နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသအတွင်း အရပ်သားပြည်သူများအပေါ် ရိုက်ခတ်မှု အခြေအနေ
နိုဝင်ဘာလ ၁၂ ၊ ၂၀၂၄။
ဖက်ဒရယ်ဂျာနယ်၊ သုတေသနအဖွဲ့၏ ယနေ့(အောက်တိုဘာ ၁၁ ရက်နေ့) ထုတ်ပြန်ချက်အရ နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသ(ပြည်နယ်များ)တွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှ အောက်တိုဘာလအတွင်း အရပ်သား ထိခိုက် သေဆုံးမှု ၉၉၀ ဦးရှိကြောင်း သိရှိရပြီး အဆိုပါ ထိခိုက်သေဆုံးမှုထဲတွင် ရှမ်းပြည်(၅၄၄ ဦး)နှင့် ရခိုင်ပြည် (၃၀၆ ဦး)က ပထမနှင့် ဒုတိယအများဆုံးဖြစ်သည်။ ထိခိုက်သေဆုံးမှုအနည်းဆုံးမှာ ချင်းပြည်(၈ဦး)နှင့် ကရင်နီ ပြည် (၆ ဦး) ဖြစ်သည်။
ထိုကာလအတွင်း အိုးအိမ်ပျက်စီးမှု ၁၉၂၅ လုံးကျော် ရှိရာတွင် ၆၇၃ လုံးပျက်စီးခဲ့သည့် ကချင်ပြည်က အများဆုံး ဖြစ်ခဲ့ပြီး ချင်းပြည်တွင် ၉၄ လုံး ပျက်စီးခဲ့ကြောင်း အဆိုပါ သုတေသန အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဖက်ဒရယ်ဂျာနယ်သုတေသနအဖွဲ့က နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသအတွင်း ထိခိုက်ပျက်စီးမှု များကို အခါအားလျော်စွာ မှတ်တမ်းပြုစု အစီရင်ခံထုတ်ပြန်ခြင်းဖြစ်ပြီး လက်လှမ်းမီသလောက် မှတ်တမ်းတင် ထားခြင်းသာဖြစ်ပြီး မြေပြင်တွင် ထိုအရေအတွက်ထက် ပိုများနိုင်ကြောင်း ဆိုပါသည်။ ပြီးခဲ့သည့် သုံးလ(မေ၊ ဇွန်၊ ဇူလိုင်)အတွင်း အရပ်သားသေဆုံးမှု ၄၇၄ ဦး၊ နေအိမ်ပျက်စီးမှု ၈၈၇ အိမ် ရှိကြောင်း ထုတ်ပြန်ခဲ့သည်။