ သတင်း – James Roe News Source – VAZU News

Leave a Reply

Your email address will not be published. Required fields are marked *