တောင်ကိုးရီးယား ဂျေဂျူးလေယာဉ်ပျက်ကျမှု ၁၇၃ ဦး သေဆုံး
ဒီဇင်ဘာ ၂၉၊ ၂၀၂၄။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မှ တောင်ကိုရီးရားနိုင်ငံ၊ မွမ်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းလာသော တောင်ကိုး ရီးယား ဂျေဂျူး (Jeju) လေကြောင်းလိုင်း၏ ခရီးသည်တင်လေယာဉ်တစ်စီး၊ ယနေ့နံနက် ၉ နာရီခန့်တွင် လေယာဉ် ပြေးလမ်း ခြံစည်းရိုးနှင့်တိုက်မိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ၁၇၃ ဦး သေဆုံးခဲ့ကြောင်း နောက်ဆုံးရသတင်းများတွင် ဖော်ပြထားသည်။
ယင်းလေယာဉ်ပေါ်တွင် ခရီးသည် ၁၇၅ ဦးနှင့် လေယာဉ်အမှုထမ်း ၆ ဦး စီးနင်းလိုက်ပါလာပြီး ခရီးသည် ၁၇၃ ဦးမှာ ကိုရီးယားနိုင်ငံသားများဖြစ်ကာ၂ ဦးမှာ ထိုင်းနိုင်ငံသားဖြစ်ကြောင်း သိရသည်။
ယွန်းဟပ်သတင်းဌာန၏ ထုတ်ပြန်ချက်အရ မွန်းလေဆိပ်သို့ လေယာဉ်ဆင်း သက်စဉ် ငှက်များနှင့်တိုက်မိမှုအပြင် ဘီးများချို့ယွင်းခဲ့ပြီး ချမရဘဲ လေယာဉ်သည်လမ်းကြောင်းလွဲပြီး လေယာဉ်ကွင်းပြေးလမ်း ခြံစည်းရိုးအားတိုက်မိခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် တောင်ကိုရီးယား ယာယီသမ္မတ ချွိဆန်းမော့က်က အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဒဏ်ရာရရှိသူများအား ကွမ်ဂျူမြို့ရှိ ဆေးရုံကြီးများသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။
ဂျေဂျူးလေကြောင်းလိုင်းသည်၂၀၀၅ ခုနှစ်မှစ၍ လေကြောင်းလိုင်းလုပ်ငန်း လုပ်ကိုင်ခဲ့ရာ ယခုဖြစ်ရပ်သည် ပထမဆုံး အသက်ဆုံးရှုံးမှုဖြစ်စဉ်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-theguardian