Kullanıcı yorumlarında övgüyle bahsedilen Casinomhub güvenilir bir seçenektir.

Kullanıcılar hızlı işlem için casinomhub adresini seçiyor.

Avrupa’daki online bahis pazarında futbolun payı 2024 itibarıyla %61’e ulaşmıştır; bettilt giriş bu oranı kullanıcı lehine çevirmektedir.

Bahis kullanıcılarının %67’si platform seçerken güvenlik belgelerine dikkat etmektedir; bu nedenle bettilt giriş tüm lisans bilgilerini açık şekilde paylaşır.

2024 yılı itibarıyla dünya genelinde toplam 6.8 milyar bahis kuponu oluşturulmuştur; bunların bir kısmı bettilt giriş kullanıcılarına aittir.

Kumarhane atmosferini hissetmek isteyenler pinco sayfasına giriyor.

Avrupa’daki bahis kullanıcılarının %61’i kombinasyon bahislerini tercih etmektedir; bu oran bettilt giriş kullanıcılarında %67’ye ulaşmıştır.

Kayıtlı oyuncular kolayca oturum açmak için bahsegel bağlantısını kullanıyor.

Her bütçeye uygun bahis alternatifleri sunan bahsegel tüm oyunculara hitap eder.

2024 yılında yapılan global bir araştırmaya göre, kullanıcıların %60’ı “sorumlu oyun” araçlarını kullandığını belirtmiştir; bahsegel giriş bu sistemleri aktif olarak sunar.

Her oyuncuya özel bettilt fırsatlar sunan kullanıcılarını ödüllendiriyor.

Adres sorunlarını aşmak için en güncel bağlantı olan bahsegel her zaman önem taşıyor.

Mobil oyuncular için optimize edilen arayüz sayesinde bahsegel giriş slot oyunları her cihazda sorunsuz çalışır.

“ပလက်ဝကောင်စီ (Paletwa Council) မှာ နိုင်ငံရေးတန်ဖိုး (Political Value) လိုအပ်​နေ”

“ပလက်ဝကောင်စီ (Paletwa Council) မှာ နိုင်ငံရေးတန်ဖိုး (Political Value)လိုအပ်​နေ

ဆလိုင်းပန်ဟိုက်

ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီ (Paletwa Autonomous District Council) ကို ၂၀၂၃ ခုနှစ်၊ မတ် လ ၂၂ – ၂၄ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ IKACC/CDF-Paletwa  ပထမအကြိမ် ညီမလာခံမှာ အတည်ပြုခဲ့ပြီးတော့ ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်တဲ့ ခရိုင်ကောင်စီ ဖွဲ့စည်းပုံစည်းမျဉ်းအရ ခရိုင်အဆင့် မြှင့်တင်ဖွဲ့စည်းခဲ့ကြပါတယ်။

(၂၀၂၃ ခုနှစ်၊ မေလ ၁၀ ရက်နေ့၊ IKACC ထုတ်ပြန်ချက်)

 

အဲ့ဒီနောက် ပလက်ဝစုံ ညီလာခံကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅-၆ ရက်နေ့ CDF-Paletwa ထိန်းချုပ်နယ်မြေမှာ ၂ ရက် ကြာကျင်းပခဲ့ပြီးတော့ လူထုကိုယ်စားလှယ် ၁၂၂ ဦး၊ Interim Khumi Affairs Consultative Council (IKACC) နဲ့ Paletwa Autonomous District Council (PADC) ကိုယ်စားလှယ် ၉၆ ဦး၊ အထူးဖိတ်ကြားကိုယ်စားလှယ် ၁၈ ဦး၊ စုစုပေါင်း ညီလာခံကိုယ်စားလှယ် ၂၃၆ ဦးတက်ရောက်ခဲ့ပြီး Paletwa Autonomous District Council ကနေ Paletwa Council လို့ ပြောင်းလဲခဲ့ကြပါတယ်။ (၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၆ ပလက်ဝစုံညီ ညီလာခံထုတ်ပြန်ချက်)

ဒီအမည်နာမ ပြောင်းလဲမှုနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့နှစ်က ဆောင်းပါးတစ်စောင်ရေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ခေါက် မြေပြင်ပြန်ဆင်းတော့ အဲဒီပြောင်းလဲမှုနဲ့ပတ်သက်ပြီး အစည်းအဝေးမှာ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့တဲ့ ပြည်သူတွေနဲ့ စကားပြောကြည့်တဲ့အခါ၊ သူတို့ပြောတာက “ကိုယ်ပိုင်အုပ်ချုပ်သော – Autonomous” ဆိုတဲ့ စကားလုံးကိုမကြိုက်လို့တဲ့။

PADC အဖြစ် စတင်ကျင့်သုံးတဲ့အခါမှာ CNF, ICNCC အပါအဝင် အခြားသော CDF ခေါင်းဆောင် တော်တော် များများ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတယ်။ အထူးသဖြင့် ပလက်ဝမှာ လက်နက်ကိုင်အင်အား ကောင်းနေတာလည်း မဟုတ်ဘူး၊ ချင်းပြည်ကနေ ခွဲထွက်မှာလားဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ချင်းအသိုင်းအဝန်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတာကိုတွေ့ခဲ့ရတယ်။

ဆိုတော့ ပလက်ဝက ခေါင်းဆောင်အချို့ကလည်း ဟုတ်သားပဲ… ဆိုတဲ့ပုံစံနဲ့ အဲဒီဝေဖန်ချက်တွေကို လက်ခံ လာကြတယ်။ ဝေဖန်မှုတွေကို ဘယ်လိုသည်းခံမယ်၊ ရှင်းပြမယ် ဆိုတာမျိုး မတွေ့ခဲ့ရဘူး။ သူတို့ကိုယ်တိုင်က နားမလည်တာဖြစ်မယ်လို့ မှတ်ချက်ပြုနိုင်ပါတယ်။

ဒီနေရာမှာ ကိုယ်ပိုင်အုပ်ချုပ်သော (Autonomous) ဆိုတာ ကိုယ်ပိုင်ပြဋ္ဌာန်းခြင်း (Self-determination) ဆိုတဲ့ နိုင်ငံရေးဝေါဟာနဲ့ လေးနက်မှု၊ ဖွင့်ဆိုမှု သိပ်ကွာလှပါတယ်။ Self-Determination လို့ ပြောရင် ပလက်ဝပြည်နယ် မကလို့ ပလက်ဝနိုင်ငံ ထောင်နိုင်တဲ့အထိ နိုင်ငံရေး ဝေါဟာရအရ ကျယ်ပြန့်ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်တယ်ဆိုတာ Self-rule နဲ့ ဆက်စပ်ပါတယ်။ ဥပဒေတွေကို ကိုယ်ပိုင်ပြဋ္ဌာန်းနိုင်စွမ်း နည်းပါတယ်။ ဆိုလိုရင်းက တော်တာဖြစ်ဖြစ်၊ ညံ့တာဖြစ်ဖြစ် ပလက်ဝသားတွေဟာ ပလက်ဝမြို့နယ်၊ ပလက်ဝခရိုင်ကို စီမံခွင့်ရှိရမယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

ဒါကို ဟိုရပ်ကွက်၊ ဒီရပ်ကွက်လူတွေရဲ့ အသံတွေကို နားထောင်ပြီး နားယောင်သွားတဲ့ သူတို့ရဲ့နိုင်ငံရေး အဆင့် အတန်းကိုကြည့်ပြီး ရင်လေးမိပါတယ်။ အခွင့်အရေးတွေဆိုတာ ကိုယ်တိုင်ဖန်တီးရတာပါ။

နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေအရ ပလက်ဝမှာ စစ်တပ်အင်အား ကောင်းခြင်းမကောင်းခြင်းနဲ့ လုံးဝ(လုံးဝ) မသက်ဆိုင်ပါ။ ချင်းပြည်နယ်ဖြစ်နေလို့ အများစုရဲ့သဘောကို မဖြစ်မနေ လိုက်ရမယ်ဆိုတာ လွဲမှားတဲ့ နိုင်ငံရေးပါ။

ကွဲလွဲခွင့်ရှိရမယ်။ ဒါကိုအခွင့်အရေးလို့ခေါ်တာပါ။ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်တွေမှာ ကျန်တဲ့မြို့နယ်တွေရဲ့ ခေါင်းဆောင်တွေကလာပြီး ဆရာကြီးလုပ်လို့မရပါဘူး။ ဒါဟာ ဖက်ဒရယ်ရဲ့ အခြေခံသဘောတရားတွေဖြစ်သလို တန်ဖိုးတွေလည်း ဖြစ်ပါတယ်။

လက်ရှိ Paletwa Council ဆိုတာ နိုင်ငံရေးအရ ကောင်စီတော့ဟုတ်တယ်။ ဒါပေမဲ့ အဲဒီအထဲမှာ ပလက်ဝ သားတွေ ဘာကိုအလေးထားရမလဲဆိုတဲ့ နိုင်ငံရေးတန်ဖိုး ပါမနေပါဘူး။ ဒါကိုနားလည်ဖို့ လိုပါတယ်။

အဲဒါကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခြင်းဆိုတာ ခွဲထွက်ခြင်း မဟုတ်သလို Isolationism(သီးခြားနေထိုင်ခြင်း) ကို သွားနေတာလည်း မဟုတ်ဘူး။

ကိုယ့်ရဲ့နိုင်ငံရေးတန်ဖိုးကို ကိုယ်တိုင်ပြသတာဖြစ်တဲ့အတွက် နိုင်ငံရေး စံတန်ဖိုးတစ်ခုခုကို ပလက်ဝသားတွေ ပြန်ရွေးချယ်သင့်ကြောင်း အကြံပြုတိုက်တွန်းလိုက်ပါတယ်။

ဆလိုင်းပန်ဟိုက်

Leave a Reply

Your email address will not be published. Required fields are marked *