ချင်းပြည်တွင် တာဝန်ထမ်းဆောင်ရန် NUG အစိုးရမှ ကျန်းမာရေးဝန်ထမ်း အလုပ်ခေါ်ယူ

ချင်းပြည်တွင် တာဝန်ထမ်းဆောင်ရန် NUG အစိုးရမှ ကျန်းမာရေးဝန်ထမ်း အလုပ်ခေါ်ယူ

ဇန်နဝါရီလ ၉ ရက်၊ ၂၀၂၅။

ချင်းပြည်အစိုးရ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ ဆေးရုံ၊ ဆေးခန်းများတွင် တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးဝန်ထမ်း ၁၆ နေရာကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာနမှ အလုပ်ခေါ်ကြော်ညာ ဇန်နဝါရီလ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။

ချင်းပြည်အစိုးရ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၏ ဆေးရုံ၊ ဆေးခန်းများတွင် တာဝန်ထမ်းဆောင်ရန်အတွက် အထူးကုဆရာဝန်၊ သွားနှင့်ခံတွင်း အထူးကုဆရာဝန်နှင့် သွားခံတွင်းဆရာဝန်များ၊ ဆေးနှင့်ဆေးဝါးဆိုင်ရာ ဘွဲ့လွန် သင်တန်းသားများ၊ အထူးပြုသူနာပြုများ၊ သူနာပြုများ၊ ဘဏ္ဍာရေးနှင့် စီမံရေးအရာရှိ၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များမှ ဒီပလိုမာဘွဲ့ရရှိသူများ၊ ဆေးဝါးတက္ကသိုလ်များမှ ဘွဲ့ရရှိထားသူများ၊ ဆေးနှင့်ဆေးဝါးဆိုင်ရာ ဒီပလိုမာဘွဲ့ရသူများ၊ ကျန်းမာရေးမှူးများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ(LHV)၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် – ၁၊ သားဖွားဆရာမများ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် – ၂၊ ဌာနခွဲစာရေး(BC)၊ အကြီးတန်းစာရေး (UD)၊ အငယ်တန်းစာရေး (LD) … စသည့် ၁၆ နေရာအတွက် အလုပ်လျှောက်လွှာတင်သွင်းရန် ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။

လျှောက်ထားသူများအနေဖြင့် မြန်မာနိုင်ငံဖွား ကျန်းမာရေးကောင်းမွန်သူ၊ ဝန်ထမ်းဖြစ်ပါက CDM လုပ် ထားသူ၊ စစ်ကောင်စီနှင့်ပက်သက်မှုမရှိသူ၊ ကျန်းမာရေးဝန်ကြီးဌာန (NUG)နှင့် ချင်းပြည် အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ချသည့်နေရာဒေသသို့ သွားရောက်တာဝန် ထမ်းဆောင်နိုင်သူဖြစ်ပြီး အတည်ပြုရွေးချယ်ခံရပါက လိုအပ်သည့်သင်တန်းများကို သတ်မှတ်အစီအစဉ်အတိုင်း တက်ရောက်ရမည်ဖြစ်သည်။

လျှောက်လွှာကို ဇန်ဝါရီလ ၃၁ ရက်၊ နောက်ဆုံးထားပြီး နံနက် ၁၀ နာရီမှ ည ၈ နာရီအထိ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဌာန၏ Telegram Account – https://t.me/HR_MOHNUG သို့မဟုတ် Telegram Username – @HR_MOHNUG တွင် လျှောက်လွှာပုံစံ ထုတ်ယူလျှောက်ထားနိုင်ကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *