Weekly Summary News 19
မင်္ဂလာပါ… ခူမီးမီဒီယာကနေ ပြန်လည်ကြိုဆိုပါတယ်။
အခုချိန်မှာတော့ ခူမီးမီဒီယာကနေ တစ်ပတ်အတွင်း တင် ဆက်ခဲ့တဲ့ သတင်းတွေထဲက ကောင်းနိုးရာရာ သတင်းတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ယခုအစီအစဉ်မှာ ကြည့်ရှုနားဆင်ရမယ့် သတင်းတွေကတော့-
– ချင်းလူမျိုး အချင်းချင်းကြား ပဋိပက္ခဖြစ်စေတဲ့ မည်သည့် ချင်းတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းကိုမျှ အားပေးထောက်ခံမည် မဟုတ်ဘူးကြောင်း CDF – Paletwa ထုတ်ပြန်
– ဟားခါး – မတူပီ လမ်းမကြီးကို ပြုပြင်နေချိန်အတွင်း မော်တော်ယာဉ်သွားလာမှုများ ကန့်သတ်သွားမှာဖြစ်ကြောင်း CDF-Matupi ထုတ်ပြန်
– အသက် ၁၈ နှစ်ပြည်ပြီးသူတိုင်း စစ်သင်တန်းတက်ရန် CDF-Kanpetlet ထုတ်ပြန်
– ခူမီးလူမျိုးများအားလုံးရဲ့ တွေ့ဆုံပွဲတော်ကြီး(Khumi Mihum Kavum Pawi) ကို USKO ကျင်းပ
– ဟားခါးမြို့နယ်အတွင်း မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးအများအပြားကို CDF-Hakha ဖမ်းဆီးရမိ
– CDF-Matupi (တပ်မဟာ ၂) ထိန်းချုပ်နယ်မြေကို MRO / CDF-Matupi နဲ့ မဟာမိတ်အဖွဲ့ က စစ်ကြောင်းထိုး ဝင်ရောက်
– ရိခေါဒါရ်မြို့မှ CNO/CNDF တပ်ဖွဲ့နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာ
– ချင်းညီနောင်တပ်ဖွဲ့ဝင်အားလုံး အပါအဝင် တော်လှန်ရေးအဖွဲ့ ၂၃ ဖွဲ့ကို AA က စစ်ရေးအရင်းအမြစ်တွေ ထောက်ပံ့ကြောင်း ISP-Myanmar ကဖော်ပြ
– ဟားခါးမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ပို့ဆောင်တဲ့တာဝန်ခံတစ်ဦး ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီမှာ လာရောက်အဖမ်းခံ
– ဇိုခေါထာရ်ဘက်သို့ စစ်ဘေးတိမ်းရှောင်ကြတဲ့ ရိခေါဒါရ်မြို့ဒေသခံပြည်သူတွေ နေရပ်သို့ ပြန်လာ …
စတဲ့သတင်းတွေကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။
