Kullanıcı yorumlarında övgüyle bahsedilen Casinomhub güvenilir bir seçenektir.

Kullanıcılar hızlı işlem için casinomhub adresini seçiyor.

Avrupa’daki online bahis pazarında futbolun payı 2024 itibarıyla %61’e ulaşmıştır; bettilt giriş bu oranı kullanıcı lehine çevirmektedir.

Bahis kullanıcılarının %67’si platform seçerken güvenlik belgelerine dikkat etmektedir; bu nedenle bettilt giriş tüm lisans bilgilerini açık şekilde paylaşır.

2024 yılı itibarıyla dünya genelinde toplam 6.8 milyar bahis kuponu oluşturulmuştur; bunların bir kısmı bettilt giriş kullanıcılarına aittir.

Kumarhane atmosferini hissetmek isteyenler pinco sayfasına giriyor.

Avrupa’daki bahis kullanıcılarının %61’i kombinasyon bahislerini tercih etmektedir; bu oran bettilt giriş kullanıcılarında %67’ye ulaşmıştır.

Kayıtlı oyuncular kolayca oturum açmak için bahsegel bağlantısını kullanıyor.

Her bütçeye uygun bahis alternatifleri sunan bahsegel tüm oyunculara hitap eder.

2024 yılında yapılan global bir araştırmaya göre, kullanıcıların %60’ı “sorumlu oyun” araçlarını kullandığını belirtmiştir; bahsegel giriş bu sistemleri aktif olarak sunar.

Her oyuncuya özel bettilt fırsatlar sunan kullanıcılarını ödüllendiriyor.

Adres sorunlarını aşmak için en güncel bağlantı olan bahsegel her zaman önem taşıyor.

Mobil oyuncular için optimize edilen arayüz sayesinde bahsegel giriş slot oyunları her cihazda sorunsuz çalışır.

မလေးရှားတွင် ယူအန် မှတ်ပုံတင်ဌာနမှ ရက်ချိန်းရပြီး ယူအန်ရုံးကို သွားသောအခါ သတိပြုရမည်

မလေးရှားတွင် ယူအန် မှတ်ပုံတင်ဌာနမှ ရက်ချိန်းရပြီး ယူအန်ရုံးကို သွားသောအခါ သတိပြုရမည်

မလေးရှားတွင် ယခုနောက်ပိုင်း ယူအန် မှတ်ပုံတင်ဌာန (UNHCR-REG Unit) မှ ရက်ချိန်း (Appointments) ရပြီး ယူအန်ရုံးကို သွားသောအခါ တစ်ချို့သည် ယူအန်ကဒ် (UNHCR Cards) အစား ယူအန်စာရွက် (UNHCR Documents) များကို ထုတ်ပေးခြင်းမျိုး တွေ့နေရကာ သတိပြုရန် လိုအပ်သည်။

ယူအန်ရုံး မှတ်ပုံတင်ဌာနမှ ယူအန် အဆင့်အတန်း(UNHCR Status) ၃ မျိုးဟူ၍ ဒုက္ခသည်တချို့ကို ယူအန်ကဒ်၊ ဒုက္ခသည်တချို့ကို ယူအန်စာရွက်နှင့် ယခင် ၂၀၁၃ ကဒ်သမားများဟူ၍ ယူအန် အဆင့်အတန်း(UNHCR Status) ၃ မျိုး ရှိကြောင်း သိရသည်။

(၁) ယူအန်စာရွက်

ယူအန်စာရွက်သည် ယူအန်ကဒ် ပင်ဖြစ်ပြီး ကွာခြားမှုမှာ Assylum Seeker Documents / UN Documentations (ခိုလုံခွင့် အထောက်အထား) ဖြစ်ပြီး ဒုက္ခသည် Refugee ဟု ရာနှုန်းပြည့် မသတ်မှတ်ရသေးသည့် RSD interview ဟု ခေါ်သည့် ဒုက္ခသည် အရည်အချင်းစစ် စာမေးပွဲ မဖြေရသေးသော No RSD (no story / no case) အမျိုးအစားဖြစ်ကာ တတိယနိုင်ငံ Resettlement အတွက်လည်း စာရင်းမဝင်သေး/ အကျုံးမဝင်သေးကြောင်းနှင့် များသောအားဖြင့် သက်တမ်း တစ်နှစ်တိတိသာ ပေးသည်။

(၂) ယူအန်ကဒ် ( A )

ဤအရာသည် စာရွက်တော့ မဟုတ်ပေ။ ကဒ် အမျိုးအစား ဖြစ်သည်။ သို့သော် ဤယူအန်ကဒ်များသည်လည်း အပေါ်မှ ယူအန်စာရွက်နှင့် သဘောတရား သိပ်မကွာကြောင်း၊ Assylum Seeker Cards ခိုလှုံခွင့်ကဒ်ဟု ခေါ်သည်။ ဤယူအန်ကဒ် ကိုင်ဆောင်သူများကိုလည်း ဒုက္ခသည် Refugee ဟု ရာနှုန်းပြည့် မသတ်မှတ် ရသေး သလို တတိယနိုင်ငံ Resettlement အတွက်လည်း အကျုံးမဝင် သေးပေ။

RSD (Refugee Status Determination) Interview ဟု ခေါ်သည့် ဒုက္ခသည် အရည်အချင်း စစ်ဆေးသတ်မှတ်ရန် အင်တာဗျုး ပြန်ဖြေကြရမည်။ သက်တမ်းအားဖြင့် ၃နှစ်/ ၄ နှစ်အထိ ပေးလေ့ရှိသည်။ ၂၀၁၃ ခုနှစ်တွင် ယူအန်ကဒ် ရထားကြသူများနှင့် ၂၀၁၉ – ၂၀၂၂ ခုနှစ်အထိ ၄ နှစ်အတွင်း ယူအန်လျှောက်ထားကြသူများကို မှတ်ပုံတင်ဌာနမှ ရက်ချိန်းပေးလာပြီး ယူအန်ကဒ်များ ထုတ်ပေးထားခဲ့သူများ ပါဝင်မည်ဖြစ်သည်။

(၃) ယူအန်အဒ် ( B )

ဤယူအန်ကဒ်ကို ကိုင်ဆောင်သူများသည် RSD Interviews ဖြေဆိုအောင်မြင်ကြပြီး ဒုက္ခသည် (Refugee Elegible) အဖြစ် အပြည့်အဝ သတ်မှတ်ခြင်း ခံရပြီး တတိယနိုင်ငံ (Resettlement Elegible) အတွက်လည်း အကျုံးဝင်ကြသူများ ဖြစ်ကာ တတိယနိုင်ငံသို့ ရွှေ့ပြောင်းအခြေချနေထိုင်ခွင့် ရကြသူများ ​ဖြစ်ကြောင်းနှင့် ဤယူအန်ကဒ်သည်လည်း သက်တမ်းအားဖြင့် ၄ နှစ်အထိ ပေးလေ့ရှိကြသည်။

အထက်ပါ ယူအန်ကဒ် ၃ မျိုးထဲတွင် ယူအန်စာရွက်သမားများသည် အန္တရာယ်ဇုန်(Danger Zone) နှင့် များစွာနီးကပ်နေမှုရှိကာ အခန့်မသင့်လျှင် စာရွက်အထောက်အထားများ ပြန်လည်သိမ်းခံရနိုင်ဖွယ် ပိုဖြစ်နိုင်ချေများသည်။ အားသာချက်တစ်ခုမှာ သက်တမ်းအားဖြင့် တစ်နှစ်တိတိသာ ပေးလေ့ရှိကြပြီး သက်တမ်းကုန်၍ သက်တမ်းတိုးသည့်နေ့၌ RSD Interview ဖြေဆိုခွင့် ရကြခြင်း ဖြစ်သည်။

အကယ်၍ ယူအန်ရုံးမှ Appointment များရခဲ့ပြီး RSD အင်တာဗျုး ဖြေခွင့်သာရခဲ့လျှင် ကောင်းမွန်စွာ ပြင်ဆင်ပြီးမှသာ ဖြေဆိုကြရန် အထူးသတိထားရန်လိုသည်။ မိမိတို့၏ Story / Case သည် လက်ခံနိုင်စရာ အချက်အလက် မတွေ့၍ Officers မှ ကောက်ချက်ချခဲ့လျှင် ဤယူအန်စာရွက်များ အလွယ်တကူ ပြန်လည် သိမ်းဆည်းခြင်း ခံရနိုင်ဖွယ် ရှိနေသည်။

ဆက်လက်၍ ပြောရမည်ဆိုလျှင် ယူအန်ကဒ် (A) အမျိုးအစား ကိုင်ဆောင်သူများအနေဖြင့် RSD ဖြေ၍ မအောင်ခဲ့လျှင် ပြန်လည်ဖြေဆိုခွင့်၊ ကြိုးစားခွင့် ပေးထားပြီး ထိုသူတို့၏ ယူအန်ကဒ်များကိုလည်း ယူအန်ရုံးမှ ပြန်လည်သိမ်းဆည်းမည် မဟုတ်ပါ။ သို့သော် အဆိုးဝါးဆုံးကိစ္စမှာ Case / Story ခိုင်မာမှု မရှိဟူ၍ သတ်မှတ်ခံရပါက Resettlement Elegible မဖြစ်တော့ဘဲ တတိယနိုင်ငံအတွက် RST Interview ဖြေဆိုခွင့် ဆုံးရှုံးကြရခြင်း ဖြစ်သည်။ သို့သော် နောက်တစ်ကြိမ် ပြန်လည် ကြိုးစား​ဖြေဆိုခွင့်အတွက် အသာနားခံ၍ ရနိုင်သေးသည်။

သတိပြုရန်မှာ ယူအန်စာရွက် ကိုင်ဆောင်သူများကို ၎င်းကဲ့သို့ အခွင့်အရေးမျိုး လုံးဝ ပေးလိမ့်မည် မဟုတ်ပါကြောင်းနှင့် ချက်ခြင်းပင် ယူအန်စာရွက်များသိမ်း၍ အိမ်ပြန်ပါ… ဟု ပြောခံရနိုင်သည်။

မလေးရှားနိုင်ငံတွင် ဒုက္ခသည်အဖြစ် ရောက်ရှိကြသည့် ခိုလူံခွင့်တောင်းဆိုသူများအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် UNHCR ရုံးမှာ ဝက်ဆိုဒ်တစ်ခု မိတ်ဆက်ပေးပြီး မည်သူမဆို အွန်လိူင်းဖြင့် လျှောက်ထားခွင့်ချန်နယ်တစ်ခု ဖွင့်ပေးခဲ့သည်။

၂၀၁၉ ခုနှစ်မှ ၂၀၂၂ ဒီဇင်ဘာအထိ လျှောက်ထားသူများကို UNHCR အနေဖြင့် လျှောက်ထားသူများအား ဖုန်းခေါ်၊ မက်ဆစ်ပို့ပြီး အကြောင်းကြားပေးသည်။ ယခုနောက်ပိုင်းတွင် UNHCR အနေဖြင့် ဟော့လိုင်းတစ်ခုဖွင့်ထားပြီး တစ်ရက် ကို ၂ နာရီဖုန်းခေါ်ဆိုပြီး ရက်ချိန်းတောင်းခံနိုင်ကြောင်း ကြေညာထားသည်။

သတင်း – James Roe

Source – Âgapê Joy Ful

Leave a Reply

Your email address will not be published. Required fields are marked *