ပလက်ဝ CDF ကျပ်သိန်း ၃၀၀၀ ရန်ပုံငွေကမ်ပိန်းပြုလုပ်နေ

ပလက်ဝ CDF ကျပ်သိန်း ၃၀၀၀ ရန်ပုံငွေကမ်ပိန်းပြုလုပ်နေ

နိုဝင်ဘာလ ၆၊ ၂၀၂၄။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ချင်းမြေကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ)နှင့် ပလက်ဝဒေသန္တရအစိုးရ၊ ပလက်ဝ ကောင်စီ(PC)၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ကျပ်သိန်း ၃၀၀၀ ရန်ပုံငွေ ရှာဖွေနိုင်ရေးကို “အရှိန်အဟုန်မြှင့်တင် ကီမိုမြေတခွင်” အမည်ဖြင့် ကမ်ပိန်းကို နိုဝင်ဘာလ ၅ ရက်နေ့က စတင်ပြုလုပ်နေကြောင်း သိရသည်။
ကမ်ပိန်းကာလမှာ ယခုနှစ် နိုဝင်ဘာလ ၅ ရက်မှ ၂၀၂၅ ဇန်နဝါရီလ ၅ ရက်အထိ ၃ လတာကြာမြင့်မည်ဖြစ်ပြီး ကြားကာလခူမီး(ချင်း)မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC)နှင့် ပလက်ဝကောင်စီ(PC)တို့ ဦးဆောင်ပြုလုပ်ခြင်း ဖြစ်ကြောင်းသိရသည်။ အဆိုပါ ကမ်ပိန်းမှ ရရှိသည့်ဘဏ္ဍာငွေများကို ဒေသန္တရအစိုးရ ပလက်ဝကောင်စီ၏ ဌာနများဖြစ်သော ကာကွယ်ရေး၊ ရဲတပ်ဖွဲ့၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသတွင်းစစ်ဘေး ရှောင်များအတွက် လူသားစာနာမှုအကူအညီပေးအပ်သည့် လုပ်ငန်းစဉ်များတွင် သုံးစွဲသွားမည်ဖြစ်ကြောင်း ကမ် ပိန်းတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
ကာကွယ်ရေးဌာနဖြစ်သည့် CDF – ပလက်ဝ အနေဖြင့် ယခင်က ပရောဂျတ်ကီမိုအမည်ဖြင့် နှစ်ကြိမ်ပြုလုပ်ခဲ့ဖူး ပြီး ယခုအကြိမ်မှာ တတိယအကြိမ်ဖြစ်ကြောင်းသိရပြီး ကဏ္ဍပေါင်းစုံတွင် ဘဏ္ဍာရေးလိုအပ်ချက် များစွာရှိနေ သည့်အတွက် နောင်တွင်လည်း ဆက်လက်ပြုလုပ်သွားရန် စီစဉ်ထားရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *