မင်္ဂလာပါ… ခူမီးမီဒီယာကနေ ပြန်လည်ကြိုဆိုပါတယ်။
အခုချိန်မှာတော့ ခူမီးမီဒီယာကနေ တစ်ပတ်အတွင်း တင် ဆက်ခဲ့တဲ့ သတင်းတွေထဲက ကောင်းနိုးရာရာ သတင်းတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။
ယခုအစီအစဉ်မှာ ကြည့်ရှုနားဆင်ရမယ့် သတင်းတွေကတော့-
. လောင်မ်ဆွီးကျေးရွာတွင် ခူမီးအမျိုးသားတစ်ဦးကို မရာလူမျိုး ၇ ဦးက ရိုက်နှက်မှုဖြစ်ပွား
. CDF-Mara ဌာနချုပ်ဧရိယာအတွင်းသို့ MDF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေ
. MRO/CDF-Matupi သည် တစ်ဖက်သက် နယ်မြေကျူးကျော်လာပြီး စစ်ရေးပဋိပက္ခများ ဖြစ်ပွားလာစေရန် လုပ်ဆောင်မှုများရှိ
. စစ်သုံ့ပန်း ၄၄ ဦးကို ULA/ AA လွှတ်ပေးသော်လည်း ပလက်ဝဒေသခံများ မပါဝင်
. CDF – Kanpatlet ပိတ်ထားသည့်လမ်းကို အမြန်ဆုံးဖြတ်သန်းခွင့်ပြုပေးရန် ကယ်ရီသမားများ တောင်းဆို
. မင်းတပ်မြို့နယ်တွင် အာဏာသိမ်း ငါးနှစ်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၀ ဦး သေဆုံးပြီး ၁၂၀ ဦး ထိခိုက်ဒဏ်ရာရ
. ခေတ္တပိတ်ထားသည့် မတူပီ – မင်းတပ် ကုန်သွယ်ရေးလမ်းများ ပြန်ဖွင့်
. NCC ပါတီ ဥက္ကဋ္ဌ အဖြစ် ချင်းပြည်နယ်ဝန်ကြီးဟောင်း ဦးစိုးထက်မှ တာဝန်ယူ
. အိန္ဒိယ (UNHCR) က ဒုက္ခသည်အဆင့်အတန်းသတ်မှတ်ခြင်း(RSD) အတွက် အင်တာဗျူး မည်မျှခေါ်ယူပြီးကြောင်း စာရင်းပေးရန် CRC ထုတ်ပြန်
. CDF – KKG ၏ အပတ်စဉ်(၈) အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ
. ACR ရုံး၀န်ထမ်းများမှ အမှုတွဲဆိုင်ရာ အကြံပေးဆွေးနွေးမှုများ စတင်ပြုလုပ်ပေးသွားမည်
. မလေးရှားတွင် သင်းခွေချပ် ဖမ်းဆီးမှုဖြင့် ခူမီး(ချင်း)အမျိုးသား ၇ ဦးကို တရားရုံးမှ ထောင်ဒဏ် ၈ နှစ်ကျော် ချမှတ်
စတဲ့သတင်းတွေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်
