ဟားခါးတိုက်ပွဲ ၄ လအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးကြောင်း CDF-Hakha ထုတ်ပြန်

ဟားခါးတိုက်ပွဲ ၄ လအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးကြောင်း CDF-Hakha ထုတ်ပြန်
နိုဝင်ဘာ ၁၃၊ ၂၀၂၄။
ချင်းပြည်ဟားခါးမြို့နယ်အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲကာလ ၄ လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံးခဲ့ပြီး စစ်ရဟတ်ယာဉ်တစ်စင်းကိုလည်း ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း CDF-Hakha ၏ အောက်တိုဘာလ ၁၀ ရက်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တိုက်ပွဲကာလ ၄ လ(၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့မှ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ) အတွင်း အကြမ်းဖက်စစ် ကောင်စီတပ်သား ၅၃ ဦးသေဆုံး၊ ၁၄ ဦး ဒဏ်ရာရ၊ ၆ ဦးကိုအရှင်ဖမ်းမိပြီး ရဲတပ်ဖွဲ့ဝင် ၁၃ ဦးနှင့် စစ်ကောင် စီတပ်သား ၄ ဦး၊ စုစုပေါင်း ၁၇ ဦး CDF-Hakha ထံ လက်နက်ချအလင်းဝင်ခဲ့သည်ဟု ဖော်ပြပါရှိသည်။
အဆိုပါ တိုက်ပွဲကာလအတွင်း သေနတ် ၄၃ လက် သိမ်းဆည်းရရှိခဲ့သည့်အပြင် CDM ပြုလုပ်ခဲ့သည့် စစ်ကောင် စီတပ်သားများထံမှ သေနတ် ၉ လက်အပါအဝင် လက်နက်ပေါင်းစုံ ၅၂ လက် ရရှိခဲ့ကြောင်း သိရှိရသည်။
CDF-Hakha သည် နွေဦးတော်လှန်ရေးကာလအတွင်း ပေါ်ပေါက်လာသည့် အင်အားကြီး ချင်းလက်နက်ကိုင်အဖွဲ့ အစည်းထဲမှ တစ်ခုဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *