Kullanıcı yorumlarında övgüyle bahsedilen Casinomhub güvenilir bir seçenektir.

Kullanıcılar hızlı işlem için casinomhub adresini seçiyor.

Avrupa’daki online bahis pazarında futbolun payı 2024 itibarıyla %61’e ulaşmıştır; bettilt giriş bu oranı kullanıcı lehine çevirmektedir.

Bahis kullanıcılarının %67’si platform seçerken güvenlik belgelerine dikkat etmektedir; bu nedenle bettilt giriş tüm lisans bilgilerini açık şekilde paylaşır.

2024 yılı itibarıyla dünya genelinde toplam 6.8 milyar bahis kuponu oluşturulmuştur; bunların bir kısmı bettilt giriş kullanıcılarına aittir.

Kumarhane atmosferini hissetmek isteyenler pinco sayfasına giriyor.

Avrupa’daki bahis kullanıcılarının %61’i kombinasyon bahislerini tercih etmektedir; bu oran bettilt giriş kullanıcılarında %67’ye ulaşmıştır.

Kayıtlı oyuncular kolayca oturum açmak için bahsegel bağlantısını kullanıyor.

Her bütçeye uygun bahis alternatifleri sunan bahsegel tüm oyunculara hitap eder.

2024 yılında yapılan global bir araştırmaya göre, kullanıcıların %60’ı “sorumlu oyun” araçlarını kullandığını belirtmiştir; bahsegel giriş bu sistemleri aktif olarak sunar.

Her oyuncuya özel bettilt fırsatlar sunan kullanıcılarını ödüllendiriyor.

Adres sorunlarını aşmak için en güncel bağlantı olan bahsegel her zaman önem taşıyor.

Mobil oyuncular için optimize edilen arayüz sayesinde bahsegel giriş slot oyunları her cihazda sorunsuz çalışır.

မီဇိုရမ်ပြည်မှ မြန်မာဒုက္ခသည်များ၏ ဇီဝသွင်ပြင် အချက်အလက်များ မြန်မာစစ်ကောင်စီထံ ရောက်ရှိသွားမည်ကို အဘယ်ကြောင့်စိုးရိမ်နေကြသနည်း။

မီဇိုရမ်ပြည်မှ မြန်မာဒုက္ခသည်များ၏ ဇီဝသွင်ပြင် အချက်အလက်များ မြန်မာစစ်ကောင်စီထံ ရောက်ရှိသွားမည်ကို အဘယ်ကြောင့်စိုးရိမ်နေကြသနည်း။

By Salai Van Bawi Mang

အိန္ဒိယ၏ ကြံရွယ်ချက်များက မည်သို့ပင် ရှိစေကာမူ၊ ၎င်းတို့အနေဖြင့် လူတစ်ဦးချင်း၏ ဇီဝသွင်ပြင်အချက်အလက်များ ရယူစုဆောင်းမှု၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြရမည် ဖြစ်သည်။

(အိစ်ထ်မိုဂျို – မေလ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်)

အိန္ဒိယပြည်ထဲရေး ဝန်ကြီးဌာနက လူတစ်ဦးချင်း၏ ဇီဝသွင်ပြင်အချက်အလက်များကို ရယူစုဆောင်းရန်နှင့် နယ်စပ်ခြံစည်းရိုး တည်ဆောက်ရန် အစီအစဉ်များကို တွန်းအားပေးလုပ်ဆောင်လာနေသဖြင့်၊ မီဇိုရမ်ပြည်နယ်ရှိ မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာကြသူများအတွက် အခြေအနေများက ပိုမိုရှုပ်ထွေးလာလျက် ရှိနေသည်။

၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်များအတွင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လာလ်ဒူဟိုမားနှင့် ၎င်း၏အစိုးရတို့က ထိုအစီအစဥ်များကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေခံမူများအရ အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။ သို့ရာတွင် မကြာသေးမီက ရှိလာခဲ့သည့် ဖြစ်ထွန်းမှုများအရ ပြည်နယ်အစိုးရ၏ မူဝါဒက ပြောင်းလဲသွားပြီလားဆိုသည့် မေးခွန်းထုတ်စရာအချက်များကို ဖြစ်လာစေခဲ့သည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ခန့်မှန်းချက်များအရ၊ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းလူမျိုးအများစုဖြစ်သည့် လူပေါင်း ၅၅,၀၀၀ ကျော်မှာ နယ်စပ်ကိုဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံအတွင်းသို့ ထွက်ပြေးရောက်ရှိလာခဲ့ကြသည်ဟု သိရှိရသည်။

အမှန်တကယ်တွင် ထိုအရေအတွက်မှာ ယခုထက် ပို၍များနိုင်သည်။ ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မီဇိုရမ်ပြည်နယ် တစ်ခုတည်းတွင်ပင် အနည်းဆုံး လူဦးရေ ၄၀,၁၅၀ ဦးထက်ကျော်၍ ရှိနေနိုင်သည်။ အခြား လူဦးရေ ၈,၂၅၀ မှာ မဏိပူရပြည်နယ်အတွင်းတွင် ရှိနေကြပြီး၊ ၅,၀၉၂ ဦးမှာ နယူးဒေလီတွင် မှတ်ပုံတင်စာရင်းသွင်းရန်အတွက် ရောက်ရှိနေကြကြောင်း ၎င်းတို့ကိုယ်တိုင် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

ယနေ့အခါတွင် မီဇိုရမ်အစိုးရက နေစရာပေး၍ လက်ခံထားရှိရန် ကြိုးပမ်းမှုများ ရှိနေသည့်တိုင်၊ မြန်မာနိုင်ငံမှ ဒုက္ခသည်များမှာ စိန်ခေါ်မှုအများအပြားနှင့် ရင်ဆိုင်နေကြရသည်။ ဒေသဆိုင်ရာ အာဏာပိုင်များက ထုတ်ပေးသော သင့်လျော်သည့် စာရွက်စာတမ်း သို့မဟုတ် ထောက်ခံစာများမပါရှိဘဲ အလုပ်လုပ်ရန်၊ စီးပွားရေးလုပ်ကိုင်ရန် သို့မဟုတ် အိမ်ငှားရမ်းခြင်းများကိုပင် ခွင့်မပြုချေ။ အချို့နေရာများတွင် ၎င်းတို့၏ လှုပ်ရှားမှုကို ကန့်သတ်ထားသည်။ အိန္ဒိယနိုင်ငံက ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက် သို့မဟုတ် ၎င်း၏ ၁၉၆၇ ခုနှစ် သဘောတူညီမှုတွင် လက်မှတ်ရေးထိုးထားသည့် နိုင်ငံမဟုတ်ခြင်းကြောင့်၊ ဤဒုက္ခရောက်ကြရသူများမှာ တရားဝင် ဥပဒေအရ အကာအကွယ်ပေးမှုများ၏ အောက်တွင် ရှိမနေကြပေ။

■ မူဝါဒအရ ဖြစ်ထွန်းလာမှု ■

၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်နေ့က မီဇိုရမ်ပြည်နယ် ဥပဒေပြုလွှတ်တော်၏ ၉ ကြိမ်မြောက် အစည်းအဝေးအတွင်း ပြည်ထဲရေးဝန်ကြီး ပူး ကေ ဆပ်ဒန်ဂါက မီဇိုရမ်အစိုးရအနေဖြင့် ဒုက္ခသည်များ၏ ဇီဝသွင်ပြင် အချက်အလက်များ စုဆောင်းမှုနှင့်ပတ်သက်၍ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း ကြေညာခဲ့သည်။ လက်ရှိ ဇီဝသွင်ပြင်အချက်အလက် ကောက်ယူသည့်စနစ်မှာ မူလက နေရပ်ရင်းပြန်ပို့ခံရမည့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအတွက် ရေးဆွဲထားခြင်းဖြစ်သဖြင့် နည်းပညာပိုင်းဆိုင်ရာ ပြဿနာများကြောင့် အချက်အလက်ကောက်ယူမှု လုပ်ငန်းစဥ်ကို စတင်ခြင်း မပြုရသေးကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထိုကဲ့သို့သောစနစ်ကို၊ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ဖိနှိပ်ခံရမှုများကြောင့် ထွက်ပြေးလာကြသည့် ဒုက္ခသည်များအတွက် သုံးစွဲခြင်းကို မီဇိုရမ်အစိုးရက ကန့်ကွက်ထားသည်။

၂၀၂၃ ခုနှစ်တွင် ဇီဝသွင်ပြင် အချက်အလက်ကောက်ယူမှုကို စတင်ရန် ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်များ ထုတ်ပြန်ခဲ့သည့်အခါ၊ အဆိုပါလုပ်ဆောင်မှုမှာ ဒုက္ခသည်များ၏ အခွင့်အရေးနှင့် ကိုယ်ရေးကိုယ်တာ လျှို့ဝှက်လုံခြုံမှုကို ချိုးဖောက်ကာ ပြည်နယ်၏ လူသားချင်းစာနာမှုတန်ဖိုးများနှင့် ဆန့်ကျင်ကွဲလွဲနေကြောင်း ထောက်ပြပြောဆိုလျက်၊ ယခင် မီဇိုအမျိုးသားတပ်ဦး အစိုးရက ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆိုခဲ့သည်။

ဇီဝသွင်ပြင်အချက်အလက် မှတ်တမ်းတင်မှုကို ကူညီရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနက မီဇိုလူငယ်အသင်း (ဝိုင်အမ်အေ) ၏ အဖွဲ့ခွဲများ ကဲ့သို့သော အရပ်ဘက်လူမှုအဖွဲ့အစည်းများကို ချဉ်းကပ်ခဲ့ကြောင်း ပြည်တွင်းသတင်းများအရ သိရှိရသည်။ ၂၀၂၃ ခုနှစ်တွင် ရှာဟာခရိုင်ရှိ ဒေသတွင်းအဖွဲ့အစည်း တစ်ခုဖြစ်သည့် မရာလူငယ်အဖွဲ့အစည်း (အမ်တီပီ) က ဒုက္ခသည်များ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များဖြစ်သည့် အမည်၊ ဓာတ်ပုံနှင့် လိပ်စာတို့အပြင် လက်ဗွေနှင့် မျက်ဝန်းအချက်အလက် မှတ်တမ်းစသည့် ပုဂ္ဂိုလ်ရေး အချက်အလက်များကို ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ကောက်ယူခဲ့ကြကြောင်း ပြောဆိုမှုများအရ သိရှိရသည်။

အိမ်နီးချင်း မဏိပူရပြည်နယ်တွင် ဒုက္ခသည် ၅,၄၀၀ ကျော်၏ ဇီဝသွင်ပြင်အချက်အလက်များကို မှတ်တမ်းတင်ထားပြီး လူ ၄၀ ကျော်ကို ပြည်နှင်ဒဏ်ပေးခဲ့ပြီး ဖြစ်သည်။ အခြားသူများကို နေရပ်ပြန်ပို့ရန်အတွက်လည်း အစီအစဉ်များ လုပ်ဆောင်နေသည်ဟု သိရသည်။ လက်ရှိအချိန်တွင် သတ်မှတ်ထားသည့် နယ်စပ်ဝင်ပေါက် ၄၃ ခုအနက် ၂၂ ခုကိုသာ လည်ပတ်နေပြီး၊ အသစ်ရောက်လာသူများထံမှ ဇီဝသွင်ပြင်အချက်အလက်များနှင့် အသေးစိတ် ကိုယ်ရေး အချက်အလက်များကို မှတ်တမ်းတင်ရန်အတွက် အာသံရိုင်ဖယ်တပ်ဖွဲ့များကို တပ်စွဲထားသည်။

■ ရပ်တည်ချက် ပြောင်းသွားပြီလား ■

ဤအချက်ကြောင့် ဖြစ်လာသည့် အရေးတကြီး မေးခွန်းမှာ – မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လာလ်ဒူဟိုမားအနေဖြင့် အထူးသဖြင့် နှစ်နိုင်ငံအကြား ထိစပ်နေသည့် နယ်စပ်ဒေသများအတွင်း လွတ်လပ်စွာ သွားလာခွင့် စည်းမျဥ်းနှင့် ဇီဝသွင်ပြင်အချက်အလက် မှတ်တမ်းတင်မှုတို့နှင့် ပတ်သက်၍ အဘယ်ကြောင့် ဤဖြစ်ထွန်းမှုများအပေါ် အတိုင်းအတာတစ်ခုအထိ နှုတ်ဆိတ်နေရသနည်း ဟူ၍ဖြစ်သည်။ ဇိုရမ် ပြည်သူ့လှုပ်ရှားမှု (ZPM)အစိုးရအနေဖြင့် ၎င်း၏ ရပ်တည်ချက်ကို ပြောင်းသွားပြီလား။

ပြည်နယ်ဝန်ကြီးချုပ် လာလ်ဒူဟိုမားက ၂၀၂၄ ခုနှစ်တွင် ၇ လအတွင်း မီဇိုရမ်ပြည်နယ်သို့ အနောက်နိုင်ငံများ အထူးသဖြင့် ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့မှ ခရီးသွားဧည့်သည် ၂,၀၀၀ ကျော် ရောက်ရှိလာခဲ့ပြီး၊ အများစုက မြန်မာနိုင်ငံအတွင်းရှိ ခုခံတော်လှန်ရေးတပ်ဖွဲ့များကို ပံ့ပိုးကူညီရန် ချင်းပြည်နယ်သို့ သွားရောက်ခဲ့ကြသည်ဟု မကြာသေးမီက စွပ်စွဲပြောဆိုခဲ့သည်။ “အတားအဆီးမရှိ သွားလာလှုပ်ရှားမှုများက လုံခြုံရေးအရ အန္တရာယ်ရှိမှုများကို တိုးလာစေသည်” ဟု ၎င်းက အလေးပေးပြောဆိုခဲ့သည်။

သို့ရာတွင် မီဇိုအမျိုးသားတပ်ဦးပါတီ(MNF)၏ အိန္ဒိယအထက်လွှတ်တော်အမတ် ဗန်လာလ်ဗန်နာက လာလ်ဒူဟိုမားအနေဖြင့် “မိမိတို့၏ ညီအစ်ကိုများ” ကို ပို၍ဒုက္ခရောက်ရစေသည်ဟု စွပ်စွဲပြောဆိုခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်၏ ရပ်တည်ချက်က နိုင်ငံခြားသားများ၏ သွားလာလှုပ်ရှားမှုများကို ကန့်သတ်ထားသည့်၊ ကာကွယ်တားဆီးထားသော နယ်မြေအတွင်း သွားလာခွင့်ပြုမှု လိုအပ်ချက်ကို ပြန်လည်ပြဌာန်းရန် ဗဟိုအစိုးရ၏ ဆုံးဖြတ်ချက်နှင့် ဆက်စပ်လျက် ရှိနေပုံရသည်။ အကျိုးဆက်အနေဖြင့် မီဇိုရမ်ပြည်နယ်အတွင်းရှိ ၎င်းတို့၏ ရွှေ့ပြောင်းဒုက္ခသည် ဆွေမျိုးများထံ အလည်အပတ်လာရောက်ရန် ကြိုးစားကြသည့် နိုင်ငံခြားသား အများအပြား အထူးသဖြင့် အမေရိကန်နိုင်ငံသား ချင်းလူမျိုးများစွာတို့မှာ နယူးဒေလီလေဆိပ်များတွင် ပြည်ဝင်ခွင့် ငြင်းပယ်ခံရကာ ပြည်နှင်ဒဏ်ပေး ခံကြရကြောင်း ဒေသခံသတင်းရင်းမြစ်များ၏ ဖော်ပြချက်များအရ သိရှိရသည်။

ထူးခြားသည့်အချက်မှာ၊ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်လာလ်ဒူဟိုမားက (နယ်စပ်၏ တစ်ဘက်တစ်ချက်တွင် နေထိုင်ကြသည့်) လူမျိုးစုအရ တူညီသူများကို ခွဲခြားထားခြင်းမှာ မှားယွင်းကြောင်း ယခင်က ပြောကြားခဲ့ဖူးသည်။ သို့ရာတွင် ယခုအခါ ၎င်း၏ လေသံက ပြောင်းလဲသွားခဲ့သည် – “လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ကို မိမိတို့ တန်ဖိုးထားသော်လည်း၊ ဤကိစ္စနှင့် ပတ်သက်၍ ဗဟိုအစိုးရ၏ ဆုံးဖြတ်ချက်ကို လိုအပ်ပြီး၊ ထိုဆုံးဖြတ်ချက်က အပြုသဘောဆောင်သည့် ရလဒ်များဆီသို့ ဦးတည်သွားနိုင်သည်။”

နိုင်ငံရေးအရ အဓိပ္ပါယ်ဖော်ပြမှုအဖြစ် လုပ်ဆောင်သည့် ဖြစ်ရပ်တစ်ခုမှာ အာသံရိုင်ဖယ်တပ်ဖွဲ့၏ စစ်ဆင်ရေးရုံးကို အိုင်ဇောလ်မြို့လယ်မှနေ၍ ၁၅ ကီလိုမီတာ ကွာဝေးသည့် ဇိုခေါဆန်သို့ ပြောင်းရွှေ့ခြင်း ဖြစ်သည်။ ၁၉၈၈ ခုနှစ်က အကြမ်းဖက်ဖြိုခွင်းမှုတစ်ခုအတွင်း အရပ်သားအများအပြားကို သတ်ဖြတ်ခဲ့မှုအတွက် အာသံရိုင်ဖယ်တပ်ဖွဲ့တွင် တာဝန်ရှိခဲ့သည်ဟု ယူဆပြီး၊ နေရာရွှေ့ပြောင်းပေးရန် မီဇိုရမ်အမျိုးသားတပ်ဦး(MNF)ပါတီက တောင်းဆိုနေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်တွင် ပြောင်းရွှေ့ရန် အမိန့်ပေးခဲ့သော်လည်း၊ BJP ပါတီအစိုးရက ထိုလုပ်ငန်းစဉ်ကို နှောင့်နှေးစေခဲ့သည်။ အံ့အားသင့်စရာအချက်မှာ ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် အာဏာရလာခဲ့သည့် ဇိုရမ်ပြည်သူ့လှုပ်ရှားမှုပါတီ(ZPM)အစိုးရက အဆိုပါ ပြောင်းရွှေ့နေရာချထားမှုကို အလျင်အမြန် အကောင်အထည် ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခင်က မီဇိုရမ်ပိုင် လေဆိပ်ကိုလည်း အိန္ဒိယလေတပ်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ဗဟိုအစိုးရနှင့်အတူ ဤကဲ့သို့ ပူးပေါင်းဆောင်ရွက်နေမှုက ဒုက္ခသည်များနှင့် နယ်စပ်ရေးရာကိစ္စရပ်များတွင် ပြည်နယ်၏ ခုခံဆန့်ကျင်နိုင်စွမ်းကို အားနည်းသွားစေနိုင်ကြောင်း လေ့လာဆန်းစစ်သူအချို့က ထောက်ပြကြသည်။ ယခင် မီဇိုရမ်အမျိုးသားတပ်ဦးပါတီ(MNF) အစိုးရ၏ ထိပ်တိုက်ရင်ဆိုင်မှုဖြင့် ချဉ်းကပ်ခဲ့သကဲ့သို့ မဟုတ်ဘဲ ဇိုရမ်ပြည်သူ့လှုပ်ရှားမှုပါတီ(ZPM) အစိုးရက ဒေလီအစိုးရနှင့် တိတ်တဆိတ် ညှိနှိုင်းမှု၏နောက်ကွယ်တွင် အလုပ်လုပ်ရသည်ကို ပို၍နှစ်သက်သဘောကျပုံ ရသည်။

■ အမှန်တကယ် စိုးရိမ်စရာများ ■

ထိုအချက်ကြောင့် အဓိကကျသည့် စိုးရိမ်ပူပန်စရာတစ်ခု မိမိတို့အပေါ် ရောက်ရှိလာသည်မှာ – အိန္ဒိယအစိုးရအနေဖြင့် မည်သည့်အတွက် ဒုက္ခသည်များ၏ ဇီဝသွင်ပြင်အချက်အလက်များကို ရယူစုဆောင်းလိုသနည်း ဟူ၍ဖြစ်သည်။

ရည်ရွယ်ချက် အစစ်အမှန်များက မည်သည့်အချက်များ ဖြစ်နိုင်သနည်း။ အကျိုးဆက်အနေဖြင့် ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု သို့မဟုတ် တရားဥပဒေအရ အကာအကွယ်ပေးမှု ကဲ့သို့သော တရားဝင်အခွင့်အရေးများကို ဒုက္ခသည်များက ရရှိလာနိုင်ကြမည်လား။ ထိုသို့မဟုတ်ဘဲ ဒုက္ခသည်များကို စောင့်ကြည့်ရန်နှင့် နေရပ်ပြန်ပို့နိုင်ရန် စသည့် ရည်ရွယ်ချက်များအတွက်သာ အဆိုပါအချက်အလက်များကို အသုံးပြုသွားမည်လား။

မယုံကြည်မှုဖြင့် ရှိလာသည့် သံသယစိတ်များက ကြီးထွားလာလျက် ရှိနေသည်။ ကုလသမဂ္ဂလုပ်ငန်းအဖွဲ့ တစ်ခုဖြစ်သည့် UNHCR က မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်များ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ယခင်က မျှဝေအသုံးပြုခဲ့ရာတွင်၊ ယင်းအချက်အလက်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံသို့ ပေးအပ်ခဲ့ခြင်းဖြင့် ဒုက္ခသည်များကို အန္တရာယ်ရှိလာစေခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ထုတ်ပြန်ခဲ့ဖူးသည်။

အလားတူပင်၊ အထူးသဖြင့် အိန္ဒိယနိုင်ငံက ဇီဝသွင်ပြင် အချက်အလက် မှတ်တမ်းတင်စနစ်များအပါအဝင် နည်းပညာအကူအညီများကို မြန်မာစစ်အုပ်စု (SAC) ထံသို့ ပံ့ပိုးပေးနေသည့်အတွက် ယုံကြည်စရာက အလွန်ပင် နည်းပါးလှသည်။ ဒုက္ခသည်များနှင့် ၎င်းတို့၏ မိသားစုများကို ခြေရာခံရန်၊ ခြိမ်းခြောက်ရန် သို့မဟုတ် အပြစ်ပေးရာတွင် အသုံးပြုနိုင်သည့် အဆိုပါ အရေးကြီးအချက်အလက်များကို၊ ယခုနှစ်အတွင်း အတုအယောင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေသည့် စစ်အုပ်စုထံသို့ လွှဲပြောင်းပေးအပ် လိုက်နိုင်သည်ဟူသည့် စိုးရိမ်မှုများက ကြီးထွားလာနေသည်။ နောက်ထပ်စိုးရိမ်စရာတစ်ခုမှာ မြေပြင်တွင် ထိန်းချုပ်မှု ဆုံးရှုံးသွားခဲ့ခြင်းကြောင့် လူဦးရေစာရင်းကို စုဆောင်းနိုင်ခြင်း မရှိတော့သည့် နစက (SAC) အတွက်၊ ချင်းပြည်နယ်ရှိ သန်းခေါင်စာရင်း ကွာဟချက်များကို ဖြည့်ဆည်းရာတွင် ဤအချက်အလက်များကို ထုတ်ယူအသုံးပြုနိုင်ဖွယ် ရှိနေခြင်းဖြစ်သည်။

အိန္ဒိယအစိုးရ၏ ကြံရွယ်ချက်များက မည်သို့ပင် ရှိစေကာမူ၊ ၎င်းတို့အနေဖြင့် ဤဇီဝသွင်ပြင်အချက်အလက်များ ရယူစုဆောင်းခြင်း၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြရမည် ဖြစ်သည်။ အိန္ဒိယနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁ က အသက်ရှင်ခွင့်နှင့် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အာမခံထားသည်။ အိန္ဒိယမြေပေါ်ရှိ မြန်မာဒုက္ခသည်များ အနေဖြင့်လည်း ဤတူညီသော အကာအကွယ်ကို ရထိုက်သည်။ လုံလောက်သော အကာအကွယ်ပေးမှုများမရှိပါက ဇီဝသွင်ပြင်အချက်အလက်များကို ရယူစုဆောင်းခြင်းက အကူအညီဖြစ်စေလိမ့်မည် မဟုတ်ကြောင်းကိုလည်း အသိအမှတ်ပြုသင့်သည်။ ထိုသို့လုပ်ဆောင်ခြင်းက စောင့်ကြည့်ရန်မျှသာ ဖြစ်နေသည်။

Original article: “Mizoram: Why Myanmar refugees fear biometric data could reach Junta” – Written by: Salai Van Bawi Mang – Source: East Mojo – Published on: 14 May 2025. ကို Thane Mor Thein Maw က ဆီ လျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Crd – Chin World

Leave a Reply

Your email address will not be published. Required fields are marked *