ချင်းစစ်ဘေးရှောင် အထက်တန်းကျောင်းသူတစ်ဦး မီဇိုရမ်ပြည်နယ်အဆင့် သင်္ချာထူးချွန် ၅ ဦးစာရင်းဝင်

ချင်းစစ်ဘေးရှောင် အထက်တန်းကျောင်းသူတစ်ဦး မီဇိုရမ်ပြည်နယ်အဆင့် သင်္ချာထူးချွန် ၅ ဦးစာရင်းဝင်
ဒီဇင်ဘာ ၂၈၊ ၂၀၂၄။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အဆင့် သင်္ချာပြိုင်ပွဲတွင် ချင်းပြည်နယ်၊ ဟားခါးမြို့ဇာတိ အထက်တန်းကျောင်းသူ Mai- Hanah Tha Tin Bor က ပြိုင်ပွဲဝင်ဦးရေ ၁၀၀၀ ကျော်တွင် အဆင့် ၅ နေရာ ရရှိခဲ့ကြောင်း သိရသည်။
Mai- Hanah Tha Tin Bor (၁၆ နှစ်) သည် ဖခင် Pu Lai Biak Lian နှင့် မိခင် Dr. Bawi Cin Tial တို့၏ သမီးတစ်ဦးဖြစ်ပြီး ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် မိဘများနှင့်အတူ စစ်ဘေးရှောင်လာရင်း မီဇိုရမ်၊ လောင်တလိုင်မြို့ NES ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ၁၀ တန်းတက်ရောက်နေသူ ဖြစ်သည်။
ယခုပြိုင်ပွဲကို မီဇိုရမ်သင်္ချာအဖွဲ့အစည်းနှင့် မီဇိုရမ်သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီ (Mizoram Society (MMS) and Mizoram Science, Technology & Innovation Council (MISTIC) ) က ၁၆ ကြိမ်မြောက်အဖြစ် ယခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆုပေးပွဲကို ဒီဇင်ဘာလ ၂၂ ရက်နေ့ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *