မိုးမောက်မြို့နယ်တွင် စစ်ဘေးရှောင်များ နေထိုင်သော ခရစ်ယာန် ဘုရားကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေး ၇ ဦး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံး
နိုဝင်ဘာ ၁၅၊ ၂၀၂၄။
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ခရစ်ယာန် ဘုရားကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၇ ဦး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးပြီ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်ခေတ်သစ် မီဒီယာ၏ ကနဦးသတင်းအရ သိရသည်။
ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မိုးမောက်မြို့နယ်၊ ကုန်းလောရွာရှိ စစ်ဘေးရှောင် ပြည်သူ များ နေထိုင်သော ခရစ်ယာန်ဘုရားကျောင်းကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်များ အပါအဝင် ပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွားခဲ့ ကြောင်း KIA သတင်းရင်းမြစ်ကလည်း အတည်ပြုပြီး ဒဏ်ရာရရှိသူများတွင် အသက်အန္တရာယ် စိုးရိမ်ရသည့် လူနာများပါဝင်ကြောင်းနှင့် သေဆုံးသူ အရေအတွက် တိုးလာနိုင်ကြောင်း ပြောဆိုသည်။