ပလက်ဝတွင် အေအေတပ်ဖွဲ့က စစ်သုံ့ပန်း၊ ရဲသုံ့ပန်းနှင့် မိသားစုဝင်များကို (၈) ကြိမ်မြောက်လွှတ်ပေး
မေလ ၂၅ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ကုလားတန်မြစ်ဖျားပိုင်းနှင့် ပလက်ဝမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်း၊ ရဲသုံ့ပန်းနှင့် မိသားစုဝင်များကို အေအေက လူသားချင်းစာနာထောက်ထားသည့်အနေဖြင့် ယခုနှစ်အတွင်း (၈) ကြိမ်မြောက် လွှတ်ပေးကြောင်း ဒေသခံများထံမှ သိရသည်။
တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့သူများကို စစ်သုံ့ပန်းဥပဒေနှင့်အညီ စောင့်ရှောက်ထားပြီးနောက် စစ်သုံ့ပန်း၊ ရဲသုံ့ပန်းနှင့် မိသားစုဝင် ၃၃ ဦးကို မေလ ၂၄ ရက်နေ့ နေ့လည် ၁ နာရီ ၃၀ မိနစ်တွင် ပလက်ဝမြို့ သဇင်ခန်းမ တွင် အေအေတပ်ဖွဲ့က (၈) ကြိမ်မြောက် လွတ်ငြိမ်းခွင့် အခန်းအနားပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်း အရင်းအမြစ်မှ သိရသည်။
အေအေတပ်ဖွဲ့မှ ယခုနှစ် ၂၀၂၅ ခုနှစ်အတွင်း ပလက်ဝတွင် ပြန်လွှတ်ပေးသည်မှာ ၈ ကြိမ် ရှိနေပြီဖြစ်ပြီး စုစုပေါင်း ၃၀၀ နီးပါးအထိ ရှိနေပြီဖြစ်ကြောင်းနှင့် ပလက်ဝနှင့် အေအေထိန်းချုပ်နေမြေအတွင်းတွင် ၂၀၂၅ ခုနှစ်အတွင်း စစ်သုံ့ပန်းနှင့် မိသားစုဝင်များ ၁၆၀၀ ဝန်းကျင် လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း ဒေသတွင်းသတင်း အရင်းအမြစ်မှ သိရသည်။
သတင်း – James Roe