ချင်းတီဗွီအင်တာနေရှင်းနယ်မှ ချီးမြှင့်သည့်ဂီတဆု ဆလိုင်းခင်မောင်သန့်ရရှိ
နိုဝင်ဘာ ၁၁ ၊ ၂၀၂၄။
၂၀၂၄ ခုနစ် နိုဝင်ဘာလ ၈ ရက်နေ့၊ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယန်နာပြည်နယ်၊ အင်ဒီယန်နာပိုးလစ်မြို့တွင် ကျင်းပသော (၁၁)ကြိမ်မြောက် ချင်းတီဗွီအင်တာနေရှင်နယ် ဆုပေးပွဲအခမ်းအနားတွင် ဆလိုင်းခင်မောင်သန့်အား CHIN TV LIFETIME ACHIEVEMENT AWARD ဆုကို ချီးမြှင့်လိုက်ကြောင်း ချင်းတီဗွီသတင်းဖော်ပြချက်အရ သိရှိရသည်။
အဆိုပါဆုမှာ ချင်းလူမျိုးထဲမှ လေးစားဂုဏ်ပြုထိုက်၊ စံပြုထိုက်သော ဂီတသမားများကို ချီးမြှင့်သည့် အဆင့်အမြင့်ဆုံးဆုဖြစ်ပြီး တစ်သက်တာဂီတဆုဖြစ်ကြောင်းသိရသည်။
ဆလိုင်းခင်မောင်သန့်သည် ၁၉၈၂ ခုနှစ်မှ စတင်ကာ အပျော်တမ်းတီးခတ်ရာမှ ဂီတလောကထဲရောက်ရှိလာခဲ့သူဖြစ်ပြီး ယခုအချိန်တွင် နိုင်ငံကျော် IRON CROSS BAND တွင် ဘေ့စ်ဂီတာတီးခတ်သူဖြစ်လာသည်။ အရှိုချင်းမိဘနှစ်ပါးမှ ၁၉၆၃ခုနှစ်တွင် မွေးဖွားလာသူ ဆလိုင်ခင်မောင်သန့်တွင် ဇနီးဖြစ်သူ ဒေါ်ချစ်စနိုးနှင့် သမီးသုံးဦးထွန်းကားကြောင်းသိရသည်။
#chin tv international
#Photo Chin TV