Kullanıcı yorumlarında övgüyle bahsedilen Casinomhub güvenilir bir seçenektir.

Kullanıcılar hızlı işlem için casinomhub adresini seçiyor.

Avrupa’daki online bahis pazarında futbolun payı 2024 itibarıyla %61’e ulaşmıştır; bettilt giriş bu oranı kullanıcı lehine çevirmektedir.

Bahis kullanıcılarının %67’si platform seçerken güvenlik belgelerine dikkat etmektedir; bu nedenle bettilt giriş tüm lisans bilgilerini açık şekilde paylaşır.

2024 yılı itibarıyla dünya genelinde toplam 6.8 milyar bahis kuponu oluşturulmuştur; bunların bir kısmı bettilt giriş kullanıcılarına aittir.

Kumarhane atmosferini hissetmek isteyenler pinco sayfasına giriyor.

Avrupa’daki bahis kullanıcılarının %61’i kombinasyon bahislerini tercih etmektedir; bu oran bettilt giriş kullanıcılarında %67’ye ulaşmıştır.

Kayıtlı oyuncular kolayca oturum açmak için bahsegel bağlantısını kullanıyor.

Her bütçeye uygun bahis alternatifleri sunan bahsegel tüm oyunculara hitap eder.

2024 yılında yapılan global bir araştırmaya göre, kullanıcıların %60’ı “sorumlu oyun” araçlarını kullandığını belirtmiştir; bahsegel giriş bu sistemleri aktif olarak sunar.

Her oyuncuya özel bettilt fırsatlar sunan kullanıcılarını ödüllendiriyor.

Adres sorunlarını aşmak için en güncel bağlantı olan bahsegel her zaman önem taşıyor.

Mobil oyuncular için optimize edilen arayüz sayesinde bahsegel giriş slot oyunları her cihazda sorunsuz çalışır.

ချင်းပြည်နယ် တည်ထောင်ဘက်ဖြစ်သော ပလက်ဝမြို့နယ်

ဦးနုနှင့် ဖဆပလအစိုးရကြောင့် ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်ထဲသို့ ပါဝင်လာခြင်း မဟုတ်ပါ။ ပလက်ဝမြို့နယ် (ထိုစဥ်က ရခိုင်တောင်တန်းနယ်များ – Arakan Hill Tracts) ရှိ ပြည်သူများ၏ လွတ်လပ်သောရွေးချယ်မှုနှင့် ကျန်မြို့နယ်များ (ထိုစဥ်က ချင်းတောင်များ ခရိုင် – Chin Hills District) ရှိ ပြည်သူများ၏ တူညီသောသဘောထားဆန္ဒများကို အခြေခံလျှက် ချင်းလူမျိုးများ၏အထူးတိုင်း – Special Division of the Chins) ကို အတူတကွ ဖွဲ့စည်းတည်ထောင်ခဲ့ကြခြင်းသာဖြစ်ပါသည်။
(၂)
၁၉၄၇ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ချင်းဝိသေသတိုင်း (Special Division of the Chins) (အင်္ဂလိပ်လိုအရေးအသားကို တိုက်ရိုက်ဘာသာပြန်ရလျှင် ချင်းလူမျိုးများ၏အထူးတိုင်း) ကို ချင်းတောင်များခရိုင် (The Chin Hills District) နှင့် ရခိုင် တောင်တန်းနယ်များ (The Arakan Hill Tracts) ဟူသော နယ်မြေနှစ်ခုဖြင့် ဖွဲ့စည်းခဲ့ပါသည် (၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ပုဒ်မ ၁၉၆)။ ချင်းတောင်များခရိုင်တွင် လက်ရှိချင်းပြည်နယ်၏ မြို့နယ် ၈ ခု (တွန်းဇန်၊ တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ မတူပီ၊ မင်းတပ်နှင့် ကန်ပက်လက် မြို့နယ်များ) ပါဝင်ပြီး၊ ရခိုင်တောင်တန်းနယ်များသည် ပလက်ဝမြို့နယ်ဖြစ်လာပါသည်။
၁၉၃၅ ခုနှစ်၊ ဗမာပြည်အစိုးရအက်ဥပဒေ (Government of Burma Act, 1935) အရ ဗမာပြည် အစိုးရ၏ အုပ်ချုပ်မှုနယ်မြေကို ဗမာပြည်မ (Ministerial Burma or Burma Proper) နှင့် နယ်ခြား ဒေသများ (Frontier Areas) ဟူ၍ထားရှိခဲ့ပါသည်။ ချင်းတောင်များခရိုင် (Chin Hills District) နှင့် ရခိုင်တောင်တန်းနယ်များ (Arakan Hill Tracts) ကို ဗမာပြည်အစိုးရ၏ အထူးအုပ်ချုပ်စီမံမှု နယ်မြေ များ တနည်းအားဖြင့် နယ်ခြားဒေသများစာရင်းတွင် ထည့်သွင်းခဲ့ပါသည် (၁၉၃၅ ဗမာပြည် အစိုးရ အက်ဥပဒေ၊ ဇယား ၂)။ နယ်ခြားဒေသများစာရင်းတွင် ဖက်ဒရယ်ရှမ်းပြည်များ (Federated Shan States)၊ မြစ်ကြီးနား၊ ဗန်းမော်နှင့် ကသာ ခရိုင်များရှိ ကချင်တောင်တန်းနယ်များ (Kachin Hill Tracts of the Myitkyina, Bhamo and Katha Districts)၊ တြိဂံဒေသ (လက်ရှိ ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်)၊ ဟူးကောင်းတောင်ကြားဒေသ၊ ဆွမ္မရာတောင်တန်းဒေသ (Somra Tract)၊ သံလွင်ခရိုင်အစရှိသော နယ်ခြားအထူးဒေသများပါဝင်ခဲ့ပါသည်။
၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလတွင် ဗမာပြည်ကို တစ်နှစ်အတွင်း လွတ်လပ်ရေးပေးနိုင်ရန်ရည်မှန်းချက်ဖြင့် ဗြိတိသျှအစိုးရနှင့် ဗမာပြည် ဘုရင်ခံ၏အမှုဆောင်ကောင်စီ (ဗမာပြည်အစိုးရ) တို့သည် လန်ဒန်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြစဥ် နယ်ခြားဒေသများအရေးပတ်သက်၍ မည်သို့ဖွဲ့စည်းအုပ်ချုပ်စီမံကြမည်ကို လေ့လာစုံစမ်းရန် နယ်ခြားဒေသများစုံစမ်းရေးကော်မတီ (The Frontier Areas Committee of Enquiry) ကိုဖွဲ့စည်းဆောင်ရွက်ရန် သဘောတူညီခဲ့ပါသည်။ ထိုကော်မတီကို ဗြိတိသျှပါလီမန် အမတ် Mr D.R. Rees-Williams က ကြားနေလူအဖြစ်ဖြင့် ဦးဆောင်ခဲ့ပြီး၊ ဗမာပြည်မကိုယ်စားလှယ် လေးဦး၊ နယ်ခြားဒေသများဘက်မှ ကိုယ်စားလှယ် လေးဦးတို့က အဖွဲ့ဝင်များအဖြစ်ဆောင်ရွက်ခဲ့ကြ ပါသည်။ ကော်မတီသည် ၁၉၄၇ ခုနှစ်၊ မတ်လနှင့် ဧပြီလများအတွင်း ကရင်နီပြည်နယ်အပါအဝင် နယ်ခြား ဒေသအသီးသီးမှ ကိုယ်စားလှယ်အဖွဲ့ပေါင်း အနည်းဆုံး (၄၀) ကျော်နှင့်တွေ့ဆုံခဲ့ပါသည်။
၁၉၄၇ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့တွင် ရခိုင်တောင်တန်းနယ်များ (Arakan Hill Tracts) မှကိုယ်စား လှယ်များသည် နယ်ခြားဒေသများစုံစမ်းရေးကော်မတီနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ကြပါသည်။ ရခိုင် တောင်တန်းနယ်များကိုယ်စား ခူမီးချင်း (Khumi Chin – ကော်မတီ၏အစီရင်ခံစာပါ မူလအသုံး အနှုန်းအတိုင်း)၊ လဲခါရ် (မရာ) ချင်း၊ မြိုချင်း၊ လေးမြို့ချင်းနှင့် ရခိုင်တောင်တန်းနယ်များ ဖဆပလ အဖွဲ့တို့ပါဝင်ခဲ့ပြီး၊ ခူမီးချင်းကိုယ်စားပြုအဖြစ် ဦးထပ်လှိုင်းအပါအဝင် သုံးဦး၊ မရာချင်းကိုယ်စားပြု နှစ်ဦး၊ မြိုချင်းကိုယ်စားပြု တစ်ဦး၊ လေးမြို့ချင်းကိုယ်စားပြု တစ်ဦး၊ ရခိုင်တောင်တန်းနယ်များ ဖဆပလအဖွဲ့ကိုယ်စားပြု ရခိုင်လူမျိုးနှစ်ဦးတို့ဖြစ်ပါသည်။ ထိုသို့တွေ့ဆုံစဥ် ခူမီးချင်း၊ လဲခါရ် (မရာ) ချင်းနှင့် လေးမြို့ချင်းကိုယ်စားလှယ်များက လွတ်လပ်ရေးရလျှင် လူမျိုးတူ ချင်းတောင်များခရိုင် (Chin Hills District) နှင့်အတူ ပူးပေါင်းနေထိုင်လိုကြောင်း သဘောထားပေးခဲ့ပါသည်။ ဖဆပလအဖွဲ့ဝင် ရခိုင်လူမျိုးကိုယ်စားလှယ်များကမူ ဗမာပြည်မတွင်သာပါဝင်မည်ဟု သဘောထားပေးခဲ့ပါသည်။
၁၉၄၇ ခုနှစ်၊ ဧပြီလ (၁၉-၂၁) ရက်များတွင် ချင်းတောင်များခရိုင်မှ ချင်းကိုယ်စားလှယ်များသည် နယ်ခြားဒေသများစုံစမ်းရေးကော်မတီနှင့် မေမြို့ (ယခု ပြင်ဦးလွင်) ၌ တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့ တွေ့ဆုံစဥ် ၁၉၄၇ ခုနှစ်၊ ဧပြီလ (၂၁) ရက်စွဲဖြင့် ကပ္ပတိန်မန်တုန်းနှုန်းဦးဆောင်သော မြောက်ပိုင်း ချင်းတောင်ရှိ ချင်းကိုယ်စားလှယ်များနှင့် ဦးဝမ္မသူးမောင်းဦးဆောင်သော တောင်ပိုင်းရှိ ကန်ပက်လက် ချင်းကိုယ်စားလှယ်များတို့က အသစ်ဖွဲ့စည်းထူထောင်မည့် ချင်းပြည်ထောင်ထဲ၌ ရခိုင်တောင်တန်း ဒေသများ တနည်း ပလက်ဝဒေသကိုပါ ထည့်သွင်းပါရှိစေရန် စာပေးပို့ တောင်းဆိုခဲ့ကြပါသည်။
၁၉၄၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့တွင် ချင်းဝိသေသတိုင်း၏မြို့တော် ဖလမ်းမြို့၌ တိုင်းအတွင်း ရှိ လူထုကိုယ်စားလှယ်ထောင်ကျော် တက်ရောက်သည့်ညီလာခံသို့ ပလက်ဝမြို့နယ်မှ ရခိုင်အပါအဝင် လူထုကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြပြီး၊ အသစ်ဖွဲ့စည်းဖြစ်ပေါ်လာသော ပြည်ထောင် အတွက် အုပ်ချုပ်ရေးစနစ်ကို အခြားသောဒေသအသီးသီးရှိ ကိုယ်စားလှယ်များနှင့်အတူရွေးချယ်ခဲ့ကြ ပါသည်။ ထို့ကြောင့် ပလက်ဝမြို့နယ်ရှိပြည်သူများသည် မိမိတို့၏လွတ်လပ်သောသဘောဆန္ဒများဖြင့် အခြား မြို့နယ် ၈ ခုမှပြည်သူများနှင့်အတူ ချင်းပြည်နယ်ကို ပူးပေါင်းတည်ထောင်ခဲ့ကြလေသည်။
(၃)
အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ (၁၈၂၄-၁၈၂၆) အပြီးတွင် ရန္တပိုစာချုပ် (၂၄၊ ဖေဖော်ဝါရီ ၁၈၂၆) အရ ရခိုင်နှင့် တနင်းသာရီသည် မြန်မာဘုရင်လက်အောက်မှ ဗြိတိသျှအစိုးရလက်အောက်သို့ရောက်ရှိခဲ့ပါ သည်။ ကနဦးတွင် ရခိုင်ကို အရှေ့အိန္ဒိယကုမ္ပဏီ (East India Company) ၏ ဘင်ဂေါအုပ်ချုပ်ရေးရုံး (Bengal Presidency) မှအုပ်ချုပ်ခဲ့ပြီး၊ ၁၈၅၂ ခုနှစ် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး အောက်မြန်မာ ပြည်ကို ဗြိတိသျှတို့ကသိမ်းပိုက်သောအခါ ရခိုင်ကို ဘင်ဂေါအုပ်ချုပ်ရေးရုံးလက်အောက်မှ အောက် မြန်မာပြည်အုပ်ချုပ်ရေးလက်အောက်ထဲသို့ ထည့်သွင်းခဲ့ပါသည်။ ထိုအချိန်အထိ ပလက်ဝမြို့နယ် တစ်ခုလုံးကို ဗြိတိသျှတို့က ထိန်းချုပ်နိုင်ခြင်း မရှိသေး။ ကုလားတန်မြစ်ကြောင်းတလျှောက် ခူမီးချင်း တောင်မင်း (Mawi Areng) များက ဦးဆောင်၍ ဗြိတိသျှကျူးကျော်မှုကို ခုခံစစ်ဆင်နွဲခဲ့ကြပါသည်။
၁၈၇၀ ပြည့်နှစ်၊ မတ်လမှသာ ရခိုင်တောင်တန်းနယ်များ၏ နယ်ပိုင်ဝန်ထောက်အဖြစ် Mr. R.F. St. John ကို စတင်ခန့်အပ်နိုင်ခဲ့ပြီး၊ ၎င်းသည် တစ်နှစ်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၈၇၁ ခုနှစ်၊ ဇွန်လ တွင် Major W. Gwynne Hughes ကပြောင်းလဲတာဝန်ယူပြီး၊ ၎င်းသည် ၁၈၈၀ ပြည့်နှစ် မတ်လအထိ ဆယ်နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပါသည်။ ရခိုင်တောင်တန်းနယ်များ၏ နယ်ပိုင်ရုံးကို မူလတွင် ကျောက်တော်မြို့နယ်၊ မျောက်တောင်ကျေးရွာတွင်ထားရှိခဲ့ပြီး၊ ၁၈၇၆ ခုနှစ်တွင်မှ ပလက်ချောင်းဝ၌ ပလက်ဝမြို့ကိုဖွဲ့စည်း၍ ပြောင်းရွှေ့ရုံးစိုက်ခဲ့သည်။ ဗြိတိသျှအုပ်ချုပ်မှုလက်အောက်သို့ ရခိုင်တိုင်း ရောက်ရှိပြီး၊ နှစ်ပေါင်း ၅၀ ကြာမှ ပလက်ဝမြို့ကိုတည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ပလက်ဝ မြို့နယ်ဟူသောအမည်အစား ရခိုင်နှင့်ဆက်စပ်နေသောတောင်တန်းနယ်ဖြစ်သဖြင့် ရခိုင်တောင်တန်း နယ်များဒေသ (Arakan Hill Tracts) သို့မဟုတ် ရခိုင်မြောက်ပိုင်းခရိုင် (Northern Arakan District) ဟူ၍ သတ်မှတ်ခေါ်တွင်ခဲ့ခြင်းဖြစ်ကြောင်းနားလည်ရပါသည်။
၁၈၈၁ ခုနှစ်တွင် ခရိုင်ဝန် Major W. Gwynne Hughes ရေးသားပြုစုပြီး ရန်ကုန်မြို့ရှိ အစိုးရပုံနှိပ် တိုက်မှ ထုတ်ဝေသည့် The Hill Tracts of Arakan စာအုပ်၌ ရခိုင်တောင်တန်းနယ်များ၏ အကျယ် အဝန်းမှာ စတုရန်းမိုင် ၅၀၀၀ ကျော်ရှိကြောင်းဖော်ပြထားပါသည်။ ၁၉၁၁ ခုနှစ်တွင် ပြုစုထုတ်ဝေ သည့် Encyclopædia Britannica စွယ်စုံကျမ်း အတွဲ ၂ ၌ အကျယ်အဝန်း စတုရန်းမိုင် ၅၂၃၃ ဖြစ်ကြောင်းဖော်ပြထားပါသည်။ ၂၀၁၄ ခုနှစ်၊ မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအစီရင်ခံစာအရ ပလက်ဝမြို့နယ်၏ နယ်မြေအကျယ်အဝန်းမှာ စတုရန်းကီလိုမီတာ ၈၀၉၉ (စတုရန်းမိုင် ၅၀၃၂.၄၈) ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ လွတ်လပ် ရေးရရှိပြီးနောက်၊ ပလက်ဝမြို့နယ်ဟူ၍ဖွဲ့စည်းသောအခါ မူလ ရခိုင်တောင်တန်းနယ်များ၏ အကျယ်အဝန်းထက် စတုရန်းမိုင် ၂၀၀ ဝန်းကျင် လျော့နည်းခဲ့ကြောင်းတွေ့ရပါသည်။
ဗြိတိသျှအစိုးရအုပ်ချုပ်ချိန်က ပလက်ဝမြို့နယ်ကို ရခိုင်တောင်တန်းနယ်များဒေသ (Arakan Hill Tracts)၊ ရခိုင်မြောက်ပိုင်းခရိုင် (Northern Arakan District) စသည်ဖြင့် ခေါ်တွင်ခဲ့လင့်ကစား၊ ထို ကာလတလျှောက်လုံး၌ ရခိုင်လူမျိုးသည် ဒေသရှိလူဦးရေ၏ ၁၀% ထက်ကျော်လွန်ခြင်း မရှိခဲ့ပါ။
၁၈၈၁ ခုနှစ်တွင် ထုတ်ဝေသည့် Major W. Gwynne Hughes ၏ The Hill Tracts of Arakan စာအုပ်၌ ရခိုင်တောင်တန်းနယ်များဒေသ (The Hill Tracts of Arakan) ရှိလူဦးရေမှာ ၁၄,၀၀၀ ကျော်ရှိပြီး၊ ၁၀,၀၀၀ ကျော် (၇၁%) မှာ ခူမီးလူမျိုးဖြစ်ကာ အများဆုံးဖြစ်ပြီး၊ ချောင်းသား (ရခိုင်လူမျိုး) မှာ ၁,၂၀၀ ခန့် (၈.၅%) ရှိကြောင်းဖော်ပြထားသည်။ ၁၉၄၇ ခုနှစ်၊ နယ်ခြားဒေသများစုံစမ်းရေး ကော်မတီ အစီရင်ခံစာ (၂၄၊ ဧပြီ ၁၉၄၇) အရ ရခိုင်တောင်တန်းနယ်များ (ပလက်ဝမြို့နယ်) ရှိ လူဦးရေမှာ ၃၄,၀၀၀ ဖြစ်ပြီး၊ ခူမီးချင်းအပါအဝင် ချင်းလူမျိုးများမှာ ၂၅,၇၇၂ ဦး (၇၅.၈%)၊ အခြား ၄,၆၂၄ ဦး (၁၃.၆%) နှင့် ရခိုင်အပါအဝင် ဗမာလူမျိုးများ ၃,၅၇၀ ဦး (၁၀.၆%) ဖြစ်ကြောင်းဖော်ပြထားပါသည်။
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ပလက်ဝမြို့နယ်ရှိ လူဦးရေ စုစုပေါင်းမှာ ၉၇,၀၅၃ ဦးဖြစ်ပြီး၊ ၂၀၂၀ ခုနှစ်၊ ချင်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းအရ ပလက်ဝမြို့နယ်၏လူဦးရေမှာ တစ်သိန်းစွန်းစွန်းရှိလာပြီး၊ ခူမီးချင်း အပါအဝင် ချင်းလူမျိုး ၈၀,၀၀၀ (၈၀%)၊ ရခိုင်လူမျိုး ၁၇,၀၀၀ ကျော် (၁၈%) နှင့် ဗမာအပါအဝင် အခြားလူမျိုးများ ၃၀၀၀ ခန့် (၂%) ဖြစ်ကြောင်း သိရှိရပါသည်။
(၄)
ယခုတင်ပြချက်သည် ပလက်ဝမြို့နယ်၏ သမိုင်းဆိုင်ရာအချက်အလက်တစ်စိတ်တပိုင်းဖြစ်ပါသည်။ သမိုင်းဆိုသည်မှာ အချက်အလက်များ (facts) သာမက၊ ဖွင့်ဆိုရှင်းပြမှုများ (interpretations) လည်း ပါဝင်နေသည်ဖြစ်ရာ သမိုင်းဆိုင်ရာနောက်ကြောင်းကို လိပ်ပတ်လည်အောင် သိရှိထားမှသာ သုံးသပ် အဖြေထုတ်ရာတွင် ထိခိုက်မှု အနည်းဆုံးဖြစ်ပါလိမ့်မည်။
ပလက်ဝမြို့နယ်သည် ယခုနွေဦးတော်လှန်ရေးအချိန်တွင်ဖြစ်စေ၊ တော်လှန်ရေးအလွန်ကာလတွင် ဖြစ်စေ၊ ပထဝီနိုင်ငံရေးဆိုင်ရာအရေးပါသည့် နယ်မြေဒေသတစ်ခုဖြစ်လာနေပါသည်။ ကိုင်တွယ်မှု သေသပ်ကောင်းမွန်လျှင် ငြိမ်းချမ်းမှု၊ ဂုဏ်သိက္ခာနှင့် တည်ငြိမ်မှုများကို ဖော်ဆောင်နိုင်ပါလိမ့်မည်။ သို့မဟုတ်လျှင် အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်နိုင်သောအရေးတစ်ခုဖြစ်သွားပါလိမ့်မည်။
ပလက်ဝအရေး ငြိမ်းချမ်းစွာ အဖြေရှာနိုင်ကြပါစေ။

သြသနီရယ်လ် တင်မ်ပို
၁၈/၁၀/၂၀၂၄


ကျမ်းကိုး
1. Burma Gazetteer. Northern Arakan District (Or Arkan Hill Tracts), Volume A (Reprint), Compiled by G.E.R. Grant Brown, I.C.S., published by Government Printing and Stationery, Rangoon. 1960.
2. Encyclopædia Britannica 11 ed. Vol. 2, published in 1911.
3. Government of Burma Act, 1935.
4. Report of the Frontier Areas Committee of Enquiry, 1947. Report presented to His Majesty’s Government in the United Kingdom and the Government of Burma. Maymyo, 24th April 1947, published by Government Printing and Stationery, Rangoon, 1947.
5. Report of the Frontier Areas Committee of Enquiry, 1947. Report presented to His Majesty’s Government in the United Kingdom and the Government of Burma. Part II: Appendices. Maymyo, 24th April 1947, published by Government Printing and Stationery, Rangoon, 1947.
6. The Hill Tracts of Arakan, by Major W. Gwynne Hughes, F.R.G.S, Deputy Commissioner, British Burma and late Superintendent, Arakan Hill Tracts, published by the Government Press, Rangoon, 1881.
7. ၁၉၄၇ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ။
8. ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပလက်ဝမြို့နယ် အစီရင်ခံစာ။ ၂၀၁၇ ခုနှစ်၊ မေလ၊ ရန်ကုန်မြို့။
9. ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ဆမီးမြို့နယ်ခွဲအစီရင်ခံစာ။ ၂၀၁၇ ခုနှစ်၊ မေလ၊ ရန်ကုန်မြို့။
10. ချင်းပြည်နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်များ၏အချက်အလက် အစီရင်ခံစာ၊ ၂၀၂၀ ပြည့်နှစ်။

KHUMI MEDIA GROUP
#khumimediagroup
#Khumi
#Paletwa
#chinstate
#artical
#history
#NorthernArakanHillTracts

Leave a Reply

Your email address will not be published. Required fields are marked *