Kullanıcı yorumlarında övgüyle bahsedilen Casinomhub güvenilir bir seçenektir.

Kullanıcılar hızlı işlem için casinomhub adresini seçiyor.

Avrupa’daki online bahis pazarında futbolun payı 2024 itibarıyla %61’e ulaşmıştır; bettilt giriş bu oranı kullanıcı lehine çevirmektedir.

Bahis kullanıcılarının %67’si platform seçerken güvenlik belgelerine dikkat etmektedir; bu nedenle bettilt giriş tüm lisans bilgilerini açık şekilde paylaşır.

2024 yılı itibarıyla dünya genelinde toplam 6.8 milyar bahis kuponu oluşturulmuştur; bunların bir kısmı bettilt giriş kullanıcılarına aittir.

Kumarhane atmosferini hissetmek isteyenler pinco sayfasına giriyor.

Avrupa’daki bahis kullanıcılarının %61’i kombinasyon bahislerini tercih etmektedir; bu oran bettilt giriş kullanıcılarında %67’ye ulaşmıştır.

Kayıtlı oyuncular kolayca oturum açmak için bahsegel bağlantısını kullanıyor.

Her bütçeye uygun bahis alternatifleri sunan bahsegel tüm oyunculara hitap eder.

2024 yılında yapılan global bir araştırmaya göre, kullanıcıların %60’ı “sorumlu oyun” araçlarını kullandığını belirtmiştir; bahsegel giriş bu sistemleri aktif olarak sunar.

Her oyuncuya özel bettilt fırsatlar sunan kullanıcılarını ödüllendiriyor.

Adres sorunlarını aşmak için en güncel bağlantı olan bahsegel her zaman önem taşıyor.

Mobil oyuncular için optimize edilen arayüz sayesinde bahsegel giriş slot oyunları her cihazda sorunsuz çalışır.

78 Days သူပုန်အကျဉ်းသား (၁၆)

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်။

အရင်နေ့ရက်တွေကထက် ပိုပြီးစိတ်လွတ်လပ်ပေါ့ပါးတဲ့ သူပုန်အကျဉ်းသားဘဝနဲ့ ဒီဇင်ဘာဆောင်းရက်တွေကို တဖြည်းဖြည်းဖြတ်ကျော်လာခဲ့ရတဲ့ နေ့ရက်တွေပါပဲ။

နေရထိုင်ရတာလည်း အရင်ကထက်ပိုလွတ်လပ်သလို ကျွန်တော်ကိုယ်တိုင်ကလည်း သူတို့အပေါ်မှာ ယုံကြည်မှု ပိုပိုရှိလာပါတယ်။ ကျွန်တော့်ကို စစ်ဆေးတဲ့ရလဒ်တွေလည်း ရခိုင့်တော်လှန်ရေး လမ်းကြောင်းအတွက် အနှောင့်အယှက် ဖြစ်ရလောက်အောင်အထိ မရှိလောက်ဘူးထင်ပါရဲ့။ အရင်တင်းတင်းကြပ်ကြပ် ကန့်သတ်တာမျိုး သိပ်မလုပ်တော့ပါဘူး။

ဒီစခန်းကုန်းမှာရှိတဲ့ အရာရှိ၊ စစ်သည်တွေ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော့်အပေါ် အရင်ကထက်လေးစားမှုကို ပြသကြပါတယ်။ ကျွန်တော်ဆိုလိုတာက ကိုယ့်အပေါ်မှာ လေးစားမှုပြတဲ့အပေါ်  သာယာတဲ့စိတ်ခံစားချက် ရှိနေတာမျိုး မဟုတ်ပေမဲ့ ကိုယ့်အပေါ်လေးစားတဲ့သူကိုတော့ ကိုယ်ကလည်းအပြန်အလှန် လေးစားသမှုပြုချင်တာမျိုးပါ။

ကျွန်တော် ဒီရက်ပိုင်း အဖြစ်အပျက်တွေကိုတော့ ရက်စွဲအတိအကျမသိတော့လို့ ဒီနေ့ ဒီဇင်ဘာ ၂၁ ရက်နေ့၊ သူပုန်အကျဉ်းသားဘဝ ၄၉ ရက်မြောက်နေ့မှာ ထည့်သွင်းရေးသားလိုက်ပါတယ်။

ကျွန်တော့်ရဲ့ ရေးသားချက်တွေ အကြောင်းအရာလွဲနေရင် ဒါမှမဟုတ် နေ့ရက်နဲ့နေရာတွေလွဲနေခဲ့ရင် ကျွန်တော်နဲ့ အကျဉ်းသားအဖြစ် အတူတူနေဖြစ်ခဲ့တဲ့ အေအေစစ်သည်တွေအနေနဲ့ ဒီစာကိုဖတ်ရတဲ့အချိန် အမှန်ပြင်ပေးနိုင်ကြောင်း ဒီနေရာကနေ ပြောလိုပါတယ်။

မှတ်မှတ်ရရ အဲဒီနေ့က ည ၉ နာရီလောက်မှာ အကျဉ်းသားသစ်တစ်ဦး ရောက်လာပါတယ်။ သူက ညစာမစားရသေးဘူးဆိုလို့ ရဲဘော်တွေက ထမင်းယူကျွေးကြပါတယ်။ အရပ်အမောင်းကောင်းပြီး အသားညိုညို ဗလတောင့်တောင့်နဲ့ပါ။ အေအေရဲဘော်အချို့ ပြောနေကြတာတော့ တူးအိုင်စီ(2-IC) အဆင့်တဲ့။ အစိုးရတပ်ဘက်ရာထူးစဉ်နဲ့ဆို ဒုတိယတပ်ရင်းမှူးပေါ့။

သူ့ပုံကိုကြည့်ရတာ စည်းစနစ်ကျပြီး ပြတ်ပြတ်သားသားလုပ်တတ်တဲ့သူ ဆိုတဲ့ပုံပေါက်ပါတယ်။ စကားနည်းတယ်။ ရိုးရိုးကုတ်ကုတ်နေတတ်တယ်။ စည်းနဲ့ကမ်းနဲ့ သပ်သပ်ရပ်ရပ် နေတတ်တယ်။ အထူးခြားဆုံးက ဆေးလိပ်မသောက်တတ်ဘူး။ ဆေးလိပ်မသောက်တတ်တဲ့ အေအေစစ်သားတစ်ယောက်နဲ့ ကျွန်တော်ပထမဆုံး ဆုံဖြစ်တာဖြစ်ပါတယ်။

သူနဲ့ စကားပြောကြည့်တော့ အကြောင်းစုံသိရပါတယ်။ သူက ပလက်ဝနယ်ထဲက မွန်ထောင့်ရွာမှာ အခြေပြုနေတဲ့ တပ်က တပ်ကြပ်ကြီးတစ်ဦးပါတဲ့။ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တဲ့ ပလက်ဝ၊ ကျောက်ဖျာရွာနားတိုက်ပွဲတွေမှာ အရေးပါတဲ့ကဏ္ဍက သူပါဝင်ခဲ့ပါသတဲ့။

တစ်ရက်သား ရှေ့တန်းအပြန် မီးဝရွာနားယာယီစခန်းမှာ အခြေပြုနေတုန်း သူ့ရဲဘော်တွေ အရက်သောက်စား မူးယစ်ရမ်းကားပြီး ရွာထဲအော်ဟစ် သောင်းကျန်းကြပါသတဲ့။ သူ့တပ်စုကရဲဘော်တွေဖြစ်နေတော့ တပ်ရင်းမှူးကလည်း တာဝန်ရှိတဲ့သူ့ကိုပဲ ဆူပူကြိမ်းမောင်းတော့တာပေါ့။

သူက မသောက်မစားတတ်တဲ့သူလည်းဖြစ်ပြန်၊ အများရှေ့မှာ ကြိမ်းမောင်းခံရပြန်၊ ပြီးတော့သူ့ဘက်က  အမှားလုပ်ထားတာလည်း မရှိပြန်ဆိုတော့ တော်တော်စိတ်ထိခိုက်သွားပါသတဲ့။

သူ့ရဲ့စိတ်ထိခိုက်မှုက သူ့ဆုံးဖြတ်ချက်ဖြစ်သွားတဲ့အခါ အဲဒီဆုံးဖြတ်ချက်က အေအေတပ်ထဲက အပြီးထွက်ဖို့ဖြစ်လာတယ်။ စိတ်ပင်ပန်း လူပန်းတာလည်း ပါတာပေါ့။ ဒါပေမဲ့ သူ့ရဲ့ ရခိုင့်တော်လှန်ရေးကို သစ္စာဖောက်တဲ့ တဒင်္ဂမိုက်မဲမှုဆိုပါတော့။

နောက်နေ့မနက်ကျတော့ သူ့ဆုံးဖြတ်ချက်ကို လက်တွေ့အကောင်အထည်ဖော်တဲ့အနေနဲ့  သူကိုင်တဲ့သေနတ်ကို ထားရစ်ခဲ့ပြီး စခန်းကနေ ထွက်လာခဲ့တာပါ။ ဂိတ်စောင့်တဲ့ ကင်းသမားဖြစ်သူတွေကလည်း သူထွက်သွားတာကို မြင်နေပေမဲ့ သူကတပ်ကြပ်ကြီးဆိုတော့ မတားရဲရှာဘူးပေါ့။

ရလဒ်ကတော့ သိတဲ့အတိုင်းပါပဲ။ သူ့အပြောအရ တပ်တော်ရဲ့ဖြန့်ကျက်ထားတဲ့ ကွန်ရက်ထဲက မလွတ်နိုင်ဘူးပေါ့။ ကျောက်တော်မရောက်ခင် ပီချောင်းနားမှာ လှေစောင့်ရင်း ပြန်အဖမ်းခံခဲ့ရတာပါ။ အခုများဖြင့် သူလည်း အကျဉ်း သား ပါပဲ။

ကျွန်တော်ကတော့ အခုတလော အရင်ကထက်လွတ်လွတ်လပ်လပ်ဖြစ်နေတာမို့ ကိုယ့်အကြောင်းတောင် မေ့တေ့တေ့ ဖြစ်နေပါတယ်။ လက်ရှိရောက်နေတဲ့ ကိုယ့်ဝန်းကျင်က အဖြစ်အပျက်တွေ၊ လူတွေရဲ့ ဓလေ့စရိုက်တွေ၊ ပြောင်းလဲဖြစ်ပေါ်နေတဲ့ အေအေတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို တတ်နိုင်သလောက် ကြည့်ရှုမှတ်သားလေ့လာနေမိပါတယ်။ ဒါလည်း တော်တော်စိတ်ဝင်စားစရာကောင်းနေတယ် မဟုတ်လား။

ဒီနေ့လည်း အသစ်ရောက်လာတဲ့ တပ်ကြပ်ကြီးအကျဉ်းသားရဲ့ ဖြစ်စဉ်ကိုကြည့်ပြီး အခုလိုပဲ မှတ်ချက်ချဖြစ်ပါတယ်။

ဘယ်သူပဲဖြစ်ဖြစ် နိုင်ငံရေးခံယူချက်နဲ့ အဖွဲ့အစည်းရဲ့ချမှတ်ထားတဲ့စည်းကမ်း၊ ကိုယ်စီရှိနေတဲ့တာဝန်ဝတ္တရားနဲ့ စိတ်ခံစားမှု၊ ဒါတွေက တစ်သီးတသန့်နဲ့ တစ်ကန့်တစ်ကန့်စီထားဖို့ တော်တော်ခက်တဲ့ အရာတွေပဲလို့။

***

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၂-၂၃-၂၄-၂၅ ရက်။

ဒီရက်ပိုင်းတွေက ဆောင်းရဲ့အအေးဆုံးရက်ပိုင်းတွေကို ရောက်ရှိနေပါပြီ။ ကျွန်တော်တို့ အကျဉ်းသားတစ်တွေ လည်း အရင်ကထက် ပိုပြီးရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးတွေနဲ့ ဆောင်းညတွေကို စုပေါင်းခုခံ အံတုကြပါတယ်။ တစ်ယောက်အပေါ်တစ်ယောက် ဖေးဖေးမမနဲ့ ဂရုစိုက်ပေးတတ်တဲ့စိတ်တွေနဲ့ မိတ်ဆွေရင်းချာလို နေခဲ့ကြပါတယ်။

ဒီရက်ပိုင်းတွေကိုလည်း ‌ပေါင်းပြီးမှတ်တမ်းတင်ထားပါတယ်။

ရှေ့တန်းကပြန်လာတဲ့ အေအေရဲဘော်တွေ ကျွန်တော်တို့တဲနားရောက်တော့ အကျဉ်းကျ တပ်ကြပ်ကြီးကိုကြည့်ပြီး တော်တော်အံ့ဩနေကြပါတယ်။ သူတို့မမျှော်လင့်ထားတဲ့ မြင်ကွင်းကိုတွေ့ရလို့ အံ့သြနေကြပုံပါ။ သူတို့ယုံကြည်အားကိုးရတဲ့၊ ရခိုင့်တော်လှန်ရေးသွေးတွေ ဆူဝေနေတဲ့၊ ရခိုင့်တော်လှန်ရေးပန်းတိုင်ကို မယိုင်မလဲတဲ့စိတ်နဲ့ မမှိတ်မသုန် ချီတက်မယ့် စံပြစစ်သားကြီးက အခုလိုအကျဉ်းကျနေတာမြင်ရတော့ အံ့ဩနေကြတာ မဆန်းပါဘူး။ ဒါကြောင့်လည်း သူတို့ရဲ့ တပ်ကြပ်ကြီးအပေါ် အပြစ်သားတစ်ဦးလို မဆက်ဆံဘဲ အရင်လိုလေးစားသမှုပြုတဲ့ အမူအယာတွေနဲ့ သူတို့ရဲ့ ချစ်ခင်ယုံကြည်မှုကို ပြသကြပါတယ်။

ပထမတော့ ရဲဘော်တွေ သူတို့ရဲ့တပ်ကြပ်ကြီးကို ကွက်ကြည့်ကွက်ကြည့်နဲ့ အချင်းချင်း တီးတိုးတီးတိုးပြောနေကြတာ မြင်ရပါတယ်။ နောက်တော့ စီးကရက်တွေ၊ ကော်ဖီမစ်ထုပ်တွေ ပေးသူကပေးကြတယ်။ ကြည့်ရတာ အဲဒီတပ်ကြပ်ကြီးက လုပ်ရည်ကိုင်ရည်လည်းရှိ၊ ထတ်ထတ်မြတ်မြတ်လည်းရှိပုံ ရပါတယ်။ ပြီးတော့ ရဲဘော်တွေရဲ့ ချစ်ခင်ယုံကြည်မှုခံရတဲ့ တပ်မှူးတစ်ဦးဖြစ်ပုံပါ။ ဒါပေမဲ့ သူ့နာမည်ကိုတော့ မသိလိုက်ရပါ။

ကျွန်တော်ထင်ပါတယ်။ သူ့ရဲ့အကျဉ်းကျကာလက သိပ်မကြာလိုက်ပါ။ ဒီရက်ပိုင်းထဲမှာပဲ ကျောက်တော်ဘက်ကနေ ပလက်ဝဘက် အစိုးရစစ်ရေယာဉ်တွေ တက်လာတယ်ဆိုတဲ့ သတင်းရတယ်၊ အဲတာကို တားဆီးပစ်ခတ်ဖို့ အထက်အမိန့်ရတယ်ဆိုပြီး တပ်ကြပ်ကြီးသိပ္ပံကိုယ်တိုင် စက်သေနတ်ကြီးကိုင်ပြီး ကျွန်တော်တို့တဲဆီ ရောက်လာတဲ့အချိန်မှာပဲ သူလည်းပြန်လွတ်ပါတယ်။

သူတို့ပြောပုံအရ စက်သေနတ်ကို ကျွမ်းကျွမ်းကျင်ကျင်ပစ်တတ်တဲ့သူ ဒါမှမဟုတ် ပစ်ခတ်နိုင်တဲ့သူက သူတို့ရဲ့တပ်ဖွဲ့ထဲမှာ သူတစ်ဦးပဲရှိပုံပါ။ အဲဒီအပြင် စက်သေနတ်ကျည်တွဲကိုကိုင်ပေးမယ့် ဗလတောင့်တောင့် လူငယ်ရဲဘော်တစ်ယောက်ကိုလည်း သူကိုယ်တိုင်စိတ်ကြိုက် ရွေးချယ်ခွင့်လည်းရှိပါသတဲ့။ ဒီတော့ အရေးကြီးတဲ့ စစ်ဆင်ရေးတာဝန်ကို အထက်လူကြီးတွေက ယုံယုံကြည်ကြည်နဲ့ ပြန်လည်ပေးအပ်ခံရတာလည်း သူ့ရဲ့အရေးပါမှုကို မှန်းဆလို့ ရနိုင်ပါတယ်။

(မှတ်ချက်။ အဲဒီတပ်ကြပ်ကြီးက နောက်ပိုင်းမှာလည်း ဒုဗိုလ်ကျောက်ဆောင်၊ မောင်ငြိမ်းချမ်းတို့နဲ့ ကျွန်တော့်ဆီ လာလည်တတ်ပါသေးတယ်။ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုကလည်း သူ့နာမည်ကို မသိခဲ့တာပါ။)

ဒီလိုပဲ ကျွန်တော်နဲ့ အတူနေအကျဉ်းသားတွေက ပြန်လွတ်သွားလိုက် နောက်ထပ်အကျဉ်းသားတွေ ပြန်ရောက်လာလိုက်နဲ့ ကျွန်တော်ကသာ ပင်တိုင်ဝါရင့်အကျဉ်းသားအဖြစ် ငုတ်တုတ်။ အတူတူနေဖြစ်တာကြာရင်းက ရင်းနှီးသွားတတ်တာ လူ့သဘာဝပါပဲ။

အဲသလို ရင်းနှီးသွားပြီဆိုလည်း ရောက်လာတဲ့အချိန်မှာ ဘာမှထွေထွေထူးထူး မခံစားရပေမဲ့ ခွဲခွာရတဲ့ အချိန်တွေဆို ဝမ်းနည်းရသလိုလို၊ အထီးကျန်ရသလိုလိုနဲ့ တစ်မျိုးတစ်မည် ခံစားရပြန်ပါတယ်။ ဒါကလည်း လူ့သဘာဝပဲနေမှာပါ။

အချို့အချိန်တွေမှာ တစ်ယောက်တည်းလျှောက်တွေးနေတဲ့ အခိုက်အတန့်မျိုးဆိုရင် ကိုယ့်ရဲ့ဖြစ်တည်မှုကို ပြန်ပြန်သတိရတဲ့အကျင့်က ရုတ်တရက်ပေါ်လာတတ်ပါတယ်။

“ငါဟာ အခုထိမလွတ်မြောက်နိုင်သေးတဲ့ အေအေ အကျဉ်းသားတစ်ယောက်…” ဆိုတာနဲ့ စ,တာပေါ့။

“Man may come and Man may go, But I flow on forever” တဲ့။ မဆီမဆိုင် ဆယ်တန်းတုန်းက အလွတ်ကျက်ခဲ့ရ၊ ဆရာရှေ့အလွတ်ပြန်အံခဲ့ရတဲ့ “စမ်းချောင်း” ဆိုတဲ့ သိုးဆောင်းကဗျာတို တစ်ပိုင်းတစ်စကို သတိရမိတယ်။ အဲဒီတုန်းကဖြင့် ဘာမှန်းမသိ။ အခုလည်း သိလားဆို မသိပါဘူးလို့ ရိုးရိုးသားသားဝန်ခံပါတယ်။

ဒါပေမဲ့ ကဗျာအကြောင်းအရာက လတ်တလောကြုံရတဲ့ ကိုယ့်အဖြစ်နဲ့ တူသလိုလို ရှိတယ်ဆိုတာတော့ သတိထားမိပါတယ်။ “လူတွေကသာ ရောက်လာလိုက် ပြန်ထွက်သွားလိုက်နဲ့ ဒါပေမဲ့ ငါကတော့ စီးဆင်းနေမြဲပါပဲ…” ဆိုတဲ့ စမ်းချောင်းကလေးကပေးတဲ့ သံဝေဂရစရာ အတွေးပါ။ လူတွေရဲ့ မမြဲတဲ့သင်္ခါရသဘောကို ပြချင်ပြောချင်တာထင်ပါရဲ့။

ကျွန်တော့်ခံစားချက်က ဒီလိုမဟုတ်။ ကိုယ်တစ်ယောက်ထဲပဲ အထီးတည်းကျန်ခဲ့ရတယ်ဆိုတဲ့ ခံစားချက်နဲ့။ ဘယ်အရာမှ မမြဲဘူးဆိုပေမဲ့ ငါ့ဒုက္ခကျမှ မြဲလွန်းလှချည့်ဆိုတဲ့ နာကျင်မှုမျိုးနဲ့။ တစ်ယောက်ပြီးတစ်ယောက် ရောက်လာလိုက် အချိန်တန် ပြန်ထွက်သွားလိုက်နဲ့ ငါ့မှာသာ တစ်ယောက်တည်းဆိုတဲ့ စိတ်ကူးခံစားချက်နဲ့။

ဒီလိုခံစားရတာ၊ ဒီလိုဒုက္ခတွေနဲ့ ကြုံခဲ့ရတာဖြင့် ဒီကမ္ဘာကြီးမှာ၊ ဒီသတ္တလောကကြီးမှာ၊ လူ့သမိုင်းမှာ ကိုယ်တစ် ယောက်တည်းတော့ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ ဒါပေမယ့် အဲဒီသေချာမှုကြီးက ငါနဲ့ပိုပြီးတိုက်ဆိုင်နေရသလား၊ ငါ့များရွေးပြီး တိုက်ဆိုင်နေရသလား၊ လည်ချောင်းထဲမှာ တစ်ဆို့နေတဲ့ မေးခွန်းတွေ။

အဲဒီအဖြေမရှိတဲ့ ဘယ်သူ့ကမှလည်း ဖြေပေးစရာမလိုတဲ့ မေးခွန်းတွေကပဲ မဆုံးနိုင်တဲ့ အတွေးတွေဆီ၊ သတိရမှုတွေဆီ ကိုယ်ကမတားဆီးနိုင်ခင်မှာ သယ်ဆောင်သွားပါတယ်။

ဒီနေ့ဆို အေအေလက်ထဲရောက်တာ ဘယ်နှစ်ရက်မြောက်ပါလိမ့်။ လက်ချိုးရေတွက်ရတယ်။

၅၃ ရက်ရှိပြီ။ မနေ့က ၅၂ ရက်။

ဆိုတော့ မနေ့က ဒီဇင်ဘာလ ၂၅ ရက်နေ့ပါလား။ ဟုတ်ပေသားပဲ။ မနေ့က ခရစ်စမတ်နေ့ကိုး။

ခရစ်စမတ်ရက်မှာသာ ပလက်ဝမှာရှိနေခဲ့ရင် အင်္ဂလီကန်အသင်းတော်မှာ ဒါမှမဟုတ် ရိုမန်ကတ်သလစ်အသင်းတော်မှာ ခရစ်စမတ်ညစာစားပွဲ မိသားစုနဲ့အတူ တက်ရလိမ့်မယ်။ ကိုယ်ကခရစ်ယန်တစ်ယောက် မဟုတ်ဘူးဆိုပေမဲ့ လွှတ် တော်ကိုယ်စားလှယ် တစ်ယောက်မဟုတ်လား။

ပလက်ဝမှာ ခရစ်စမတ်ရောက်တိုင်း မြို့နယ်အဆင့် ဌာနဆိုင်ရာအရာရှိတွေ၊ မြို့မိမြို့ဖလူကြီးတွေနဲ့ ခရစ်စမတ်ညစာစားပွဲတွေ နှစ်တိုင်းလုပ်ပါတယ်။ အချို့အသင်းတော်တွေက ၂၃ ရက်၊ ၂၄ ရက် ညတွေမှာ လုပ်ဖြစ်ကြတယ်။ ဒါပေမဲ့ အထင်ကရပွဲလို့ပြောရရင် အင်္ဂလီကန်အသင်းတော်က ဒါမှမဟုတ် ရိုမန်ကတ်သလစ်အသင်းတော်ကလုပ်တဲ့ ခရစ်စမတ်ညစာစားပွဲပါပဲ။

တစ်ကိုယ်ရေတွေးရင်းတွေးရင်း တဖြည်းဖြည်း ညနက်လာပါတယ်။ သို့ပေမဲ့ အိပ်မပျော်နိုင်၊ ရှေးဟောင်းနှောင်းဖြစ်တွေသာ ပိုပိုပြီးသတိရနေမိတယ်။ တစ်ဆံချည်မျှ ခဏလေးအတွင်းမှာ စိတ်ရဲ့အလျဉ်ဟာ ဘယ်နေရာမဆို အတား အဆီးမရှိ ရောက်သွားနိုင်တာပဲ။

ဒီအချိန်က ခရစ်စမတ်ညစာစားအပြီး အိမ်ပြန်အလာလမ်းပေါ်မှာပေါ့။ တစ်မြို့လုံးကိုတော့ ဖြူလွှလွှမြူအုပ်က ဖုံးအုပ်လိုက်ပါပြီ။ အပြန်လမ်းတစ်လျှောက်မှာ လရောင်ရှိနေတာတောင် မြူတွေကြောင့် ရှေ့သုံးလေးကိုက်ပဲမြင်ရတဲ့ မြင်ကွင်းအတိုင်းလျှောက်လာရင်း ဆိပ်ဖလူးပန်းရနံ့သင်းသင်း ရှူရှိုက်ရင်းပေါ့။

လျှောက်လာရင်းနဲ့ တစ်ခါတစ်ခါ မြူတွေက ခြေရင်းရောက်လာတာမျိုးဆိုရင် လမ်းကိုမမြင်ရ။ ဒါပေမဲ့ ကိစ္စမရှိ။ ဒီချစ်ရာမြို့ကျဉ်းကျဉ်းလေးထဲမှာ ဘယ်နေရာမဆို ခလုတ်မတိုက်နိုင်။ မျက်လုံးကသာ လမ်းကိုမမြင်ရရင်သာနေမယ် ခြေထောက်အလိုလိုသိနေတယ် မဟုတ်လား။

ပြီးတော့ ဘုရားကျောင်းအချို့ဆီက လူငယ်တွေရဲ့ သီချင်းသံတွေ၊ ပျော်ရွှင်ရီမောသံတွေ သဲ့သဲ့ကြားနေရအုံးမှာ။ လျပ်စစ်မီးမလုံလောက်တဲ့ မြို့လေးက လရောင်ကိုပဲ အားပြုနေရတယ် ဆိုပေအုံးတော့ ချစ်မြတ်နိုးစရာ အမှတ်သညာတွေ ပြည့်နက်နေတဲ့ဒီမြို့ရဲ့ လမ်းတွေဆိုတာ ဖန်တစ်ရာတေလျှောက်ခဲ့ဖူးတာပဲလေ။

အိမ်ပြန်ရောက်ပြီး ခဏလေးအတွင်းမှာ သမီးလေးနှစ်ယောက်ကတော့ အနွေးစောင်ထူထူအောက် ကွေးနေလိမ့်မယ်။ အပူအပင်မရှိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလိမ့်မယ်။ ကိုယ်နဲ့ဇနီးသည်က အိမ်ချင်မှအိပ်အုံးမှာ။ နောင်နှစ် အတွက် မိသားစုအစီအမံတွေကို တိုးတိုးတိုးတိုးနဲ့ ဆွေးနွေးနေလိမ့်အုံးမယ်။ ကျွန်တော်မြတ်နိုးတန်ဖိုးထားရတဲ့ ကျွန်တော့်ကို ကောင်းကင်ကြီးတစ်ခုလို ယုံကြည်အားကိုးနေတဲ့ မိသားစုသေးသေးလေးအတွက် နိုင်ငံတော်ကြီးတစ်ခုလုံးကို ဦးဆောင်ဦးရွက်ပြုတဲ့ အစိုးရတစ်ရပ်လိုမျိုး မဟာဗျူဟာအစီအမံ ချမှတ်ရအုံးမယ် မဟုတ်လား။

ဒါဟာ ကျွန်တော့်ရဲ့ အတ္တ၊ ကျွန်တော့်ရဲ့ လူသားဆန်မှု။ တစ်နည်းပြောရရင် ကျွန်တော့်ရဲ့ မဆုတ်တမ်းနောက်ဆုံးခံတပ်အတွက် အားထုတ်မှုပါပဲ။

တွေးရင်းနဲ့ ရင်ထဲလှိုက်ကနဲ ဖြစ်သွားပါတယ်။ ပါးပြင်နှစ်ဖက်မှာလည်း မျက်ရည်ပူနွးနွေးလေးစီးကျလာပါတယ်။ ဒါဟာ အေအေအကျဉ်းသားဘဝ ပထမဆုံးကျတဲ့မျက်ရည်ပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်က တော်ရုံတန်ရုံမျက်ရည်ခိုင်သူပါ။ ဒီညအဖို့တော့ ကျလာတဲ့မျက်ရည်ကို မတားဆီးနိုင်ခဲ့ပါဘူး။

မျက်လုံးအစုံကို ဇွတ်မှိတ်လိုက်ပါတယ်။ အိပ်မပျော်နေတာမျိုးတော့မဟုတ်။ စိတ်ကိုငြိမ်ငြိမ်ထားပြီး ဝမ်းနည်းစရာအတွေးကနေ ရုန်းထွက်ဖို့ အားထုတ်နေတာမျိုးပါ။ အ‌အေးဓာတ်ကလည်း စိမ့်ကနဲ့ဝင်လာပါတယ်။ ဒါပေမဲ့ အဲလိုခံစားရတာက အပြင်ဘက်ကဝင်လာတဲ့ အအေးဓာတ်ကြောင့်မဟုတ်။ ရင်ထဲကလာတဲ့ လှိုက်မောတုန်ရီမှုကြောင့်လို့ အလိုလိုသိနေပါတယ်။

ဒီကြားထဲ အတွေးတွေကို ရပ်တန့်မရ။ မျက်လုံးမှိတ်ထားရင်းက  အရင်နှစ်တွေတုန်းက နေပြည်တော် ဒုတိယ သမ္မတအိမ်တော်မှာ ခရစ်စမတ်ညစာစားပွဲ တက်ရောက်ခဲ့တဲ့ မြင်ကွင်းတွေက အစီအရီ ပေါ်လာပြန်ပါတယ်။  NLD အစိုးရတက်လာတော့ ထူးထူးခြားခြား ချင်းအမျိုးသား ဟင်နရီဗန်ထီးယူက ဒုတိယသမ္မတ ဖြစ်လာတယ်။ သူက ခရစ်ယန်ဘာသာဝင်တစ်ဦး။

အရင်က ခရစ်ယာန်အသင်းတော်တွေက ဦးဆောင်ကျင်းပတဲ့ ခရစ်စမတ်ညစာစားပွဲတွေမှာ နိုင်ငံတော်အကြီးအကဲတွေ တက်ရောက်ချီးမြှင့်ရာကနေ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ဦးဆောင်ကျင်းပတဲ့ ခရစ်စမတ်ညစာစားပွဲဆိုတာ မြန်မာ့နိုင်ငံရေးမှာ ထူးထူးခြားခြား ဖြစ်ပေါ်လာတယ် ဆိုပါတော့။

ဒီတော့ ဒီဇင်ဘာလ ခရစ်စမတ်ရောက်တိုင်း ဒုတိယသမ္မတတည်ခင်းဧည့်ခံတဲ့ ခရစ်စမတ်ညစာစားပွဲဆိုတာ နေပြည်တော်သမ္မတအိမ်တော်ဝင်းမှာ စည်းစည်းကားကားဖြစ်လာတယ်ပေါ့။ ပြည်ထောင်စုလွှတ်တော် အစည်း အဝေးကာလနဲ့တိုက်ရင် ကျွန်တော်တို့လည်း ပျော်ပျော်ပါးပါးဆင်နွှဲရတဲ့ပွဲ၊ နိုင်ငံတော်အကြီးအကဲက ကျင်းပတဲ့ပွဲမို့လည်း မီးရောင်စုံတွေနဲ့ ထိန်ထိန်လင်းနေတဲ့ ခရစ်စမတ်သစ်ပင်တွေရှေ့မှာ အမှတ်တရဓာတ်ပုံတွေရိုက်ခဲ့ရတဲ့ပွဲ။

မနေ့ညကရော ကျွန်တော့်ရဲ့နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေ  ဒုတိယသမ္မတအိမ်တော် ခရစ်စမတ်ညစာစားပွဲမှာ ပျော်ပျော်ပါးပါးဆင်နွဲကြပါလိမ့်မယ်။ သူတို့တစ်တွေ ကျွန်တော့်ကို သတိမှရပါလေစ။ ဒါမှမဟုတ် ဦးဆောင်ပါစတာရဲ့ အဖွင့်ဆုတောင်းချက်မှာ အေအေအကြမ်းဖက် သောင်းကျန်းသူလက်ထဲ ဖမ်းဆီးခံရတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအတွက် ပြန်လည်လွတ်မြောက်ရေး သတိရဆုတောင်းပေးတာလည်း ဖြစ်နိုင်တာပဲ။

ဒီလိုတွေးနေတာက ကျွန်တော့်စိတ်ကူးကို ပိုပြီးလုံခြုံနွေးထွေးစေသလား။ ငါဟာ စည်းနှောင်မှုအားကောင်းတဲ့ လူမှုအဖွဲ့အစည်းရဲ့ အရေးပါတဲ့သူတစ်ယောက်ပဲ ဆိုတာရော သေချာပါရဲ့လား။ ကိုယ့်ရဲ့နိုင်ငံရေးခံယူချက်ကို ခိုင်ကြည်တဲ့ယုံကြည်ချက်နဲ့ မမှိတ်မသုန်စွဲကိုင်တတ်တဲ့ နိုင်ငံရေးသမားတစ်ယောက်လား။ အခုငါယုံကြည်နေတဲ့ အရာတွေရော သေချာရဲ့လား။

အတွေးစကို ချက်ချင်းဖြတ်ကြည့်ပါတယ်။ ဒီအတိုင်းဆက်တွေးနေမယ်ဆိုရင် တစ်ညလုံးအိပ်ပျော်တော့မှာမဟုတ်။ ပြီးတော့ ကိုယ့်ရဲ့ လတ်တလောတည်ငြိမ်စပြုနေတဲ့ အခိုက်အတန့်လေးကလည်း ဒီတောင်စဉ်ရေမရ အတွေးတွေကြောင့် ပျက်စီးသွားနိုင်ပါရဲ့။

ဒါပေမဲ့ မရပါဘူး။ စိတ်ဆိုတာလည်း အခတ်သား။ ဘယ်အရာကိုပဲတွေးပြီး ဘယ်အကြောင်းအရာကိုဖြင့် မတွေးဘဲနေမယ်။ ဘယ်အကြောင်းအရာကိုဖြင့် ဆက်တွေးမယ်။ ဘယ်အချိန်အတိုင်းအတာထိပဲ တွေးမယ်ဆိုပြီး စေခိုင်းလို့မှ မရတာပဲ။

***

အပိုင်း (၁၇) ဆက်လက်ဖတ်ရှုနိုင်ပါရန်။

Leave a Reply

Your email address will not be published. Required fields are marked *