အိုက်ဇောလ်မြို့နှင့် အနီးအနားကျေးရွာရှိ မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက် စာရင်းပေးသွင်းရေးအစီစဉ်ကို အိုင်ဇောလ်မြို့ Deputy Commissioner က အသိပေးထုတ်ပြန်
စက်တင်ဘာလ ၂ ရက်၊ ၂၀၂၅။
မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့နယ်အတွင်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားသည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း ရောက်ရှိလာသည့် စစ်ရှောင်များအနေဖြင့် ဇီဝအချက်အလက် စာရင်းပေးသွင်းမည့် အစီစဉ်ကို အိုင်ဇောလ်မြို့ Deputy Commissioner(D.C) ရုံးက စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြောင်း ခိုနူမ်းသုန်သတင်းဌာနတွင် ဖော်ပြထားသည်။
အိုင်ဇောလ်မြို့ Deputy Commissioner (D.C) ရုံးတွင် စက်တင်ဘာလ ၈ ရက်မှ အောက်တိုဘာလ ၂ ရက်နေ့အထိ နံနက် ၁၀ နာရီမှ ညနေပိုင်း ၄ နာရီခွဲအထိ ဇီဝအချက်အလက် ကောက်ယူရေးအစီစဉ်ကို ဆောင်ရွက်သွားမည် ဖြစ်သည်။
ဇီဝအချက်အလက်များကို သွားရောက်ပေးအပ်ရာတွင် မိမိနေထိုင်ရာ ရပ်ကွက်ကောင်စီနှင့် YMA တို့၏ ထောက်ခံချက်များနှင့်အတူ ယာယီသက်သေခံကဒ်ပြား၊ မြန်မာမှတ်ပုံတင်၊ ကျောင်းသားကဒ်၊ မွေးစာရင်း စသည်တို့ကို ယူဆောင်လာရမည်ဖြစ်သည်။
မီဇိုရမ်ပြည်နယ်အစိုးရသည် မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူရေးကို ခရိုင် ၁၁ ခုတွင် ဇူလိုင်လ ကုန်ပိုင်းမှစ၍ ဆောင်ရွက်နေလျှက်ရှိကြောင်း သိရသည်။
အိုင်ဇောလ်မြို့အနီး Rangvamual နှင့် Phunchawng ကျေးရွာတို့တွင် ဇီဝအချက် အလက်ကောက်ယူမှုကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ကြပြီး Thuampui, Muana veng, Zuangtui, Zemabawk, Falkland ရပ်ကွက်တွင် နေထိုင်ကြသူများသည် Thuampui YMA ခန်းမတွင် စက်တင်ဘာလ ၄ ရက်မှ ၆ ရက်နေ့အထိ ဇီဝအချက်အလက်ကောက်ယူမှု ဆောင်ရွက်မည်ဟု သိရသည်။
အိုင်ဇောလ်မြို့ပေါ်နှင့် အနီးနားကျေးရွာများတွင် နေထိုင်သည့် မြန်မာစစ်ဘေးရှောင်များအနေဖြင့် အောက်ပါ ရပ်ကွက်အလိုက် သတ်မှတ်ထားသည့်နေ့ရက်တွင် အိုင်ဇောလ်မြို့ Deputy Commissioner (D.C) ရုံးတွင် သွားရောက် ဆောင်ရွက်နိုင်သည်ဟု ဖော်ပြထားသည်။
Deputy Commissioner (D.C) ရုံးခန်းမတွင် ဆောင်ရွက်ရမည့် ရပ်ကွက်နှင့် ကျေးရွာများမှာ-
(၁) စက်တင်ဘာ ၈ ရက်နေ့တွင် Selesih,Durtlang N, Durtlang, Durtlang Leitan, Leitan Ramthar
(၂) စက်တင်ဘာ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ – Chaltlang Lily veng, Chaltlang, Laipuitlang, Bawngkawn, Bawngkawn South, Bawngkawn west
(၃) စက်တင်ဘာ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ – Ramhlun North, Ramhlun Venglai, Ramhlun Vengthar, Ramhlun Sport Complex, Ramhlun South, Ramthar North, Ramthar
(၄) စက်တင်ဘာ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ – Aizawl Venglai, Electric veng, Chanmari, Zarkawt, Chanmari west, Dawrpui
(၅) စက်တင်ဘာ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ – Saron veng, Chhina veng, Tuithiang, Armed veng, Armed veng south, Chite
(၆) စက်တင်ဘာ ၂၃ ရက်နေ့တွင် – Khatla, Khatla south, Khatla east, Nursery, Bungkawn, Lawipu, Bungkawn vengthar, Maubawk
(၇) စက်တင်ဘာ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ – Tuikual North, Tuikual South, Dinthar, Dawrpui vengthar, Vaivakawn, Hunthar, Edenthar
(၈) စက်တင်ဘာ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ – Kanaan, Chawnpui, Zotlang, Zonuam, Ainawn, Luangmual, Chawlhhmun, Tanhril, Sakawrtuichhun, Tuivamit
(၉) အောက်တိုဘာ ၁ ရက်နေ့တွင် – Bethlehem, Bethlehem vengthlang, Venghlui, Upper Republic, Republic, Republic vengthlang, College veng, ITI, Salem veng
(၁၀) အောက်တိုဘာ ၂ ရက်နေ့တွင် – Dam veng, Veng hnuai, Tuikhuahtlang, Mission veng, Mission vengthlang, Model veng, Thakthing, Kulikawn, Tlangnuam, Tlangnuam vengthar, Saikhamakawn, Melthum, Hlimen, Kulikawn west တို့ဖြစ်သည်။
သတင်း – James Roe
News Source: Khonumthung Burmese
