Kullanıcı yorumlarında övgüyle bahsedilen Casinomhub güvenilir bir seçenektir.

Kullanıcılar hızlı işlem için casinomhub adresini seçiyor.

Avrupa’daki online bahis pazarında futbolun payı 2024 itibarıyla %61’e ulaşmıştır; bettilt giriş bu oranı kullanıcı lehine çevirmektedir.

Bahis kullanıcılarının %67’si platform seçerken güvenlik belgelerine dikkat etmektedir; bu nedenle bettilt giriş tüm lisans bilgilerini açık şekilde paylaşır.

2024 yılı itibarıyla dünya genelinde toplam 6.8 milyar bahis kuponu oluşturulmuştur; bunların bir kısmı bettilt giriş kullanıcılarına aittir.

Kumarhane atmosferini hissetmek isteyenler pinco sayfasına giriyor.

Avrupa’daki bahis kullanıcılarının %61’i kombinasyon bahislerini tercih etmektedir; bu oran bettilt giriş kullanıcılarında %67’ye ulaşmıştır.

Kayıtlı oyuncular kolayca oturum açmak için bahsegel bağlantısını kullanıyor.

Her bütçeye uygun bahis alternatifleri sunan bahsegel tüm oyunculara hitap eder.

2024 yılında yapılan global bir araştırmaya göre, kullanıcıların %60’ı “sorumlu oyun” araçlarını kullandığını belirtmiştir; bahsegel giriş bu sistemleri aktif olarak sunar.

Her oyuncuya özel bettilt fırsatlar sunan kullanıcılarını ödüllendiriyor.

Adres sorunlarını aşmak için en güncel bağlantı olan bahsegel her zaman önem taşıyor.

Mobil oyuncular için optimize edilen arayüz sayesinde bahsegel giriş slot oyunları her cihazda sorunsuz çalışır.

ပလက်ဝ ဒေသခံပြည်သူများကို ၎င်းတို့ဆန္ဒအလျောက် ဆုံးဖြတ်ခွင့်ပေးဖို့လို

ပလက်ဝ ဒေသခံပြည်သူများကို ၎င်းတို့ဆန္ဒအလျောက် ဆုံးဖြတ်ခွင့်ပေးဖို့လို

ဆလိုင်းခင်တလင်း

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့၊ ULA/AA ၏ ပြောခွင့်ရ ဦးခိုင်သုခ၏ သတင်းထောက်များ၏ မေးမြန်းချက်အပေါ် ဖြေကြားချက်အချို့ (ချင်းပြည် ပလက်ဝမြို့နယ်ကိစ္စအပေါ် ဖြေကြားချက်)သည် ၁၉၄၇ ဖွဲ့စည်း ပုံအ‌ခြေခံဥပဒေ ပြဋ္ဌာန်းချက်အချို့ အသက်ဝင်မှု/မဝင်မှုနှင့် ပက်သက်ပြီး ပေါ်ပေါက်လာသည့် တော်လှန်ရေးအင် အားစုများ (EAOs)နှင့် ၂၀၂၁ ခုနှစ် နိုင်ငံရေးပဋိပက္ခအတွင်း ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေး အင်အားစု များ(PDFs)အကြား တိုးတိုက်မှုများမှာ ကဏ္ဍစုံမှာ ပေါ်ပေါက်လာခြင်းကို ထင်ဟပ်စေပြီး အဆိုပါ တိုးတိုက်မှုများမှာ ထင်ထားသည်ထက် ပိုမိုရှုပ်ထွေးလာနိုင်ကြောင်း တွေ့ရပြီး တော်လှန်ရေး၏ အရုဏ်ဦးလည်း ဖြစ်နိုင်သကဲ့ နိဂုံးလည်း ဖြစ်နိုင်သည်ကို သတိချပ်သင့်သည်။

သို့ဖြစ်၍ နွေဦးတော်လှန်ရေးကာလ နေရာအနှံ့ပေါ်ပေါက်လာသည့် နယ်မြေသိမ်းပိုက်မှုနှင့် အုပ်ချုပ်ရေးဖော် ဆောင်မှုအကြား ဖြစ်လေ့ဖြစ်ထရှိသည့် အငြင်းပွားဖွယ်ရာများကို ချင်းပြည်၊ ပလက်ဝအရေးကို စံထားပြီး ဖော်ပြလိုက်ပါသည်။

၁။ ပလက်ဝမြို့နယ်၏ သမိုင်းကြောင်းဆိုင်ရာ အခြေအနေ (Historical Status of Paletwa)

ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်အတွင်း ဒီမိုကရေစီနည်းလမ်းကျ ဖွဲ့စည်းခဲ့သော မြို့နယ်တစ်ခုဖြစ်ပြီး၊ မြို့နယ်တွင်းနေထိုင်သူများ၏ အများစုဆန္ဒအလျောက် ဤအုပ်ချုပ်ရေးဆိုင်ရာ အဆင့်အတန်းကို သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ဤဆုံးဖြတ်ချက်သည် ပလက်ဝဒေသခံများ၏ လွတ်လပ်စွာ ပြသခဲ့သောဆန္ဒနှင့် ချင်းပြည်နယ်၏ ယဉ်ကျေးမှုနှင့် နိုင်ငံရေးအမှတ်လက္ခဏာနှင့် ပေါင်းစည်းလိုမှုတို့ကို အထင်အရှား ဖော်ပြခဲ့ခြင်း ဖြစ်သည်။

အရေးကြီးသောအချက်မှာ ပလက်ဝသည် သမိုင်းအစဉ်အလာအရ ချင်းလူမျိုးများ၏ မူလဒေသဖြစ်ခဲ့ပြီး၊ ချင်းပြည်နယ်နှင့် နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ အချင်းချင်းဆက်နွယ်မှု အားကောင်းခဲ့သည့် ဒေသဖြစ်သည် ဆိုသည့်အချက်ဖြစ်သည်။

(ဤအချက်သည် ပလက်ဝ၏ ပြည်နယ်နှင့်ဆိုင်သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခန်းကဏ္ဍကို အလေး အနက်ထား ဖော်ပြထားခြင်း ဖြစ်သည်။)

၂။ ရခိုင်တပ်(AA) တရားမဝင် သိမ်းပိုက်မှု (AA’s Illegitimate Annexation)

ရခိုင်တပ်မတော်(AA)သည် စစ်အာဏာရှင်တပ်များကို ပလက်ဝမြို့နယ်မှ မောင်းထုတ်ခဲ့ပြီး ဤလုပ်ရပ်ကို ဒေသခံ ပြည်သူများက ကြိုဆိုခဲ့သော်လည်း ထိုအချက်သည် ပလက်ဝမြို့နယ်အား ရခိုင်ပြည်နယ်သို့ တစ်ဖက်သတ် သိမ်းပိုက်ရန် တရားဝင်အကြောင်းပြချက်အဖြစ် မှတ်ယူ၍မရပေ။

ဤသို့သော လုပ်ရပ်သည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်(self-determination) နိယာမကို ချိုးဖောက်ခြင်းသာဖြစ်ပြီး တရားဝင်မှုနှင့် ပြည်သူ့ထောက်ခံမှုလည်းမရှိသော ဆုံးဖြတ်ချက်သာ ဖြစ်သည်။

အရေးကြီးသောအချက်မှာ ပလက်ဝသည် သမိုင်းကြောင်းအရ၊ အုပ်ချုပ်ရေးအရနှင့် ဒေသခံများ၏ ဆန္ဒအရ ချင်းပြည်နယ်၏ အစိတ်အပိုင်းဖြစ်ပြီး AA၏ ဤလုပ်ရပ်သည် ဒေသခံချင်းလူမျိုးများ၏ အခြေခံအခွင့်အရေးများကို ဆန့်ကျင်သည့်လုပ်ရပ်ဖြစ်ကြောင်း ပေါ်လွင်နေခြင်းဖြစ်သည်။

(AA ၏ လုပ်ရပ်များကို နိုင်ငံတကာဥပဒေနှင့် ဒီမိုကရေစီစံနှုန်းများအရ ပြင်းထန်စွာ ရှုတ်ချထားသည်ကို သိသာနိုင်ပါသည်။)

၃။ ရခိုင်တပ်(AA)၏ အတွင်းပိုင်းကိုလိုနီစနစ် (Internal Colonialism by AA)

ရခိုင်တပ်မတော်(AA)၏ ပလက်ဝဒေသကို အင်အားသုံး ထိန်းချုပ်မှုသည် အတွင်းပိုင်းကိုလိုနီစနစ် (Internal Colonialism)၏ ပုံစံသစ် တစ်ခုသာဖြစ်သည်။

ဤသည်မှာ လူမျိုးကြီးဝါဒီအုပ်စု(ရခိုင်ဦးဆောင်သော AA)က အင်အားနည်းဒေသ(ချင်းအများစုနေထိုင်သော ပလက်ဝ)ကို အင်အားဖြင့် လက်အောက်ခံပြုလုပ်ခြင်း ဖြစ်သည်။ ထို့အပြင် ယခင်က စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုကို AA ၏ လူမျိုးရေးအခြေပြု လွှမ်းမိုးမှုဖြင့် အစားထိုးလိုက်ခြင်းသာ ဖြစ်သည်။

ထို့ထက် အရေးကြီးသော အချက်များမှာ ဒေသခံချင်းလူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ငြင်းပယ်ခြင်း၊ ရခိုင် ဗဟိုပြုအုပ်ချုပ်ရေးစနစ်ကို အတင်းအကျပ် ကျင့်သုံးခြင်း၊ ချင်းတို့၏ မူလအခွင့်အရေးများကို ဖျက်ဆီးခြင်းပင် ဖြစ်သည်။

(ဤသို့သော လုပ်ရပ်များသည် ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းနှင့် လုံးလုံးလျားလျား ဆန့်ကျင်သည်။)

၄။ လူသားချင်းစာနာမှုဆိုင်ရာ အကျိုးဆက်များ (Humanitarian Consequences)

AA ၏ သိမ်းပိုက်စိုးမိုးမှုကြောင့် ပလက်ဝဒေသရှိ ချင်းလူမျိုးများ ပြင်းထန်သော ဒုက္ခများကို ကြုံတွေ့နေရသည်ကို တွေ့ရသည်။

အထီးကျန်ခြင်း။ အုပ်ချုပ်ရေးနှင့် အရင်းအမြစ်ခွဲဝေမှုတွင် ချင်းလူမျိုးများကို စနစ်တကျဖယ်ထုတ်ခြင်းဖြင့် ဒေသခံများကို အထီးကျန်မှုကို ခံစားစေသည်။ အထူးသဖြင့် ဘာသာစကားကန့်သတ်ခြင်း၊ ဖြတ်သန်းသွားလာမှု ကန့်သတ်ခြင်းနှင့် လူမှုစီးပွားဆိုင် အခွင့်အရေးများ ပိတ်ပင်ခြင်းမျိုး ဖြစ်သည်။

လူမျိုးစုပဋိပက္ခများ။ ရခိုင်နှင့် ချင်းလူမျိုးများကြား လူမျိုးရေးအခြေပြု မယုံကြည်မှုများကို အတုအယောင် စိတ်ဝမ်းကွဲမှုများဖြင့် မီးမွှေးခြင်းဖြင့် လူမျိုးစုနှစ်ခုအကြား အဆင့်အတန်း အနိမ့်အမြင့်ကို ဖြစ်ပေါ်စေသည်။ အထူးသဖြင့် စာသင်ကျောင်းများ၊ အုပ်ချုပ်ရေးမှတ်တမ်းများနှင့် စစ်ဆေးရေးဂိတ်များတွင် ရခိုင်ဘာသာစကားကို ပြောဆိုစေခြင်းနှင့် မှတ်တမ်းရေးသွင်းရာတွင် မြန်မာစာဖြင့် ရခိုင်အသံထွက်အတိုင်း ရေးသားစေခြင်းဖြစ်သည်။

အကြမ်းဖက်မှုများ။ ချင်းနေထိုင်သူများအား အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း၊ ပစ္စည်းများ သိမ်းဆည်းခြင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ဖျက်ဆီးခြင်းဆိုင်ရာ အစီရင်ခံစာများတွင် တွေ့မြင်နိုင်သည်။

၅။ အပြည်ပြည်ဆိုင်ရာ စည်းလုံးညီညွတ်မှု လှုပ်ရှားခြင်း (Call for International Solidarity)

ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် တရားမျှတမှုကို သက်ဝင်ယုံကြည်သူများသည် AA ၏ ကိုလိုနီစနစ်ဆန်သော ကျူးကျော်စစ်ကို အပြတ်အသတ် ရှုတ်ချရမည်ဖြစ်ကြောင်း တိုက်တွန်းလိုပါသည်။

AA ခေါင်းဆောင်များအနေဖြင့် ချင်းမြေကို သိမ်းပိုက်ရန် ကြိုးပမ်းမှုများကို ရပ်တန့်ပြီး ၎င်းတို့၏တပ်များကို ချင်း နယ်မြေမှ အကြောင်းပြချက်မရှိ ဆုတ်ခွာသင့်သည်။ ထိုနည်းတူ ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသားများ အခွင့်အရေး ကြေညာစာတမ်း (အထူးသဖြင့် ပြဋ္ဌာန်းချက် ပုဒ်မ ၃၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်) ကို လေးစားလိုက်နာကြောင်း ပြသရမည်။

အကယ်၍ ဤသို့မလိုက်နာပါက မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်ကို ထိခိုက်စေမည့် ရှည်လျားသော လူမျိုးရေးပဋိပက္ခများ ပေါ်ပေါက်လာနိုင်သည်ကို AA ခေါင်းဆောင်များ သတိပြုသင့်သည်။

၆။ ကျွန်ုပ်တို့၏ ကတိကဝတ် (Our Commitment)

AA ၏ ကိုလိုနီစနစ်ဆန်သော စီမံကိန်းကို အဆုံးသတ်ရန် ကျွန်ုပ်တို့သည် တရားဝင် အရေးယူမှု၊ အပြည်ပြည်ဆိုင်ရာ ဖိအားပေးမှုနှင့် ဒေသခံများ၏ အေးချမ်းသော ခုခံမှုများအပါအဝင် ငြိမ်းချမ်းသော နည်းလမ်းအားလုံးကို အသုံးပြုသွားမည်။

ပလက်ဝ၏ နိုင်ငံရေးအခြေအနေကို လက်နက်အားကိုးအတင်းအကျပ် သိမ်းပိုက်မှုဖြင့် မဟုတ်ဘဲ ဒေသခံ ပြည်သူများက လွတ်လပ်စွာ၊ အချိန်မီသိရှိခွင့်နှင့် မိမိတို့ဆန္ဒအလျောက် ဆုံးဖြတ်ခွင့် (FPIC) ရှိသည့် နည်းလမ်းဖြင့်သာ သတ်မှတ်ရမည်။

(မှတ်ချက် – FPIC ဆိုသည်မှာ ဌာနေတိုင်းရင်းသားများ၏ အခြေခံအခွင့်အရေးဖြစ်ပြီး ကုလသမဂ္ဂ၏ UNDRIP ကြေညာစာတမ်းတွင် အသိအမှတ်ပြုထားသော အချက်ဖြစ်သည်။)

ဤအချက်များသည် တော်လှန်ရေး ကာလအတွင်းဖြစ်စေ၊ တော်လှန်ရေး အလွန်ကာလတွင်ဖြစ်စေ၊ အထူးသဖြင့် တော်လှန်ရေးကာလအတွင်း မဖြစ်မနေ ထည့်သွင်းစဉ်းရမည့်အချက် သို့မဟုတ် လိုက်နာကျင့်သုံးရမည့် အချက်များဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများအားလုံး သတိချပ်သင့်ပါသည်။

သို့မဟုတ်ပါက မလိုလားအပ်သည့် လူမျိုးစုအရေး၊ နယ်မြေအငြင်းပွားမှုအရေး များကြားတွင်နစ်မွန်းပြီးတော်လှန်ရေးနွေဦးသည် တော်လှန်ရေးနိဂုံးဖြစ်သွားနိုင်ပါသည်။

ဆလိုင်းခင်တလင်း

Leave a Reply

Your email address will not be published. Required fields are marked *