ရခိုင်ပြည်ရှိ တရုတ်စီမံကိန်း ၁၀ ခုကို AA ထိန်းချုပ်

ရခိုင်ပြည်ရှိ တရုတ်စီမံကိန်း ၁၀ ခုကို AA ထိန်းချုပ်
ဒီဇင်ဘာ ၂၈၊ ၂၀၂၄။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်အထိ ရခိုင်ပြည်အတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း စုစုပေါင်း ၁၁ ခုထဲမှ ၁၀ ခုကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပြီဖြစ်ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ထုတ်ပြန်သည်။
AA ထိန်းချုပ်ထားသည့် တရုတ်စီမံကိန်းများတွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ကျောက်ဖြူ-အမ်း ရထားလမ်း၊ မန္တလေး-ကျောက်ဖြူ ရထားလမ်း၊ အမ်းလေအားလျှပ်စစ်စီမံကိန်း၊ မန္တလေး-ကျောက်ဖြူ ကားလမ်း၊ ရေနံပိုက်လိုင်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူ သဘာဝ ဓာတ်ငွေ့သုံးစွမ်းအင်စီမံကိန်း၊ ကျောက်ဖြူ-နေပြည်တော် ကားလမ်းနှင့် သံတွဲလေအားလျှပ်စစ်စီမံကိန်း…စသည့် အရေးပါသည့် စီမံကိန်းများ ပါဝင်သည်။
ISP-Myanmar ၏ ဒီဇင်ဘာ ၂၄ ရက်ထိ အချက်အလက်များအရ ရှမ်းပြည် နယ် မြောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများရှိ တရုတ်စီမံကိန်း ၂၃ ခုထဲမှ ၁၃ ခုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDFs) များက အပြည့်အဝ ထိန်းချုပ်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *